နိုဝင်ဘာ၂၂ မှာ Mobile Platform ကိုရောက်ရှိလာမယ့် Animal Crossing: Pocket Camp

မိတ်ဆွေအတွက် ဆော့ရမဲ့ဂိမ်းတစ်ခုထပ်တိုးလာတာကြောင့် သတင်းကောင်းလေးတစ်ခုဖြစ်မှာပါ။ ထွက်ရှိဖို့အချိန် ၁ ရက်သာလိုပါတော့တဲ့ ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။


အကယ်၍ မိတ်ဆွေက အခုကျွန်တော်တို့ နေထိုင်နေကြတဲ့ Real World မှာ နေထိုင်ရတာပျင်းလာပြီ ဆိုရင် ဒီဂိမ်းလေးကိုဆော့သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဂိမ်းမှာ မတူညီတဲ့နေရာများစွာကို သွားလာနိုင်တဲ့ Virtual World ကြီးတစ်ခုရှိနေတဲ့အပြင် Positive ဘက်ရောက်နေတဲ့ဂိမ်းတစ်ခုဖြစ်နေတာကြောင့်ပါ။ ဘာလို့ Positive ရောက်လဲဆိုတော့ တခြား Action ဂိမ်းတွေလို Virtual World တစ်ခုကြီးထဲမှာလျှောက်သွားနေပြီး သတ်ဖြတ်နေရမှာမဟုတ်ပဲ၊ မတူညီတဲ့နေရာတွေသွားပြီး မိတ်ဆွေလိုက်ဖွဲ့ နေရမှာမလို့ပါ။ မိတ်ဖွဲ့ရမဲ့ Character တွေကလည်းချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေနဲ့ဖြစ်တာကြောင့် တိရစ္ဆာန်ချစ်တဲ့ Player တွေအတွက်လည်းဆော့လို့ကောင်းမှာပါ။ ဒီဂိမ်းမှာ မိတ်ဆွေက ငယ်ငယ်ရွယ်ရွယ်ကောင်မလေး တစ်ယောက်နေရာကဆော့ကစားရမှာဖြစ်ပြီး Camp တစ်ခုရှိနေမှာပါ။

အဲ့ဒီကောင်မလေးနေရာကနေ မိတ်ဆွေက Resources တွေလိုက်ပြီးစုဆောင်းရမှာဖြစ်ပါတယ်။ ရလာတဲ့ Resources တွေနဲ့ မိမိအိမ်ကို အလှဆင်ရမှာဖြစ်ပါတယ်။ အိမ်တစ်ခုတင်မကပဲ အခြားအလှဆင်နိုင်တဲ့ပစ္စည်းတွေကိုလည်းတွေ့ရမှာပါ။ ဒီဂိမ်းမှာ မိတ်ဆွေရဲ့တာဝန်က မိမိ မိတ်ဆွေဖွဲ့ပြီးတဲ့ တိရစ္ဆာန်တွေ၊ အလှဆင်ထားတဲ့အရာတွေ ကိုအသုံးချပြီး မိမိရဲ့ Camp ကိုလာလည်သူတွေများပြားလာအောင်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေကို Add ပြီးလည်းမတူညီတဲ့ ပုံစံမျိုးနဲ့ကစားနိုင်ပါသေးတယ်။

ဂိမ်းထွက်ရှိလာမဲ့ အချိန်မှာ In-system အသေးစိတ်ကို Review ရေးပေးဖို့အစီအစဉ်ရှိတာကြောင့် Playon ကိုဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

 

 

Source : DroidGamers 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password