Mobile Market ထဲသို့ Nintendo ရဲ့ တတိယမြောက်ခြေလှမ်း – ‘Animal Crossing’

အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ထားရာကနေ ပျောက်ခြင်းမလှပျောက်နေတဲ့ ‘Animal Crossing’ Mobile ဂိမ်းသတင်းဟာ မနေ့ကထုတ်ပြန်ခဲ့တဲ့ Nintendo ရဲ့ကြေညာချက်နဲ့အတူ တစ်ဖန်ခေါင်းထောင်လာပါတယ်။ Nintendo ဟာ အောက်တိုဘာ ၂၅ ရက်နေ့ ဂျပန်စံတော်ချိန် နေ့လည် ၁၂ နာရီ (မြန်မာစံတော်ချိန် မနက် ၉:၃၀) မှာ Nintendo Direct အစီအစဉ်ကနေတစ်ဆင့် ‘Animal Crossing’ Mobile ဂိမ်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ကြေညာပေးမယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ အဲဒီတော့ ဒီဂိမ်းကို Mobile Platform ပေါ် ဘယ်အချိန်ရောက်လာမလည်းဆိုပြီး လည်တစ်ဆန့်ဆန့်နဲ့စောင့်မျှော်နေတဲ့ Animal Crossing ပရိသတ်တွေရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ နီးစပ်လာပြီလို့ဆိုရမှာပါ။

အဲဒါကြောင့် Animal Crossing ဟာဆိုရင် Super Mario Run နဲ့ Fire Emblem Heroes တွေပြီးတဲ့နောက် Nintendo ရဲ့ Mobile Platform ပေါ်က တတိယမြောက်ဂိမ်း ဖြစ်လာတော့မှာပါ။ လက်ရှိအချိန်အထိတော့ Nintendo ရဲ့ Mobile Platform ပေါ်ကခြေလှမ်းတွေက မှန်နေသေးတယ်လို့ဆိုရမှာဖြစ်ပြီး Animal Crossing နဲ့ပတ်သက်ပြီး ဘယ်လိုသတင်းတွေကြေညာမလဲဆိုတာကတော့ မနက်ဖြန်ထုတ်လွှင့်မယ့်ဗီဒီယိုကို စောင့်မျှော်ကြည့်ရှုရမှာပါ။ အဲဒီဗီဒီယိုကို ကိုယ်တိုင်စောင့်မျှော်ကြည့်ရှုလိုသူတွေကတော့ ဒီနေရာ မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Animal Crossing ကဘယ်လိုဂိမ်းမျိုးဆိုတာကိုတော့ ဒီဂိမ်း Series ရဲ့နောက်ဆုံးထွက် ‘Animal Crossing: New Leaf’ Trailer ကို ကြည့်ရှုနိုင်ပါတယ်။ Direct Port မဟုတ်ရင်တောင် အဲဒီလိုပုံစံမျိုးပဲဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password