ငှက်လေးတွေနဲ့စက်ရုပ်တွေကိုပေါင်းစပ် ဖန်တီးထားတဲ့ Angry Birds Transformers

Transformers fan များနဲ့ Angry Birds fan များအတွက်သတင်းကောင်းလို့ပြောပါရစေ။ ဒီဂိမ်းလေးဟာတော့ Angry Birds ဆိုတဲ့ငှက်တွေကို Transformer ဆိုတဲ့ဇာတ်ကောင်တွေနဲ့ 3D animation ပုံစံနဲ့ပေါင်းစပ်ထားတာတဲ့ ဂိမ်းလေးဘဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Angry Birds တွေကစက်ရုပ်အသွင်ပြောင်းပြီး သူတို့ရဲ့အဓိကရန်သူ ဖြစ်တဲ့ ဝက်တွေရဲ့ ကျွန်းကိုသွားရောက်ဖျက်ဆီးမှာဘဲဖြစ်ပါတယ်။စိတ်ဝင်စားစရာက Angry Birds Transformers ဆိုလို့ စက်ရုပ်ငှက်တွေကိုဘဲ တွေ့ရမှာမဟုတ်ပါဘူး၊ ရန်သူ ဖြစ်တဲ့ဝက်တွေကိုလည်း စက်ရုပ်ဝက်အဖြစ်တွေ့ မြင်ရမှာပါ။


ဒါပေမဲ့ တချို့စက်ရုပ်ငှက်တွေကတော့ ခံစားချက်မဲ့ပြီး သက်မဲ့အနေနဲ့တည်ရှိတာကိုတွေ့မြင်ရမှာပါ။ ခံစားချက်မဲ့နေတဲ့ အတွက် တွေ့သမျှအကုန် ဖျက်ဆီးမှာပါဘဲ။

အဲ့ဒါတွေကိုဘယ်သူက တားဆီးမှာလဲ ??မိတ်ဆွေတို့အနေနဲ့အဲ့ဒီအရာတွေကို တစ်ယောက်တည်း တားဆီးဖို့ မဖြစ်နိုင်တဲ့အခါ ရန်သူဖြစ်တဲ့ ဝက်တွေနဲ့ပူးပေါင်းပြီး တိုက်ခိုက် ရတာတဲ့အခြေအနေ တွေကိုလည်းကြုံတွေ့ရမှာပါ။ ဘုံရန်သူတွေ့တဲ့အခါ မိတ်ဆွေမဟုတ်တာတောင် ပူးပေါင်းလိုက်ရတဲ့ အခြေအနေပါဘဲ။ မိတ်ဆွေတို့ဆော့ရမည့်ဇာတ်ကောင်က Angry Birds ဇာတ်ကောင်တွေနေရာက ဆော့ရမှာပဲဖြစ်ပါတယ်။ ဒီ Angry Birds ဇာတ်ကောင်နေရာကနေ လေယာဉ်ရောက်အောင် လမ်းတစ်လျှောက်အခက်အခဲတွေ ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။ပြေးတဲ့အခါမှာလည်း Transformers တွေလို ကားပုံပြောင်းပြေးလို့ရမှာ ဖြစ်ပါတယ်။ဇာတ်ကောင်တွေထဲက မှ အားလုံး သိကြမယ့်ဇာတ်ကောင်နဲ့မိတ်ဆက်ချင် ပါတယ် ။ အဲ့ဒါကတော့ Transformers ရဲ့အဓိကဇာတ်ကောင် ဖြစ်တဲ့ Optimus Prime ကို Angry Bird အနီကောင်နဲ့ရောစပ်ထားတဲ့ စက်ရုပ်ငှက်ဖြစ်ပါတယ်။ သူ့မှာလေဆာတွေသေနတ်တွေပါတာကြောင့် လမ်းကအနှောက်အယှက်တွေကို ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

Free to play အွန်လိုင်း ဂိမ်းအမျိုးအစားဖြစ်ပါတယ်။Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်တာ ဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေတို့အား သတင်းပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.rovio.angrybirdstransformers&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password