News

First Person Slingshot ပုံစံမျိုးကိုမှ AR ဂိမ်းအဖြစ်ထွက်ရှိလာတော့မယ့် Angry Birds 

Rovio Entertainment ရဲ့ Angry Birds ဟာတော့မကြာခင်အချိန်မှာပဲ First Person Slingshot (FPS) ပုံစံမျိုးကို AR ဂိမ်းတစ်ခုအဖြစ်ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ Angry Birds FPS ဂိမ်းဟာအရင် Mobile platform တွေပေါ်မှာထွက်ရှိခဲ့တဲ့ Angry Birds ဂိမ်းတွေလိုပဲ လေးဂွနဲ့ angry birds လေးကိုအသုံးချပြီး ဝက်တွေကိုတိုက်ခိုက်ရမဲ့ပုံစံမျိုးပဲကစားရမှာပါ။ ဂိမ်းက AR ဖြစ်သွားတာ၊ ဝက်တွေကို First person perspective ကနေတိုက်ခိုက်ရတာ စတဲ့အချက်တွေကလွဲလို့ ကျန်တာတွေက ကွာဟသွားတာမျိုးမရှိတာကိုတွေ့ရမှာပါ။ FPS ဆိုတော့ စိတ်ဝင်စားသွားပြီမလား? ပိုပြီး detail ကျကျမြင်သွားအောင် အောက်က trailer လေးကိုရှိုးလိုက်ပါဉီး။

Trailer အရတော့ ဒီဂိမ်းဟာ စမတ်ဖုန်းနဲ့ဆော့ကစားရမှာမဟုတ်ပဲ Magic Leap One ဆိုတဲ့ VR Headset လေးနဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ Controller ကိုပါအသုံးပြုပြီး အားပါပါနဲ့ ရှု့ထောင့်ပေါင်းစုံကနေ ဝက်တွေကို ပစ်ခတ်နိုင်မှာကြောင့် တကယ်ကိုစိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အားလုံးခြုံကြည့်ရင် ဒီ Angry Birds FPS ဂိမ်းဟာ Magic Leap One platform နဲ့တော်တော်လေး fit ဖြစ်နေတာကိုတွေ့ရမှာပါ။

ဒီဂိမ်းဟာတော့ Magic Leap One platform ဆီကိုလာမယ့် ၂၀၁၈ အကုန်နားလောက်မှာရောက်ရှိလာမယ်လို့ဆိုထားပေမယ့် ရက်အတိအကျကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။ Angry Bird ကို First person view ကနေကစားတဲ့ပုံစံကို မိတ်ဆွေတော့မသိဘူး ကျွန်တော်တော့ နည်းနည်းသဘောတွေ့သွားပါပြီ။ Mobile platform ကို First person view ကနေဆော့ကစားရမယ့် angry bird game version (AR ဆိုရင်ပိုကောင်း 😁) ရောက်ရှိလာဖို့ကိုမျှော်လင့်ရင်း….

Ref: 1, 2

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: