Reviews

Angry Birds တွေနေရာကဆော့ကစားရမယ့် Angry Birds Evolution!

Angry Birds ဂိမ်းဖြစ်တဲ့အတွက် ဒီဂိမ်းမှာမိတ်ဆွေရဲ့ အဓိကရန်သူကတော့ အစိမ်းရောင်ဝက်ကလေးတွေဖြစ်နေမှာပါ။ ဒါကတော့ ကမ္ဘာကြီးနှစ်ပိုင်းကွဲသွားရင်တောင် မပျက်စီးသွားမယ့်အမှန်တရား တစ်ခုဖြစ်ပါတယ်။

Angry Birds Evolution ဂိမ်းလေးကတော့ သာမာန် လေးခွနဲ့ပစ်ပြီးဆော့နေရတဲ့ Angry Birds ဂိမ်းတွေနဲ့မတူညီတာကိုတွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ ဒီဂိမ်းမှာက Angry Birds တွေရဲ့ လေးခွလည်းမပါ၊ အစိမ်းရောင်ဝက်တွေရဲ့ အဆောက်အဉီးတွေလည်း မပါဝင်တာကြောင့်ပါ။ လေးခွ၊ လက်နက်၊ အဆောက်အဉီးတစ်ခုမှမပါဝင်ပဲ Angry Birds တွေနဲ့ အစိမ်းရောင်ဝက်တို့ရဲ့တိုက်ပွဲကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

မိတ်ဆွေရဲ့ Angry Birds တွေကတစ်ချက်ချလိုက်၊ ရန်သူဖြစ်တဲ့အစိမ်းရောင်ဝက်တွေက တစ်ချက်ချလိုက်နဲ့ ဆော့နေရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးနဲ့ဝင်တိုက်တာ၊ ရှိတဲ့ပစ္စည်းတွေနဲ့ကိုင်ပေါက်တာ စတဲ့ပုံစံတွေနဲ့ တိုက်ခိုက်ရမှာပါ။ 1v1 အဟုတ်ပဲအဖွဲ့လိုက်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ မြင်သမျှဝက်တွေကိုအကုန်သတ်နိုင်မှသာ မိတ်ဆွေတစ်ပွဲအနိုင်ရရှိမှာဖြစ်ပါတယ်။

ဒီဂိမ်းမှာ မတူညီတဲ့ Angry Birds ပေါင်း ၁၀၀ ကျော်ပါဝင်ပါတယ်။ ငှက်က ၁၀၀ ကျော်လောက်ပါဝင်တာကြောင့် မိတ်ဆွေကို ငှက်တိုက်အကြီးကြီး တစ်ခုပေးထားမှာလည်းဖြစ်ပါတယ်။ ငှက်အမျိုးအစားက ၁၀၀ ကျော်ရှိနေပေမယ့်လည်း စစချင်းမှာ Angry Birds အနည်းအငယ်သာမိတ်ဆွေကိုပေးထားမှာပါ။ ကျန်တဲ့ငှက်တွေကိုတော့ မိမိကိုယ်တိုင် ဥတွေဖောက်ရာကနေရရှိမှာဖြစ်ပါတယ်။ အစပိုင်းမှာတော့ မသိသာပေမယ့် နောက်ပိုင်း မိတ်ဆွေက Angry Birds တွေအများကြီးကိုပိုင်ဆိုင်လာပြီဆိုရင်တော့ ကိုယ့်အတွက်အရေးပါမယ့် Angry Birds လေးတွေကိုပဲရွေးချယ်ရတော့မှာဖြစ်ပါတယ်။

Angry Birds တွေကတစ်ကောင်နဲ့တစ်ကောင် မတူညီတဲ့ Special Abiity တွေရှိပါတယ်။ ငှက်တွေ Damage ပိုကြမ်းလာအောင် Level တွေကိုလည်းမြှင့်နိုင်ပါသေးတယ်။ ဝက်တွေနဲ့နယ်မြေမှာသွားရောက်တိုက်ခိုက်ရမှာဖြစ်ပြီး Level တွေနဲ့အဆင့်ဆင့်ဆော့သွားရမှာဖြစ်ပါတယ်။ Level မြင့်လာလေလေ ဝက်တွေကပိုကြမ်းလာမှာဖြစ်ပြီး ဝက်ခေါင်းဆောင်အကြီးစားတွေပါ ပါဝင်လာမှာဖြစ်ပါတယ်။

Mission တွေဆော့ရတာပျင်းလာပြီဆိုရင် Global က Player တွေနဲ့ဆော့ကစားနိုင်တဲ့ PvP(Player Vs Player) mode လည်းပါဝင်တာကိုတွေ့ရမှာပါ။ အရင်ထွက်ထားတဲ့လူကို အရှုံးလို့သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် Clan ထောင်ပြီးဆော့ကစားနိုင်သေးတာကြောင့် မိမိသူငယ်ချင်းတွေနဲ့အတူတူ Clan ထဲမှာနီးနီးကပ်ကပ်ဆော့ကစားနိုင်မှာလည်းဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ Angry Birds တွေနဲ့ အစိမ်းရောင်ဝက်တွေရဲ့တိုက်ပွဲကို မြင်တွေ့ရမှာဖြစ်ပြီး RPG ပုံစံကစားရမယ့် ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Angry Birds Evolution

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password