Features

သီတင်းကျွတ်ပိတ်ရက်တွေမှာ ကစားလို့ကောင်းမယ့် ဂိမ်းကောင်းလေးများ

Playon က ဘော်ဒါတို့ရေ.. မကြာခင်မှာ သီတင်းကျွတ်ပိတ်ရက်လေးတွေရောက်လာတော့မယ်နော်။ ဘယ်လို အစီအစဉ်တွေ လုပ်ပြီးပြီလဲ။ ခရီးထွက်ဖို့ plan လေးတွေကိုရော ဆွဲပြီးကြပြီလား။ ဒါမှမဟုတ် အိမ်တွင်းပုန်းလေးတွေအဖြစ် အိမ်မှာပဲ အပြည့် အဝ အနားယူကြမှာလား။ ဘယ်လို အစီအစဉ်တွေပဲရှိရှိပါလေ… မကြာခင် အပြီအပြင် အနားယူရမယ့် ပိတ်ရက်တွေ ရောက်လာတော့မယ်ဆိုတာကတော့ ငြင်းဆန်လို့ မရတဲ့ အမှန်တရားကြီးပါပဲနော်။

အဲ့တာကြောင်အခု အက်မင်က မကြာခင်လာတော့မယ့် မီးပုံးရောင်စုံလေးတွေနဲ့ လှပနေမယ့် သီတင်းကျွတ်ပိတ်ရက်လေးတွေမှာ အပန်းဖြေရင်း ဆော့ကစားဖို့ ဂိမ်းကောင်းလေးတွေကို ရွေးချယ်ပေးသွားပါမယ်နော်။ အခု အက်မင် မိတ်ဆက်ပေးတဲ့ ဂိမ်းလေးတွေကို ပိတ်ရက်မှာ happy trip လေးထွက်မယ့် သူလေးတွေ ကားစီးရင်း ရထားစီးရင်း လေယာဉ်စီးရင်း ကစားနိုင်သလို အိမ်တွင်းပုန်းလေးတွေလည်း အိမ်မှာနေရင်း ကစားနိုင်ပါတယ်နော့်။ ကဲကဲ…ဘာဂိမ်းလေးတွေလည်း ဆိုတာကို အရင်ကြည့်လိုက်ကြရအောင်နော့်။

Candy Crush Friends Saga

ပထမဦးဆုံး အက်မင်ရွေးချယ်ပေးထားတဲ့ ဂိမ်းလေးကတော့ Candy Crush fan လေးတွေအတွက် Candy Crush Friends Saga လေးဖြစ်ပါတယ်။ Candy Crush Friends Saga က Candy Crush Saga ထဲမှာ နောက်ဆုံး ထွက်ရှိထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းထဲမှာဆိုရင် အရင် Candy Crush Saga အဟောင်းတေထက်ပိုပြီး ချစ်စရာကောင်းတဲ့ Graphic နဲ့ ဆန်းသစ်တဲ့ ပုံစံလေးကို တွေ့ရမှာပါ။ အခြားဂိမ်းတွေနဲ့မတူတဲ့ ထူးခြားချက်တစ်ခုကတော့ ဒီဂိမ်းလေးက social play ကို အဓိက focus လုပ်ထားပါတယ်။ အဲ့တာကြောင့် ဘော်ဒါက Candy Crush fan တစ်ယောက်ဆိုရင်တော့ ဒီဂိမ်းလေးကို Happy holiday တွေအတွက် ပြေး download လုပ်လိုက်ပါနော်။

 

Survival Heroes

နောက်တစ်ခုကတော့ Survival Heroes ပါ။ ဒီဂိမ်းလေးကတော့ Battle Royale ပရိသတ်တွေအကြိုက်ဖြစ်ကြမှာပါ။ သူက Battle Royale ကိုမှ Battle Royale စစ်စစ်မဟုတ်ပါဘူး။ MOBA နဲ့ Battle Royale ကို ပေါင်းစပ်ထားတဲ့ ဂိမ်းလေးပါ။ ဂိမ်းထဲမှာ isometric viewpoint နဲ့ skills တွေကို တွေ့ရမှာဖြစ်ပေမယ့် Gameplay ပုံစံကတော့ တူညီတဲ့ survival-focused gameplay ပုံစံပါပဲ။ သူ့ရဲ့ trailer လေးကိုတော့ အောက်မှာ ကြည့်နိုင်ပါတယ်နော်။

 

Glory Ages – Samurais

ဒီဂိမ်းလေးကိုတော့ အက်မင် အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်တော့ပါဘူးနော်။ ဘာကြောင့်လဲဆိုတော့ သူ့အကြောင်းကို ဒီ link  လေးထဲမှာ အသေးစိတ်ရှင်းပြပေးထားပါတယ်။ နင်ဂျာပရိသတ်တွေ ဆာမူရိုင်း ပရိသတ်တွေ အတွက်ကတော့ လုံးဝကို ကစားကြည့်သင့်တဲ့ အရမ်းကို မိုက်တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ နင်ဂျာ ပရိသတ်ဆိုရင်တော့ လုံးဝကို ကစားကြည့်သင့်တဲ့ ခပ်မိုက်မိုက်ဂိမ်းလေးတခုပါ။

 

Badland Brawl

ဒီဂိမ်းလေးကတော့ လူတိုင်းကစားကြည့်သင့်တဲ့ ဂိမ်းပါ။ သူပုံစံလေးက မကစားခင် ဓာတ်ပုံကြည့်တာနဲ့တင် လုံးဝအလန်းနော်။ သူ့ရဲ့ ပုံစံက Angry Birds Clash Royale နဲ့ Badland ၃မျိုးစလုံးနဲ့ တူပါတယ်။ တစ်မျိုး တည်းတောင်မဟုတ်၃မျိုးတောင်ဆိုတော့ အမေးဇင်းပါနော်။
ဂိမ်းလေးက Strategy game အမျိုး အစားဖြစ်ပြီး အနိုင်ရရှိဖို့အတွက် စဉ်းစားတွေးခေါ်ဆော့ကစားရမှာပါ။ Trailer လေးကို အောက်မှာ ကြည့်သွားနိုင်ပါတယ်။


Dizzy Knight

နောက်ဆုံအနေနဲ့ ရွေးချယ်ထားတဲ့ ဂိမ်းလေးကတော့ The Legend of Zelda နဲ့တူတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ သူ့ရဲ့ နာမည်လေးက Dizzy Knight ပါ။ အကယ်၍သင်က အဆုံးမဲ့ တိုက်ပွဲတွေကို စိတ်ဝင်စားတယ် ။ ပြင်းထန်တဲ့ အကန့်အသတ်မဲ့ စိတ်လှုပ်ရှားမှုတွေကို ကြိုက်တယ်ဆိုရင်တော့ အခုချက်ချင်းပဲ ပြေး download လုပ်ယူလိုက်ပါနော်။

 

အခု ဂိမ်းလေးတွေကတော့ အက်မင် ရွေးချယ်ပေးထားတဲ့ သီတင်းကျွတ်ပိတ်ရက်အတွက် ဂိမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။ ဒီဂိမ်လေး၅ခုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ Happy Thadingyut festival Holiday လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ Playon အဖွဲ့သားများက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ :D:D:D

Source – https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password