Android/IOS မှာထွက်ရှိနေပြီဖြစ်တဲ့ AMAZING KATAMARI DAMACY!

မနေ့ကမှ Mobile Platform ကိုရောက်ရှိလာတဲ့ ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ ဘုရင်နေရာကနေ ဆော့ကစားရမှာဖြစ်ပြီးလမ်းတလျှောက် မှာရှိနေတဲ့ Cosmic လေးတွေကိုလိုက်စုရမှာဖြစ်ပါတယ်။ ဘုရင်က Cosmic တွေကိုလိုက်စုရတဲ့အကြောင်းအရင်းကတော့ သူ့ဘုရင်မရဲ့ အချစ်ကိုပြန်လည်ရရှိဖို့ပဲဖြစ်ပါတယ်။

စစချင်းမှာ Cosmic အနည်းအငယ်ကို ဘောလုံးပုံစံနဲ့ပေးထားမှာဖြစ်ပါတယ်။ အဲ့ဒီ ဘောလုံးကိုဘုရင် ကလှိမ့်ပြီးဆော့သွားရမှာဖြစ်ပါတယ်။ လမ်းတလျှောက်က Cosmic တွေနဲ့ထိမိလိုက်တဲ့အခါ လမ်းက Cosmic တွေပါဘုရင်ရဲ့ ဘောလုံးစီကပ်ပါလာမှာဖြစ်ပြီး တဖြည်းဖြည်း ကြီးလာမှာဖြစ်ပါတယ်။ Endless running ပုံစံမျိုးဆော့ကစားရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ဘောလုံးCosmic ကြီးကိုပျက်စီးစေနိုင်တဲ့ကိရိယာတွေ၊ သားရိုင်းကောင်ကြီးတွေက လည်း လမ်းတလျှောက်မှာရှိနေမှာပါ။ အဲ့ဒါတွေနဲ့ထိမိရင်တော့ ဘောလုံးကြီး ကွဲသွားမှာဖြစ်ပြီး Game Over မှာပါ။

Foomin, Marny, Fujio, Macho, Opeo နဲ့ Nik ဆိုပြီး ဘုရင်ရဲ့ယုံကြည်ရတဲ့ဆွေမျိုးတွေနေရာကလည်းဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Amazing 3D art ကိုခံစားရမှာဖြစ်ပြီး in-game မှာသီချင်းမြူးမြူးလေးတွေကလည်း စောင့်ကြိုနေပါသေးတယ်။ Free ဆော့နိုင်မှာဖြစ်ပါတယ်။

Download link (Android) –  Play store

Download link (IOS) –  App store

 

 

 

Source : Droidgamers 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password