သာသာယာယာနဲ့နှင်းတောထဲမှာနှင်းလျှောစီးရတာကြိုက်နှစ်သက်သူများအတွက် Alto’s Adventure!

နှင်းလျှောစီးတယ်ဆိုတာကျွန်တော်တို့နိုင်ငံမှာတော့အိပ်မက်ပါပဲ။နှင်းဆိုလို့မနက်အစောကြီးမှာတောင်နဲနဲပါးပါးပဲမြင်တွေ့ရတာပါ။ အိပ်ယာထနောက်ကျတဲ့လူတွေဆိုနှင်းကိုတောင်မြင်ဖူးမှာမဟုတ်ပါဘူး။အဲ့တော့အိပ်ယာထနောက်ကျလို့နှင်းကိုမမြင်ဖူးတဲ့လူတွေရော၊ နှင်းလျှောမစီးဖူးတဲ့လူတွေရောဒီဂိမ်းမှာ မြင်နိုင်၊ စီးနိုင်ပါပြီ။ဒီဂိမ်းမှာမိတ်ဆွေကတောင်ကုန်း၊ တောင်တန်းတွေကိုဖြတ်ပြီးနှင်းလျှောစီးရမှာပါ။လမ်းတလျှောက်မှာရှိတဲ့သမင်တွေကိုနှင်းလျှောစီးရင်းနဲ့ကယ်တင်သွားရမှာလည်းဖြစ်ပါတယ်။

ဒီဂိမ်းကဆော့တတ်ဖို့ကတော့လွယ်ပါတယ်။ဒါပေမယ့်ကျွမ်းကျင်ဖို့ကတော့ခက်ခဲပါတယ်။ဘာလို့လဲဆိုတော့နှင်းလျှောကိုအရှိန်နဲ့စီးရမှာဖြစ်ပြီးလမ်းမှာတွေ့တဲ့ကျောက်တုံးကြီးတွေကိုရှောင်ရပြီးချောက်ကမ်းပါးတွေထဲလည်းပြုတ်မကျအောင်ခုန်ရမှာကြောင့်ပါ။ ခုန်တာ Timing မကိုက်ရင်တော့ မိတ်ဆွေချောက်ကမ်းပါးထဲကျပြီး Game Over ပါပြီ။ ကျောက်တုံးကြီးတွေကိုလွတ်အောင်မရှောင်နိုင်ရင်လည်း Game Over မှာပါ။ Endless game ဖြစ်တဲ့အတွက်မိတ်ဆွေက မိမိရဲ့ Best Score ထက်ကျော်အောင်ဆော့ရမှာပဲဖြစ်ပါတယ်။ Alto’s Adventure ဆော့တဲ့မိတ်ဆွေသူငယ်ချင်းတွေရဲ့ Score နဲ့လည်းပြိုင်နိုင်ပါတယ်။

                                    

ဒီဂိမ်းမှာမိတ်ဆွေ Alto နေရာကနေ နှင်းလျှောစီးနေရင်းပတ်ဝန်းကျင်ရှုခင်းကမိုက်ပြီးရာသီဥတုကလည်းသာယာတဲ့ပုံစံမျိုးကိုတွေ့ရမှာပါ။ နှင်းလျှောစီးတဲ့အခါမှာမနက်အနေအထားရှိသလို၊ ညဖက်တွေလည်းရှိပါတယ်။ ရာသီဥတုတွေမှာလည်း effect တွေတော်တော်သုံးပေးထားတာကိုတွေ့ရမှာပါ။ သာယာတဲ့အချိန်မှာသက်တန့်ကြီးတွေတို့၊ နှင်းတောထဲမှာဆိုနှင်းမုန့်တိုင်းတွေ၊ မြူတွေထူထပ်နေတာတွေ၊ ညဖက်မှာဆိုလည်းကြယ်ကြွေတာတွေ၊ မိုးရွာတဲ့အချိန်ဆိုလျှပ်စီးကြောင်းတွေ စတာတွေအပါအဝင်သာယာတဲ့ရာသီဥတု effect မျိုးစုံကိုတွေ့ရဦးမှာဖြစ်ပါတယ်။ သာယာတဲ့ရာသီဥတုနဲ့လိုက်အောင်သာယာတဲ့ အသံလေးတွေကို Sound System မှာပံ့ပိုးထားပါသေးတယ်။ Sound System မှာပံ့ပိုးပေးထားတဲ့အသံတွေကို နားထောင်ပြီးဆော့ဖြစ်ရင်စိတ်ထဲမှာတစ်မျိုးလေးဖြစ်မှာပါ။ ဘာ Feeling လဲဆိုတာတော့သေချာမသိပါဘူး။ဒါပေမဲ့စိတ်ထဲမှာအနည်းငယ်သာယာမှုလေးကိုခံစားရမှာအမှန်ပါ။ဒီဂိမ်းဆော့မယ်ဆိုရင်နားကြပ်တပ်ပြီးဆော့ကြဖို့အကြံပေးပါရစေ။

နှင်းလျှောစီးတဲ့အခါမှာ Alto နေရာကမစီးချင်သူများအတွက်တခြား Character တွေနေရာကလည်းစီးနိုင်ပါတယ်။ Alto အပါအဝင် Character 6 ယောက်ပါဝင်ပါတယ်။ အဲ့ဒါကတော့ထုံးစံအတိုင်းမိတ်ဆွေကိုယ်တိုင် unlock လုပ်ရမှာဖြစ်ပါတယ်။ဒီဂိမ်းက အနုပညာကိုခံစားတတ်တဲ့ နှလုံးသားရှိသူတွေအတွက်ပါပဲ။ ဒီဂိမ်းကို မိတ်ဆွေကြည့်ရင်ဘာမှမဟုတ်ဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်၊ ဒါပေမယ့် ဒီဂိမ်းက 2015 အကောင်းဆုံးဂိမ်းတွေထဲကတစ်ခုဆိုတာမိတ်ဆွေသိရင်အံသြသွားပါလိမ့်မယ်။ အဲ့ဒါကြောင့်ဂိမ်းတစ်ခုကောင်းမကောင်းကို ရုပ်ပုံနဲ့မဟုတ်ပဲ ကိုယ်တိုင်ဆော့ကြည့်ပြီးမှဆုံးဖြတ်ကြပါလို့အကြံပေးပါရစေ။

Free To Play ပါ။ Android နဲ့ IOS platform နှစ်မျိုလုံးမှာဆော့နိုင်တာကြောင့် အနုပညာကိုခံစားတတ်တဲ့ Player များအားသတင်းပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.noodlecake.altosadventure&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password