News

၂၀၁၉ မှာထွက်ရှိလာမယ့် zombie survival game အမျိုးအစား Alpha Bunker 

Kickstarter ကဖန်တီးထုတ်လုပ်မှာဖြစ်တဲ့ Zombie survival game အမျိုးအစား Alpha Bunker ကတော့ လာမယ့် ၂၀၁၉ မှာထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ Zombie ဂိမ်းတွေရဲ့သဘောတရားအတိုင်း ဒီဂိမ်းမှာလည်း မိတ်ဆွေက Survivor နေရာကနေ ကစားသွားရမှာပါ။ အဲ့လိုဂိမ်း logic ကတူနေပေမယ့် game play ပုံစံကတော့ တခြား zombie ဂိမ်းတော်တော်များများလို First person view နဲ့ ဖုတ်ကောင်တွေကြားထဲမှာ တစ်ယောက်တည်းအထီးကျန်ကျန် ကစားရမှာမဟုတ်ပဲ Third person view ကိုမှ အဖွဲ့လိုက် Strategy ဆန်ဆန်ကစားသွားရမှာဖြစ်ပါတယ်။ ရန်သူတစ်လှည့်ကိုယ်တစ်လှည့်တိုက်ခိုက်ရမယ့် Turn-based ဂိမ်းဆိုလည်းမမှားပါဘူး။

ဂိမ်းမှာဆိုရင် Map အများကြီးပါဝင်ပြီး Zombie တွေတိုက်ခိုက်ရမယ့် map တစ်ခုချင်းစီမှာ ကိုယ့်ရဲ့ Character တွေ၊ လက်နက်တွေကို upgrade လုပ်ဖို့ ခံတပ်တွေရှိနေမှာဖြစ်ပါတယ်။ Gameplay ပုံစံကိုကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ Mobile မှာနာမည်ကြီး Survival ဂိမ်းတစ်ခုဖြစ်တဲ့ Last Day On Earth အငွေ့အသက်ကိုတောင် နည်းနည်းလေးခံစားလိုက်ရပါသေးတယ်။ 😁) အငွေ့အသက်က အနည်းငယ်ဆင်နေပေမယ့် ဂိမ်းရဲ့ logic နဲ့ playing style ကလုံးဝမတူပါဘူးနော်။

ဂိမ်းဖန်တီးသူ Kickstarter ဟာတော့ Alpha Bunker ထွက်ရှိမယ့်ရက်ကို အတိအကျတော့ကြေညာထားခြင်းမရှိသေးပဲ ၂၀၁၉ ထဲမှာရောက်ရှိလာမယ်လို့ ဆိုထားတာပဲဖြစ်ပါတယ်။ ၂၀၁၉ မှာရောက်ရှိလာမယ့် Zombie ဂိမ်းလေးကို မိတ်ဆွေအနေနဲ့ ကြိုက်နှစ်သက်ရဲ့လားဗျ ?

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: