News

Alita : Battle Angel ဇာတ်ကားကို အခြေခံပြီး RPG ဂိမ်း တစ်ခု ဖန်တီး

ဒီတစ်ခေါက်မှာတော့ Avatar ကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီး James Cameron ကိုယ်တိုင် ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားတဲ့ ဇာတ်ကားကို အခြေခံထားတဲ့ ဂိမ်းလေးအကြောင်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။သူ့အကြောင်းကို FoxNext games က Alita ရုပ်ရှင်လူအများကြား ရေပန်းစားနေတဲ့အချိန်နဲ့ ကိုက်ပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

ဂိမ်းရဲ့ပုံစံက Marvel Strike Force နဲ့တူညီပြီး Battle Angel ကို featuring ယူထုတ်လုပ်မှာလို့သိရပါတယ်။ Alita : Battle Angel ကို အခုနှစ်မှာ Android ပေါ်မှာ မိတ်ဆက်ပေးတော့မှာပါ။ ပုံစံအရ ဂိမ်းထဲမှာလည်း ရုပ်ရှင်ထဲက ဇာတ်ကောင်တွေကိုပဲတွေ့ရဖို့ များပါတယ်။

ဂိမ်းထဲမှာ ဇာတ်ကောင်တွေကို အဆင့်မြှင့်တင်ပေးပြီး လက်နက်အသစ်တွေတပ်ဆင်ပေးလို့လည်း ရပါတယ်။ Alita Battle Angel ဂိမ်းကို ငွေသန်း၂၀၀ခန့် အထိ အကုန်အကျခံရိုက်ကူးထားတယ်လို့သိရပြီး ရုပ်ရှင်ကို အခု ဖေဖော်ဝါရီလအတွင်း ရုပ်ရှင်ရုံကြီးတွေမှာ မြင်တွေ့ရတော့မှာပါ။

ဂိမ်းအကြောင်းနဲ့ပတ်သတ်ပြီး နောက်ထပ်ထွက်ရှိလာမယ့် သတင်းတွေကိုလည်း ဆက်ပြီးဖော်ပြပေးသွားပါဦးမယ်။ အပျက်အဆီးတွေကြားထဲကနေ ပြန်လည်ကောက်ယူပြင်ဆင်ပေးခြင်းခံရတဲ့ စက်ရုပ်မလေး Alita ကို ဂိမ်းထဲမှာ RPG စတိုင်နဲ့ တစ်ဖန်မြင်တွေ့ရမယ်ဆိုတော့ ဒီသတင်းထက် ဘယ်သတင်းက ပိုကောင်းတာရှိပါဦးမလဲနော်။ အက်မင်ကတော့ ဂိမ်းပုံစံလေးကို မြင်ရဖို့ အရမ်းကို ရင်တွေခုန်နေပါပြီ။

ဒါဆို Trailer လေးကို နောက်မှာ တစ်ချက် ရှိုးကြည့်လိုက်ပါဦးနော်။

Wow…ဘယ်လိုတောင် မိုက်တာလား Alita : Battle Angel ရယ်… တကယ့်ကို ရုပ်ရှင်ထဲရောက်သွားသလိုကို Graphic တွေက လန်းတာနော်…Gameplay ကလည်း trailer နဲ့တင် ကြွေပါတယ်။ ဘော်ဒါတို့တွေရော ဘယ်လိုလဲ…Altta : Battle Angel ဂိမ်း ထွက်လာရင် အားပေးဖို့ အဆင်သင့်ပဲလားဝေ့။

Source – https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password