ArticleNews

မကြာခင်မိုဘိုင်းလ်ဂိမ်းအဖြစ်မြင်တွေ့ရတော့မယ့် Alien franchise ရဲ့ Chapter အသစ်တစ်ခု

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့ပြီး PC, Playstation, Xbox အစရှိတဲ့ platform တွေမှာနာမည်ကြီးခဲ့တဲ့ Alien: Isolation ရဲ့ Chapter အသစ်တစ်ခုလို့ဆိုနိုင်တဲ့ Survival horror ဂိမ်းကို Alien: Blackout ဆိုတဲ့အမည်နဲ့ မိုဘိုင်းလ်ဂိမ်းအဖြစ်မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ Android နဲ့ iOS platform နှစ်မျိုးလုံးစီကို လာမယ့်ဇန်နဝါရီလ ၂၄ ရက်နေ့မှာရောက်ရှိလာမယ်လို့သိရပါတယ်။

Alien franchise နဲ့တရင်းတနှီးရှိဖူးတဲ့ player တွေကတော့ Alien: Blackout ရဲ့ gameplay ကိုသိနေပြီးလောက်ပေမယ့် Alien နဲ့ သိပ်မရင်းနှီးသေးတဲ့ player တွေအတွက်ကတော့ အနည်းငယ်စိမ်းနေမှာဖြစ်ပါတယ်။ Alien: Blackout မှာတော့ မိတ်ဆွေက Amanda Ripley ဆိုတဲ့အမျိုးသမီးဇာတ်ကောင်နေရာကနေ Spaceship ကြီးပေါ်မှာကစားရမှာပါ။

ဂိမ်းရဲ့ mission က ယာဉ်မှာပါလာတဲ့ လုပ်သားသူငယ်ချင်းတွေကို Xenomorph လို့ခေါ်တဲ့ Alien အကောင်ကြီးလက်ထဲကနေလွှတ်မြောက်အောင်ဆောင်ရွက်ပေးရမှာပါ။ Survive ဖြစ်အောင်ကြိုးစားနေတဲ့အချိန်မှာ Xenomorph ကြီးကြောင့် Horror အငွေ့အသက်အများကြီးကို ခံစားရဉီးမယ့်ဂိမ်းလေးဖြစ်ပါတယ်။ လာမယ့် Alien: Blackout ကလည်း ၂၀၁၄ က Alien: Isolation လိုပဲ Storyline ကိုမှ Chapter လေးတွေနဲ့ဆော့ကစားသွားရမယ်လို့မျှော်လင့်ထားနိုင်ပါတယ်။ ဒါပေမယ့် Blackout က mobile version အနေနဲ့ရောက်ရှိလာမှာဖြစ်တဲ့အတွက် ဂိမ်းက Isolation ထက်တော့ chapter နည်းသွားနိုင်ပါတယ်။

Trailer မှာလည်း လျှိုထားတာလေးတွေရှိနေတာမို့ လက်ရှိမှာ Blackout နဲ့ပတ်သက်ပြီးအနည်းငယ်ပြောရခက်တဲ့အနေအထားလို့ဆိုရမှာပါ။

Game Trailer!

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password