ပျောက်ဆုံးနေတဲ့ Alice ကို ရှာဖွေရမယ့် Alice in the Mirrors of Albion

စုံထောက်လုပ်ရတာကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့နှစ်သက်မယ့် game ကောင်းလေးဖြစ်တယ်။ Game ထဲမှာ မိတ်ဆွေငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ Alice နဲ့ သူ့သူငယ်ချင်းတွေကို တစ်ဖန်ပြန်တွေ့ကြရမှာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်တိုင်းပြည်ကြီးထဲ ပျောက်နေတဲ့ Alice ကိုရှာဖွေရမှာဖြစ်တယ်။ Puzzles တွေကိုဖြေရှင်းပေးရမှာဖြစ်တဲ့အပြင် mini – games တွေကိုလည်း ဆော့ကစားရမှာဖြစ်တယ်။Level တစ်ခုတတ်တိုင်း rewards တွေလည်း အများကြီးရမှာဖြစ်တယ်။ ဒါ့အပြင် game ထဲမှာ မိတ်ဆွေကို ကူညီပေးမယ့် characters တွေကလည်း အဆင်သင့်ရှိနေမှာပါ။

စုံထောက်နေရာက ဝင်ကစားပေးရမှာဖြစ်တဲ့အတွက် game ကစားနေရင်း Hidden objects တွေကိုလိုက်စုရမှာဖြစ်တယ်။ Alice ဇာတ်လမ်းထဲမှာ မိတ်ဆွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Cheshire cat က ဒီ game ထဲမှာ မိတ်ဆွေကိုကူညီပေးမယ့် ရဲအဖြစ်ပါဝင်ကစားပေးမှာဖြစ်တယ်။ Level များလာတာနဲ့အမျှ ထူးဆန်းတဲ့ Characters တွေအများကြီးနဲ့တွေ့ရမှာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတွေကို လျှောက်သွား ရမှာဖြစ်တယ်။ Magical ကမ္ဘာကြီး အတွင်းမှာရှိနေတဲ့ ဆန်းပြားတဲ့ လျှို့ဝှက်ချက်တွေကို မိတ်ဆွေတစ်ယောက်တည်းကပဲ ဖော်ထုတ်နိုင်မှာဖြစ်တယ်။

Game တစ်လျှောက်လုံးမှာ အခြား characters တွေပျောက်နေတဲ့ ပစ္စည်းတွေကို ကူညီရှာဖွေပေးရမှာဖြစ်ပြီး Game ရှိန်တက်လာတာနဲ့အမျှ လျို့ဝှက်ဆန်းကြယ်မှုတွေကလည်း များလာမှာဖြစ်တယ်။ အဆုံးသတ်မှာ မိတ်ဆွေက Challenges တွေကို ရင်ဆိုင်ပြီး ပျောက်ဆုံးနေတဲ့ Alice ရှာတွေ့နိုင်မှာလား၊ မတွေ့နိုင်ဘူးလားဆိုတာ ကစားကြည့်မှ သိရမှာဖြစ်တယ်။ ဒါ့အပြင် game ကစားရင်း Vocabulary words တွေကိုပါ လေ့လာနိုင်မှာမို့လို့ English စာလေ့လာနေသူတို့အတွက် အကျိုးရှိစေမယ့် Game ကောင်းလေးတစ်ခုဖြစ်တယ်။ Offline game အမျိုးအစားဖြစ်တာမို့ အချိန်တိုင်း နေရာတိုင်းမှာ bill ထည့်စရာမလိုပဲ ကစားနိုင်မှာဖြစ်တယ်။

Android နှင့် IOS နှစ်မျိုးစလုံးနဲ့ free to play ကစားနိုင်မှာဖြစ်ပြီး Android အတွက် Version 4.03 နှင့်အထက်၊ IOS အတွက်Version 8 နှင့်အထက်တွင် download လုပ်ယူနိုင်ပါတယ်။

 

 

 

Image Source : Alice in the Mirrors of Albion

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password