ရင်သပ်ရှုမောဖွယ်ရာ Graphic နဲ့ AirAttack 2

AirAttack 2 ရဲ့ ၁၀ စက္ကန့်စာလောက် gameplay ကို မြင်မိလိုက်တဲ့အချိန်မှာ စိတ်ထဲမှာ ဒီဂိမ်းကို အခုပဲပြေးဒေါင်းမှဖြစ်မယ် ဆိုတဲ့အတွေး ချက်ချင်းပေါ်လာပါတယ်။ Free ဂိမ်းလား၊ Paid ဂိမ်းလား ဆိုတာလည်း မသိပါဘူး။ ဒီဂိမ်းကို ဆော့ချင်တယ်ဆိုတဲ့ အတွေးပဲ စိတ်ထဲမှာ ရှိတာပါ။ အဲဒီလောက်အထိကို သူ့ရဲ့ graphic က လှပပြီး လူကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ တွေ့ဖူးသမျှ Shoot ‘em up ဂိမ်းတွေထဲမှာ ဒီဂိမ်းက ကြည့်ရတာ မျက်စိပသာဒ အဖြစ်ဆုံးပါပဲ။

AirAttack 2 ဟာ WW2 စတိုင် နောက်ခံပတ်ဝန်းကျင်နဲ့ WW2 ခေတ်က လေယာဉ်တွေကို အသုံးပြုထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ WW2 ပရိသတ်တွေအတွက် ကွက်တိပဲ ဖြစ်ပါတယ်။ ခေတ်လွန်စတိုင်နဲ့ဂိမ်းတွေကို ငြီးငွေ့နေသူတွေအတွက်လည်း အပြောင်းအလဲ ဖြစ်စေမှာပါ။ AirAttack 2 ဟာ Graphic တစ်ခုတည်းကောင်းတာ မဟုတ်ပါဘူး။ Orchestra နဲ့ကျကျနန တီးခတ်ထားတဲ့ နောက်ခံသီချင်းပေါင်း ၃၀ ကို ထည့်သွင်းအသုံးပြုထားပါသေးတယ်။ အဲဒီတော့ ဂိမ်းကစားနေရင် နောက်ခံသီချင်းတစ်ခုတည်းကို ထပ်ပြန်တလဲလဲ ကြားနေရမှာမျိုးမဟုတ်ပဲ အလန်းစား  orchestra score တွေကို နားထောင်ပြီး စတိုင်ကျကျ ဆော့နိုင်မှာပါ။

 .          .         

အခြေခံဂိမ်းကစားပုံကတော့ Shoot ‘em up ဂိမ်းတွေထုံးစံအတိုင်း မိမိရဲ့လေယာဉ်ကို ကျည်ဆံတွေကြားကနေ လွတ်အောင်ရှောင်ရမှာပါ။ လေယာဉ်ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ ထိန်းချုပ်လို့ရတာမို့ လက်တစ်ဖက်တည်းနဲ့ အဆင်ပြေပြေ ဆော့ကစားနိုင်ပါတယ်။ သေနတ်နဲ့ပစ်ခတ်လို့ရတဲ့အပြင် screen ကို tap လုပ်ပြီး ဗုံးကြဲလို့ ရပါသေးတယ်။ သဘောအကျဆုံးကတော့ Tail Gunner view ကနေ ပစ်ခတ်လို့ရတာကိုပါပဲ။ Tail Gun နဲ့ပစ်ခတ်တဲ့ mode ကိုလည်း ကျကျနနရေးဆွဲထားတဲ့အတွက် မြင်လိုက်တာနဲ့ လုံးဝအကြိုက်တွေ့သွားမယ်ဆိုတာ အာမခံပါတယ်။ ဒါ့အပြင် လေယာဉ်တွေကလည်း အမျိုးစုံပါဝင်ပါသေးတယ်။ မိမိနှစ်သက်တဲ့ လေယာဉ်ကို ဆက်တိုက် upgrade လုပ်သွားပြီး mission အခက်တွေကို ဆော့ကစားရမှာ ဖြစ်ပါတယ်။

 .         

သဘောအကျဆုံးကတော့ IAP (in-app purchases) လုံးဝလုံးဝ မပါတာပါ။ ဂိမ်းကို $0.99 နဲ့ဝယ်ပြီးတာနဲ့ ဇာတ်လမ်းပြတ်သွားပါပြီ။ ဘာ Ads မှမပါဝင်သလို ဘာမှ ပိုက်ဆံအပိုထပ်ကုန်စရာလည်း မလိုပါဘူး။ ဂိမ်းထဲမှာပါဝင်တဲ့ currency ၂ မျိုးလုံးကိုလည်း ဂိမ်းဆော့ရင်းနဲ့ပဲ စုဆောင်းရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် Leaderboard မှာ rank အပေါ်ကိုတက်ချင်ရင် ကိုယ်တိုင်ကြိုးစားမှ ရမှာဖြစ်ပါတယ်။ Graphic ကလည်းအလန်းစား၊ campaign mission တွေကလည်း အများကြီးပါဝင်သေးတဲ့အပြင် Daily Event တွေလို အခြားလုပ်စရာတွေ အများကြီးပါသေးတဲ့အတွက် ပေးလိုက်ရတဲ့ $0.99 နဲ့ အရမ်းကိုတန်ပါတယ်။ ကျွန်တော်ကတော့ ဒီဂိမ်းကို $5 ဆိုရင်တောင် ဝယ်ပြီးကစားမိမှာပါ။ စာဖတ်သူတို့လည်း AirAttack 2 ကို ဆော့ဖြစ်အောင် ဆော့ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

Image Source:

https://itunes.apple.com/us/app/airattack-2/id842617644?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password