ArticleNewsReviews

လာမယ့် ဇန်နဝါရီလ၂၄ရက်နေ့မှာ ထွက်ရှိတော့မယ့် Aion : Legions of War

MMORPG franchise တွေထဲက တစ်ခုဖြစ်တဲ့ Aion : Legions of War ကို NCSoft မှ ဖန်တီးထားတာဖြစ်ပါတယ်။ သူ့ကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ Android နဲ့ iOS နှစ်မျိုးစလုံးမှာ ကစားလို့ရမှာပါ။ Aion : Legions of War က လွန်ခဲ့တဲ့နှစ်အနည်းငယ်က PC/ Console ပေါ်မှာတွေ့ခဲ့ရတဲ့ဂိမ်းကို spinoff အနေနဲ့ ပြန်လည် ဖန်တီးထားတဲ့ဂိမ်းဖြစ်ပါတယ်။ ဂိမ်းထဲမှာ player က မတူညီတဲ့ ဟီးရိုး ၁၀၀ကျော်ကို စုဆောင်းနိုင်မှာဖြစ်ပါတယ်။ ဟီးရိုးတစ်ယောက်ချင်းစီမှာ Tank, DPS, healer တို့လို base class တွေပါမယ်လို့ သိရပါတယ်။ ဂိမ်းထဲမှာ မတူညီတဲ့ တိုက်ပွဲတွေကို Single player နဲ့ PvP arena တွေ ထဲမှာရင်ခုန်စိတ် လှုပ်ရှားဖွယ် ကစားရမှာပါ။ ဂိမ်းရဲ့ နမူနာ ဗီဒီယိုလေးကိုအောက်မှာ တစ်ချက် ရှိုးလိုက်ပါဦး။

Trailer ကတော့ရှယ်ပဲနော်….အမှောင်ထုရဲ့တိုက်ပွဲကို သင်ဘယ်လိုရင်ဆိုင်မလဲ ??? ??)

သူ့ရဲ့ Gameplay ဗီဒီယိုက မထွက်သေးပေမယ့် developer ဘက်က Console quality အတိုင်းထွက်ရှိဖို့အတွက် ကတိပေးထားပါတယ်။ Developer ကလည်း မူရင်းဂိမ်းကို ဖန်တီးထားတဲ့ developer ကပဲ ဖန်တီးထားတာကြောင့် screen အသေးအကြီးကလွဲရင် console အရသာနဲ့ တော်တော်လေးဆင်မယ့် ပုံမှာရှိနေပါတယ်။

Worldwide ဗားရှင်းဖြစ်တာကြောင့် လာမယ့် ဇန်နဝါရီလမှာ ကမ္ဘာတစ်ဝှမ်းက mobile player တွေအားလုံးစီရဲ့ဖုန်းမှာ Aion : Legions of War ကို ကစားလို့ရတော့မှာပါ။ အကယ်၍ သင်က MMORPG fan တစ်ယောက်ဆိုရင်တော့ ဒီအခွင့်အရေးကို လုံးဝလက်မလွှတ်ပဲ ကစားကြည့်ဖို့ မမေ့ပါနဲ့နော်။ အယ်..တစ်ခုပြောဖို့ရှိပါသေးတယ်။ အဲ့တာက Aion : Legions of War ကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ကတည်းက Android ပေါ်မှာ soft launch ထွက်ရှိခဲ့တာလို့သိရပါတယ်။ အဲ့တော့ beta ကစားဖူးတဲ့သူတွေလည်း ရှိကောင်းရှိမှာပါ။ အတွေ့အကြုံလေးတွေ ဝေမျှသွားလို့ရတယ်နော်။ ?)

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password