ArticleNews

NC Media Day 2018 မှာ MMORPG ဂိမ်းနှစ်ခုကိုမိတ်ဆက်ခဲ့တဲ့ NCSoft, (Aion 2, Blade & Soul 2)

NCSoft ကတော့ လာမယ့် အပတ်မှာကျင်းပမယ့် Global game exhibition “G-star 2018” ကိုစောင့်မနေတော့ပဲ NC Media Day 2018 ဆိုတဲ့ ကိုယ်ပိုင် event တစ်ခုဖန်တီးပြီး မိုဘိုင်းလ်အတွက် MMORPG ဂိမ်းနှစ်ကိုမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ မိတ်ဆက်သွားခဲ့တဲ့ ဂိမ်းနှစ်ခုရဲ့ နာမည်တွေကတော့ Aion 2, Blade & Soul 2 ပဲဖြစ်ပါတယ်။

Aion 2

Aion ကတော့ ၂၀၀၈ ခုနှစ်က PC ပေါ်မှာ Aion: The Tower of Eternity အမည်နဲ့ စတင်ထွက်ရှိလာတာဖြစ်ပြီး MMORPG ပရိတ်သတ်တွေ အသည်းစွဲဖြစ်ခဲ့ရတဲ့ ဂိမ်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ PC version တုန်းက ဂိမ်းရဲ့အသွားအလာ ပုံစံတွေက အနီးစပ်ဆုံးပြောရရင် လက်ရှိအချိန်ထိကျွန်တော်တို့စွဲစွဲမြဲမြဲဆော့ကစားနေကျတဲ့ WOW: World of Warcraft နဲ့ဆင်ဆင်လေးပါပဲ။ အခုလို အလန်းစား MMORPG ဂိမ်းကို NCSoft ဟာ mobile platform အတွက် Aion 2 အမည်နဲ့ကြေညာလိုက်ပြီဖြစ်ပါတယ်။ Mobile ပေါ်ရောက်ရှိလာမယ့် Aion 2 ဟာ PC version တုန်းက Aion ရဲ့ sequel ပုံစံမျိုးဆိုတာထက် Aion မပါဝင်ခဲ့တဲ့ Feature တွေကိုထည့်သွင်းပြီး modified လုပ်ထားတဲ့ပုံစံမျိုးထွက်ရှိလာမယ်လို့ ပြောကြားထားတာပဲဖြစ်ပါတယ်။

Aion 2 မှာ သိသိသာသာပြောင်းလဲသွားမှာကတော့ Elyos နဲ့ Asmodians ဆိုပြီး faction နှစ်ခု မခွဲထားတော့မှာပဲဖြစ်ပါတယ်။ ဆိုတော့ Aion 2 မှာ လက်နက်တွေနဲ့ Playstyle က player ရဲ့စိတ်တိုင်းကျပြုလုပ်နိုင်သွားမှာပါ။ ပြီးတော့ Aion 2 မှာ အရင် Aion series တွေတုန်းက မရှိခဲ့တဲ့ Battle system ကိုလည်းထည့်သွင်းထားတယ်လို့ NCSoft ကကြေညာခဲ့ပါသေးတယ်။ မကြာခင်ထွက်ရှိမယ့် Aion 2 က mobile မှာပထမဉီးဆုံးတော့မဟုတ်ဘူးဗျ။ Aion: Legions of War ဆိုပြီး Aion series တစ်ခု mobile မှာထွက်ရှိခဲ့ဖူးတာလည်းဖြစ်ပါတယ်။ (ဒါပေမယ့် Server အချို့မှာပဲဆော့လို့ရတာဖြစ်ပါတယ်။) ဂိမ်းကိုဘာအင်ဂျင်နဲ့ တည်ဆောက်ထားလဲဆိုတာ မကြေညာထားပေမယ့် တော်တော်များများက Unreal Engine 4 နဲ့တည်ဆောက်ထားတယ်လို့ တော့ခန့်မှန်းထားကြပါတယ်။

Aion 2 နဲ့ပတ်သက်တာကတော့ လက်ရှိမှာဒီလောက်ပဲသိရှိရပါသေးတယ်။ ထွက်ရှိလာတဲ့ Trailer လေးတွေကိုအောက်မှာရှိုးလိုက်ပါဉီး။

ဂိမ်းထွက်ရှိလာမယ့်ရက်၊ Free to play ဟုတ်/ မဟုတ်၊ ဘယ် server တွေမှာ ဆော့ကစားနိုင်မယ့် အစရှိတဲ့ ဂိမ်းရဲ့သတင်းအချက်အလက်တွေကို သိရဖို့တော့အနည်းငယ်စောင့်ဆိုင်းရဉီးမှာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Blade & Soul 2 ပါ။ Blade & Soul 2 အကြောင်းကိုတော့ နောက်ဆောင်းပါးတစ်ခုအနေနဲ့ နာရီအနည်းငယ်အတွင်းတင်ပေးသွားမှာမလို့ စိတ်ဝင်စားသူတွေအနေနဲ့ လိုက်ခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

*****(စျေးကိုင်လိုက်သော ဖော်ပြသူချိဖ 😝😂)*******

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password