News

Android အတွက် Pre-register ပြုလုပ်နိုင်ပြီဖြစ်တဲ့ Age of Magic 

RPGs အမျိုးအစားကြိုက်နှစ်သက်တဲ့ Player တွေ ကြိုက်နှစ်သက်ကြဉီးမယ့် Role-playing game အမျိုးအစား “Age of Magic” ကိုတော့ Google Playstore မှာစတင် Pre-register ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ Age of Magic ဟာဆိုရင် iOS Platform မှာထွက်ရှိထားတာအနည်းငယ်ကြာနေပြီဆိုပေမယ့် Android platform မှာတော့ အခုမှ Pre-register စတင်ပြုလုပ်နိုင်တာဖြစ်ပါတယ်။

Legendary Heroes ကြီးတွေကို လိုက်လံစုဆောင်းပြီး Fantasy World ကြီးကို ဖျက်ဆီးဖို့ကြံစည်နေတဲ့ ရန်သူတွေကို RPG ဆန်ဆန်တိုက်ခိုက်ဆော့ကစားသွားရမှာပါ။ မတူညီတဲ့ စွမ်းအားတွေရှိတဲ့ Heroes ပေါင်း ၅၀ ကျော်ကိုတွေ့ရမှာဖြစ်ပြီး ကိုယ့်ရဲ့ Heroes တွေကို တိုက်ရည်ခိုက်ရည်ပိုကြမ်းလာအောင် Level မြှင့်တာတွေ၊ Power မြှင့်တင်ပေးတာတွေ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဒါကတော့ Single player campaign အတွက်ပါ။

ဒီဂိမ်းမှာ Single player campaign အပြင် PvP mode ဖြစ်တဲ့ Multiplayer campaign ပါဆော့ကစားနိုင်ဉီးမှာဖြစ်ပါတယ်။ Single player မှာ ရန်သူတွေကိုတိုက်၊ ရလာတဲ့ Bonus တွေနဲ့ Heroes တွေကို ပိုကြမ်းအောင် update လုပ်၊ ပြီးရင် PvP mode က တခြား player တွေကို အနိုင်ယူ အစရှိတဲ့ပုံစံနဲ့ဆော့ကစားသွားရမှာပါ။ PvP mode မှာစိတ်ဝင်စားစရာက တစ်ပတ်ခြားတစ်ခါ 24 hrs Tournament ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။ Heroes တွေဘယ်လောက်ကြမ်းလဲဆိုတာနဲ့ ကိုယ့်ရဲ့ Strategy ဘယ်လောက်အထိကောင်းလဲဆိုတာပြသနိုင်မယ့် အချိန်အခါမလို့ တော်တော်လေးခံစားလို့ကောင်းမှာပါ။

RPG အမျိုးအစားဖြစ်တာကြောင့် မြန်မြန်ဆန်ဆန်အတင်းကြီးတွေတိုက်ခိုက်ရတဲ့ Aggressive playing style နဲ့ တောက်လျှောက် ခုခံနေပြီး Key point တွေ့မှအတင်းကြီးတိုက်ခိုက်ရတဲ့ Defensive playing style ကိုအခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး ပါးပါးနပ်အသုံးပြုနိုင်ရင် ဒီဂိမ်းက easy (ez) ပါပဲ။ 😂😁).. စိတ်ဝင်စားသွားပြီဆိုရင်တော့ အောက်ကလင့်ခ်မှာ pre-register သွားရောက်လုပ်ဆောင်နိုင်ပါတယ် ခင်ဗျာ။

Pre-register (Android) – https://play.google.com/store/apps/details?id=com.playkot.ageofmagic

Download (iOS) – https://itunes.apple.com/us/app/age-of-magic/id1175370741?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password