Reviews

ဆဲလ်တစ်ခုနေရာကကစားရမှာဖြစ်ပြီးကြီးနိုင်ငယ်ညင်းဝါဒကိုပေါ်လွင်စေတဲ့ Agar.io!

မိတ်ဆွေက ဆဲလ်တစ်ခုဖြစ်သလို မိတ်ဆွေရဲ့ရန်သူတွေကလည်း ဆဲလ်တွေပါပဲ။ စစချင်းမှာတော့ ဆဲလ်တွေကအလွန်သေးငယ်နေတာကိုတွေ့ရမှာပါ။ ဒါပေမယ့် ပတ်ဝန်းကျင်မှာရှိတဲ့ရောင်စုံ ဆဲလ်တွေကိုလိုက်စား ရင်တော့ တဖြည်းဖြည်းကြီးထွားလာမှာပါ။ ပတ်ဝန်းကျင်မှာ မိတ်ဆွေတွေ့ရမယ့် ဆဲလ်ကနှစ်မျိုးရှိပါတယ်။

ပထမတစ်မျိုးက သေးငယ်ပြီးမလှုပ်ပဲရှိနေတဲ့ ဆဲလ်တွေဖြစ်ပါတယ်။ ဒုတိယ ဆဲလ်ကတော့ မိတ်ဆွေလိုလှုပ်ရှားနေပြီး ဆဲလ်တွေကိုလိုက်စားနေမှာပါ။ မိတ်ဆွေရဲ့ အဓိကရန်သူကတော့ ဒုတိယ ဆဲလ်ပါ။ မိတ်ဆွေရဲ့ ဆဲလ်က သူတို့ထက်ကြီးနေရင် မိတ်ဆွေကစားနိုင်မှာဖြစ်ပြီး သူတို့ရဲ့ဆဲလ်ကကြီးနေရင်တော့ မိတ်ဆွေကအစားခံရမှာဖြစ်ပါတယ်။

ဒုတိယ ဆဲလ်အမျိုးအစားက Global က Player တွေဆော့နေတာကြောင့် ပိုပြီးတော့တောင်သတိထားရမှာဖြစ်ပါတယ်။ Facebook Acc နဲ့ ချိတ်ပြီးတော့ Online Multiplayer ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ စစချင်းမှာ မိတ်ဆွေရဲ့ ဆဲလ်ထက် တခြား Player တွေရဲ့ ဆဲလ်ကပိုကြီးနေမှာဖြစ်တာကြောင့် မိတ်ဆွေရဲ့တာဝန်က ပတ်ပြေးပြီး ရပ်နေတဲ့ဆဲလ်ကိုလိုက်စားရမှာဖြစ်ပါတယ်။

မနိုင်ဘူးထင်ရင်ပတ်ပြေးပါ 😛

ဆဲလ်တွေကိုလိုက်စားပြီးတော့ မိမိရဲ့ ဆဲလ်လေးကြီးလာပြီဆိုရင်တော့ မိမိထက် သေးတဲ့ ဆဲလ်တွေကို အနိုင်ကျင့်ပြီးလိုက်စားနိုင်ပြီဖြစ်ပါတယ်။ ပြောရရင် Survival ဂိမ်းတစ်မျိုးပါပဲ။ ဒါပေမယ့် Player တွေအနဲ့ အတူတူဖိုက်ပြီး Survive လုပ်ရတယ်ဆိုတော့ပိုပြီးပျော်စရာကောင်းသွားတာဖြစ်ပါတယ်။ Facebook နဲ့ချိတ်ဆော့တာဖြစ်တာကြောင့် မိတ်ဆွေရဲ့ FB သူငယ်ချင်းတွေထဲက ဆော့တဲ့လူရှိတယ်ဆိုရင်ထိပ်တိုက်တွေ့ရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေရဲ့ ဆဲလ်အတွက် Skin မျိုးစုံရှိနေတာကိုလည်းတွေ့ရမှာပါ။ Skin တစ်ခုနဲ့တစ်ခုက ပုံစံကွဲပြားပြီး အရောင်တွေကလည်းလှနေတာကိုတွေ့ရမှာပါ။

အစားခံမလား (သို့) လိုက်စားမလား ? မိတ်ဆွေစိတ်ကြိုက်ပါပဲ။

Free to play ပါ။ Android နဲ့ IOS ဂိမ်းလေးဖြစ်ပါတယ်။ ရိုးရှင်းတဲ့ Survival ဂိမ်းလေးဖြစ်ပြီး Global က Player တွေနဲ့ပျော်ပျော်ပါးပါးဆော့ကစားနိုင်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Agar.io

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: