Reviews

ပေါ့ပေါ့ပါးပါးဆော့ကစားနိုင်မယ့် shooting ဂိမ်းအသစ် Aftermath – Online PvP Shooter

မင်္ဂလာပါ… Playon ပရိတ်သတ်ကြီးရေ။ Mobile gaming ရဲ့ ဒီနေ့ခေတ်ကြီးကတော့ Player တွေဘက်က အသစ်အဆန်းတွေကိုမှဆာလောင်နေသလို Developer တွေဘက်ကလည်းလိုအပ်ချက်မရှိရလောက်အောင်ဖြည့်ဆည်းပေးနေကြပါတယ်။ တစ်နေ့တခြားအသစ်ထွက်လာတဲ့ဂိမ်းတွေက သက်သေပါပဲနော်။ အဲ့ဒီလို အသစ်အသစ်သောဂိမ်းတွေထဲကမှ ပေါ့ပေါ့ပါးပါးနဲ့အပျင်းပြေဆော့ကစားနိုင်မယ့် shooting ဂိမ်းလေးတစ်ခုကို Playon ပရိတ်သတ်ကြီးကိုမိတ်ဆက်ပေးမယ်ဆိုရင် စိတ်ဆိုးကြမလားဗျ 😁။ ကျွန်တော့်ကတော့စိတ်ဆိုးမယ်လို့မထင်ပါဘူးဗျာ ဘာလို့လဲဆိုတော့အခုမိတ်ဆက်ပေးမယ့်ဂိမ်းလေးက release လုပ်တာမကြာသေးပေမယ့် player တွေရဲ့ feedback နဲ့ rating ကောင်းများစွာကိုပိုင်ဆိုင်ထားပြီး APKPure ရဲ့လတ်တလော editor’s choice game အနေနဲ့ရပ်တည်နေလို့ပါ။

Ok, ဘာကြောင့် rating တွေကောင်းရတာလဲ.. user feedback တွေကရောဘာတွေလဲဆိုတာသိရဖို့အတွက် ကျွန်တော်တို့ဂိမ်းကိုတစ်ချက်ကြည့်ကြရအောင်။ ပထမဆုံးအနေနဲ့ဂိမ်းရဲ့အမျိုးအစားကတော့ 3 Vs 3 Top-Down Multiplayer Action ပါ၊ ဒီလိုဂိမ်းအမျိုးအစားကို အခုခေတ် player တွေ စိမ်းနေသလိုဖြစ်နေပေမယ့် oldie gamer ကြီးတွေကတော့ကောင်းကောင်းရင်းနှီးပါလိမ့်မယ်။ Top-Down ဆိုတာကတော့ Third person ကိုမှ ကိုယ့် character ရဲ့အပေါ်စီးအနေအထား camera view ကနေကြည့်ပြီးနဲ့ဆော့ရတဲ့ဂိမ်းမျိုးတွေပါ။ အရင်တုန်းကအရမ်းခေတ်စားခဲ့တဲ့ shooter ဂိမ်းတွေပေါ့ (ဥပမာ ငယ်ငယ်ကအင်တာနက်ဆိုင်မှာအမုန်းဆွဲခဲ့တဲ့ PC ပေါ်က Alien Shooter game၊ 😍 သူက Top-Down ပါ)။

အခု Aftermath မှာတော့ Graphic ပိုင်းကိုတော်တော်လေးကောင်းအောင်လုပ်ထားပြီး 3D ဖြစ်တဲ့အတွက် camera view ကိုလည်းနည်းနည်းလေးပိုပြီးစောင်းထားပါတယ်။ Top-Down shooting လိုဂိမ်းအမျိုးအစားကိုပေါ့ပေါ့ပါးပါးနဲ့ PvP ဆော့လို့ရတယ်ဆိုတဲ့အချက်ကအရမ်းကြီး heavy ဖြစ်တဲ့ဂိမ်းတွေနဲ့ addictive ဖြစ်တဲ့ဂိမ်းတွေကြားပင်ပန်းနေတဲ့ player တချို့ကိုအကြိုက်တွေ့စေခဲ့တယ်နဲ့တူပါတယ်။

Game play ပိုင်းအနေနဲ့ဂိမ်းကိုစစဝင်ချင်းမှာ class သုံးခုကိုရွေးခိုင်းပါတယ်။ Guardian, Assasin နဲ့ Medic ဆိုပြီးကိုယ်ပိုင် ability တွေရှိတဲ့ character သုံးကောင်ပါ။ Guardian ဆိုရင် health အပြင် shield ပါမယ်၊ Assasin ဆိုကိုယ်ပျောက်နေမယ် Medic ဆိုရင်သူ့အနားကပ်လိုက်တာနဲ့သွေးပြန်ပြည့်မယ် စသဖြင့်ပေါ့ ကိုယ်ပိုင် ability တွေပါပါတယ်။ Character အရွေးမှားခဲ့ရင်လည်းမပူပါနဲ့နောက်ပိုင်းမှာစိတ်ကြိုက်လဲဆော့လို့ရပါတယ်။ ဒါပေမဲ့ Item တွေကတော့ character တစ်ကောင်ချင်းစီကို bond ဖြစ်ပါတယ်။(တစ်ကောင်ရဲ့ item ကိုအခြားကောင်သုံးလို့မရပါဘူး)

အဲ့ဒီလို class ရွေးလို့ရတာတွေအပြင်ကိုယ့် style အတိုင်းကြမ်းလို့ရမယ့်လက်နက်အမျိုးအစားစုံစုံလင်လင်ပါဝင်တာက feedback ကောင်းတွေရဲ့နောက်ထပ်အကြောင်းပြချက်တစ်ခုဖြစ်ပါလိမ့်မယ်။ ကျွန်တော်နာရီအနည်းငယ်ဆော့ကြည့်ပြီးတဲ့အခါမှာတော့ Assult Rifle, Shot Gun, Ray Gun, Sniper, Flame Thrower, Shock Gun, Scout Rifle, Laser Rifle တွေရနေပါပြီ😁။ ဒါနဲ့တင်ကုန်ဦးမှမဟုတ်တာကတော့သေချာပါတယ်။ အဲ့ဒါအပြင် speed တွေ health တွေပေါင်းပေးမယ့် equipment တွေကိုလည်းဆော့ရင်းနဲ့တဖြည်းဖြည်းရလာမှာပါ။

မိနစ်ပိုင်းသာကြာမယ့်ဂိမ်းတစ်ပွဲမှာတစ်ဖက်ကိုသုံးယောက်ဆော့ကစားရမယ့်ပုံစံဖြစ်ပြီး ပွဲမစခင်ကြိုက်ရာလက်နက်နှစ်မျိုးကိုကြိုတပ်ထားလို့ရပါတယ်။ ကိုယ့် character နဲ့လိုက်တဲ့လက်နက်မျိုးကိုင်တာအဆင်ပြေပါလိမ့်မယ်။ ဂိမ်းကအရမ်းကိုပေါ့ပါးပြီးတော့ဂိမ်းတစ်ပွဲရဲ့ကြာချိန်တိုတိုလေးထဲမှာအချိန်လုကစားရတာပျော်ဖို့အရမ်းကောင်းပါတယ်။ ကိုယ့်အကောင်သေသွားခဲ့ရင်လည်းပြန်ရှင်ဖို့စက္ကန့်ပိုင်းလောက်ပဲကြာပြီးတစ်ကောင်သတ်ရင်တစ်မှတ်နဲ့အမှတ်များတဲ့အသင်းကအနိုင်ဆိုတော့ယားရင်တောင်ကုတ်ချိန်ရမှာမဟုတ်ပါဘူး😂။

တစ်ခုရှိတာကအားနဲချက်လို့ပဲပြောရမလားပဲ ဒီဂိမ်းမှာ function တစ်ချို့ကို lock လုပ်ထားပါသေးတယ်။ Character lv တက်ရင်ယူရတဲ့ perks(talent) တွေ၊အဖွဲ့နဲ့ကြိုတင်အကွက်ချနိုင်မယ့်ဗျူဟာတွေကို lock လုပ်ထားပြီးနောက် update တွေနဲ့မှပါလာမယ်လို့ပြောထားပါတယ်။ ဒါကအားနည်းချက်ဆိုသလိုရင်ခုန်စရာလည်းဖြစ်နေတော့ဘယ်လိုပြောရမလဲသူ့အရသာကလေ 😁အိုအီးရှီ။ Ok စာလည်းရှည်သွားပြီနော်😁။ စာရေးသူကိုယ်တိုင်ဂိမ်းလေးကိုဆော့ကြည့်ပြီးပေါ့ပေါ့ပါးပါးနဲ့ပျော်ဖို့ကောင်းတာမို့လို့မသိသူတွေကျော်သွားပေမယ့် Playon ပရိတ်သတ်ကြီးကတော့ဖော်စားလို့ရအောင် ရဗျူးလုပ်ပေးလိုက်ရပါတယ်ခင်ဗျာ…..။ နောက်လည်းကောင်းနိုးရာရာဂိမ်းတွေကို Review လုပ်ပေးဦးမှာမို့ Playon ကို Like နဲ့ See First လုပ်ထားဖို့မမေ့နဲ့ဦးနော်။ Aftermath ကိုဆော့ချင်တယ်ဆိုရင်တော့အောက်ပါ link မှာ download ရယူနိုင်ပြီး file size ကတော့ 172 Mb ရှိပါတယ်ခင်ဗျာ။

Download link – Android (From apkpure, playstore)/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password