Reviews

3D ဘောလုံးလေးကိုထိန်းပြီးဆော့ရမယ့် Aerox!

Aerox ဟာအရင်တုန်းက PC မှာနာမည်ကြီး Mini ဂိမ်းလေးတစ်ခုဖြစ်တဲ့ Balance ကိုပြန်လည်အောက်မေ့စေနိုင်တဲ့ဂိမ်းလေးပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ In-game System က Balance နဲ့ဆင်နေလို့ပါ။ ဆင်ရုံပဲဆင်တာပါ၊မတူပါဘူး။ Aerox ဆိုတဲ့ဂိမ်းလေးကို Download ဆွဲပြီးဆော့တဲ့လူဦးရေဟာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်ရင် 11 Million ကျော်ရှိပါတယ်လို့ဖော်ပြထားပါတယ်။ Download ဆွဲတဲ့လူဦးရေကိုကြည့်ခြင်းဖြင့်ဆော့လို့ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်မှာကိုမှန်းဆနိုင်ပါပြီ။ Action နဲ့ Puzzle ကိုရောစပ်ဖန်တီးထားတဲ့ ဂိမ်းလေးလဲဖြစ်ပါတယ်။

ဒီဂိမ်းမှာမိတ်ဆွေရဲ့ Character က 3D ဘောလုံးလေးပါ။ မိတ်ဆွေက အဲ့ဒီ 3D ဘောလုံးလေးကိုထိန်းချုပ်ပြီး သတ်မှတ်ထားတဲ့နေရာကိုသွားရမှာပါ။ မိတ်ဆွေသွားရာလမ်းရဲ့ အောက်ခြေမှာ ချောက်ကမ်းပါးကြီးရှိနေမှာပါ။ လမ်းတလျှောက်မှာဘေးဘောင်တွေရှိမှာမဟုတ်တဲ့အတွက်ဘေးကနေချော်ပြီးပြုတ်ကျရင်တော့ Game Over မှာဖြစ်ပါတယ်။ ဒါ့အပြင်လမ်းတလျှောက်မှာ အရာဝတ္ထုတွေရှိနေဦးမှာပါ။ အဲ့ဒီအရာဝတ္ထုတွေကိုထိရင်ဘာမှတော့မဖြစ်ပါဘူး။ အရေးကြီးဆုံးက သွားရာလမ်းကနေပြုတ်မကျဖို့ပါပဲ။

 

ဘောလုံးကိုထိန်းချုပ်တဲ့အခါ ဖုန်း Screen ကိုတောင်ထိစရာမလိုပါဘူး။ ဖုန်းလေးကိုလှုပ်ပြီးထိန်းရုံပါပဲ။ အရှေ့၊ အနောက်၊  ဘယ်၊ ညာကိုပြုတ်မကျအောင်ထိန်းပြီးသတ်မှတ်ထားတဲ့နေရာကိုသွားရမှာပါ။ လွယ်ကူရိုးရှင်းတဲ့ဂိမ်းလေးဖြစ်ပြီး အသည်းယားစရာကောင်းတဲ့ဂိမ်းလေးလဲဖြစ်ပါတယ်။ Endless ဂိမ်းအမျိုးအစားတော့မဟုတ်ပါဘူး။ Level တွေတော့သတ်မှတ်ပေးထားပါတယ်။ တစ်ခန်း နိုင်ရင် နောက်တစ်ခန်းကို Level အသစ်အနေနဲ့ဆော့ရမှာဖြစ်ပါတယ်။ Level ဘယ်လောက်အထိရှိလဲဆိုတာတော့ ပြထားမှာတော့မဟုတ်ပါဘူး။ Level တစ်ခုနိုင်မှ နောက် Level တစ်ခုကိုမြင်ရမဲ့ Style ဖြစ်ပါတယ်။ စိတ်ဝင်စားစရာပါပဲ။ Level အစပိုင်းမှာ အရမ်းမသိသာသေးပေမဲ့ နောက်ပိုင်း Level တွေရောက်ရင် လမ်းတလျှောက်မှာ အရာဝတ္ထုတွေအပြင် ထောင်ချောက်တွေပါတွဲပြီးပါလာမှာဖြစ်တာကြောင့် သတိတော့ထားရမှာပါ။

 

စစချင်းပေးထားတဲ့ ဘောလုံးပုံစံလေးကတော့ အပြာရောင်လေးနဲ့ လှပါတယ်။ ဒါပေမဲ့မိတ်ဆွေက မကြိုက်ဘူးဆိုရင် Customize လုပ်ပေးထားတဲ့ဘောလုံးပုံစံ 5 မျိုးကိုစိတ်ကြိုက်ရွေးနိုင်ပါသေးတယ်။ အဲ့ဒါတွေကတော့ တကယ့် ပိုက်ပိုက်(ပိုက်ဆံ) နဲ့ဝယ်ရမှာပါ။ Free To Play ဂိမ်းလေးပါ။ IOS Platform တစ်မျိုးတည်းမှာသာကစားနိုင်တဲ့ဂိမ်းဖြစ်ပါတယ်။ Action နဲ့ Puzzle ကိုသေသေချာချာရောစပ်ထားပြီး အသည်းယားတဲ့ခံစားမှုကိုပါပေးစွမ်းနိုင်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Source : https://itunes.apple.com/us/app/aerox/id370532221?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: