Reviews

ပင်လယ် အငွေ့အသက်များ ခံစားရင်း ရွက်လွှင့် ကြမယ် DOKDO

Simulation ဂိမ်းအမျိုးအစား တစ်ခုဖြစ်ပြီး ပင်လယ်ပြင်ထဲ ရွက်လွှင့် သွားလာရမယ့် ဂိမ်းလေးဘဲ ဖြစ်ပါတယ်။ DOKDO လို့ အမည်ပေးထားတဲ့ ဂိမ်းကတော့ လှပတဲ့ ပင်လယ်ပြင်ထဲ မှာ ရွက်လွှင့်သွားလာ ရှင်သန်လှုပ်ရှားရမယ့် ဂိမ်းတစ်ခုလို့ ပြောပါရစေ။ ဒီပင်လယ်ပြင်ထဲမှာ ကတော့ မိတ်ဆွေတစ်ယောက်ထဲ မဟုတ်ဘဲ အခြား သူများလည်း ရှိနေမှာ ဖြစ်ပြီး တစ်ခါတစ်ရံ ထိပ်တိုက် တွေ့ဆုံတဲ့ အခါ ပစ်ခတ်ဖို့တော့ လိုအပ်မှာဖြစ်ပြီး သန်မာလွန်းလှတဲ့ ရေဘဝဲတွေကိုတော့ သင့်အနေနဲ့ သတိထားသင့်ပါတယ်။

ရိုးရှင်းတဲ့ ပုံစံဖြစ်ပေမယ့် ဂိမ်းအားဖြင့် ကျွန်းတစ်ခုရဲ့ လှပခြင်းကို ပုံဖော်နိုင်ခြင်းများနဲ့အတူ သင့်အနေနဲ့ ပျော်ရွှင်မှုကို ခံစားရမိစေမှာလည်း ဖြစ်ပါတယ်။ မိမိရဲ့ လှေနဲ့အတူ အမြောက်များကို upgrade များပြုလုပ်ပြီး ပင်လယ်ပြင်ထဲက Arena များမှာ တိုက်ခိုက်ရင်း အောင်မြင်မှုများ ရယူဖို့ အဆင်သင့် ဖြစ်နေပြီလား။

ဂိမ်းကိုတော့ mobile platform များ ဖြစ်တဲ့ Google Play အပြင် App Store များမှာ Free to Play အနေနဲ့ ရယူနိုင်ပြီ ဖြစ်ပါတယ်။ ပင်လယ်ထဲ ရွက်လွှင့်ရင်း ပျော်ရွင်မှုများကို ဖန်တီးနိုင်ပါစေလို့ ရည်ရွယ်ရင်း . . . . . . . . . . . . . ။

Google Play Store

App Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: