Reviews

စွန့်စားသွားလာလိုသူတွေကို လိုအပ်နေတဲ့ Baki

 

Adventures of Baki : စွန့်စားခန်းများစွာ ပါဝင်တဲ့ ခရီးရှည်တစ်ခုကို စွန့်စားသွားရောက်ဖို့ အတွက် Baki လေးက တော့ သင့်ကို စောင့်မျှော်နေကြောင်း သတင်းကောင်းလေးပါး လိုက်ပါရစေ။

ဒီဂိမ်းဟာ ဆိုရင်ဖြင့် mobile game platform ပေါ် မကြာသေးမှီက အသစ်ရောက်ရှိလာတဲ့ Adventure ဂိမ်း အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဂိမ်းတစ်ခုမှာ အဓိကကျတဲ့ story line ကို ကြည့်လိုက်ရင်လည်း သူ့ story line နဲ့အတူ အခိုင်အမာ တည်ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဂိမ်းထဲမှာ အဓိက ဇာတ်လိုက်မင်းသားလေး Baki လို့ခေါ်တဲ့ အစိမ်းရောင်အကောင်ငယ်လေး ဟာ သစ်သီးများစားရတာကိုနှစ်သက်သူဖြစ်ပြီး အအိပ်မက်တဲ့ သူတစ်ယောက်လည်း ဖြစ်တယ်။

ငြိမ်းချမ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ Baki ရဲ့ ကမ္ဘာလေးဟာ တစ်နေတော့ မွန်းစတားများရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရယုံသာမက သူရဲ့ စုဆောင်းထားတဲ့ သစ်သီးများဟာလည်း မွန်းစတားများနဲ့ အတူပါသွားခဲ့ရတယ်။

အကောင်သေးပေမဲ့ အဆိပ်ပြင်းတယ် ဆိုတဲ့ အတိုင်း Baki လေးဟာ ဘယ်လို အစွမ်းအစ ခွန်အားတွေနဲ့ မွန်းစတားတွေကို တိုက်ခိုက်အနိုင်ယူ မလည်းဆိုတာကို Baki လေးနဲ့ အတူ ရင်ခုန်စွာ ခရီးရှည်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။

စွန့်စားခန်းများစွာပါဝင်တဲ့ ဒီဂိမ်းဟာ ဆော့တဲ့သူတွေအနေနဲ့ ထိန်းချုပ်ရတာ လွယ်ကူစေမှာ ဖြစ်ပါတယ်။ ဘာလို့ ထိန်းချူပ်ရ လွယ်ကူနေရသလည်း ဆိုရင်ကတော့ ဖုန်း screen ရဲ့ ဘယ်ဖက်ခြမ်းရဲ့ အောက်ဖက်မှာ ပါဝင်တဲ့ Left and Right ဆိုတာကတော့ ရှေ့တိုး နောက်ဆုတ် ခလုတ်အဖြစ် တည်ရှိနေတာက တစ်ကြောင်း၊ ဖုန်း screen ရဲ့ ညာဖက်မှာတော့ Jump ဆိုတဲ့ ရိုးရှင်းတဲ့ controller စနစ်ပါဝင်တဲ့ အတွက် ဂိမ်းကို ထိန်းချုပ်ဖို့ လွယ်ကူစေမှာ ဧကန်အမှန်ဖြစ်ပါတယ်။

Mobile user များအနေနဲ့ မိမိရဲ့ ဖုန်းထဲမှာ ထားရှိသင့်တဲ့ mobile game တစ်ခုလည်း ဖြစ်ပါတယ်။ အစိမ်းရောင် အကောင်ငယ်လေး Baki လေးဟာ မြင်သူတိုင်းကို စိတ်ကြည်နူးစေယုံသာမက ချစ်စရာကောင်းလို့နေပါတယ်။

ဂိမ်းအတွင်းမှာ Baki လေး အဓိက လုပ်ဆောင်ရမဲ့ တာဝန်များကတော့ မွန်းစတားများနဲ့ တိုက်ခိုက်ခြင်း၊ ကြယ်များ စုဆောင်းခြင်း၊ စွန့်စားခန်းငယ်များမှ သစ်သီးများ စုဆောင်းခြင်း စတဲ့ တာဝန်များကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

စွန့်စားမှုတွေ များလာတဲ့ အမျှ Baki လေးဟာလည်း ကျွမ်းကျင်မှု တွေ ဘယ်လို အဆင့်မြင့် လာမလည်း ဆိုတာကို လက်တွေ့ခံစားကြည့်နိုင်ဖို့ adventure andriod ဂိမ်းတစ်ခုကို မိတ်ဆက် ပေးရင်း . . . . . . . .။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password