Reviews

ကလေးဘဝတုန်းကအရမ်းကိုကြိုက်ခဲ့ရတဲ့ပုံပြင်တွေနဲ့ပြန်လည်တွေ့ရမယ့် Adventures in Dreamland

Adventure in Dreamland က စိတ်ဝင်စားဖို့ အရမ်းကောင်းတဲ့ မိုလ်ဘိုင်း puzzle ဂိမ်းဖြစ်ပါတယ်။ ဂိမ်းထဲမှာ တစ်ပိုင်း တစ်စစီ ဖြစ်နေတဲ့ ပုံပြင် အစိတ်အပိုင်းတွေကို အပြည့် ပြန်လုပ်ပေးရမှာပါ။ ဘယ်တော့မှာ ရိုးအီ မသွားတဲ့ ပုံပြင်တွေနဲ့ ကစားရမယ့် ဂိမ်းဖြစ်တာကြောင့် story lovers တွေ ကြိုက်ကြမှာပါ။

ဖြေရှင်းရမယ့် puzzle က တစ်စစီဖြစ်နေတဲ့ ပုံတွေကို တွဲဆက်ပြီး အပြည့်ပုံ တစ်ပုံရအောင် ပြုလုပ်ပေးရမှာပါ။ ပြောရရင်တော့ ငယ်ငယ်တုန်းက ကစားဖူးတဲ့ အရုပ်ဆက်ဂိမ်း ပုံစံမျိုးပေါ့။ အရုပ်ဆက်ဂိမ်းနဲ့ ပုံပြင်ထဲမှာပါတဲ့ ပစ္စည်းတွေ ၊ ဇာတ်ကောင်တွေကို စုဆောင်းပြီး ပုံပြင်တစ်ပုဒ်လုံး အပြည့် ဖြစ်သွားအောင် ပုံဖော်ပေးရမှာပါ။

ဂိမ်းထဲမှာ အိပ်ရာဝင်ပုံပြင်တွေ အပြင် သင့်ရဲ့ တကယ့် အစစ်အမှန် ပုံပြင်ကို လည်း ဖန်တီးလို့ရပါတယ်။

Adventure in Dreamland ထဲမှာ ပါဝင်တဲ့ ပုံပြင် တွေကို Snow White, The Sleeping Beauty နဲ့ Aladdin’s Lamp စတဲ့ နာမည်ကြီး ပုံပြင်တွေကနေ ယူထားတဲ့အတွက် အကြောင်းအရာတွေက အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်နေမှာပါ။ ပါဝင်တဲ့ ပုံပြင်တွေအားလုံကို ကစားရင်းနဲ့ unlock လုပ်သွာရမှာဖြစ်တဲ့အတွက် နောက်ဘာလာမလဲဆိုတာ ကြိုပြီး မသိနိုင်ပါဘူး။

ကစားပုံက ရိုးရှင်းလွယ်ကူပြီး မြေပုံမှာပြထားတဲ့ အတိုင်း ကစားသွားရုံပါပဲ။ ဂိမ်းထဲမှာ ရာချီတဲ့ items တွေနဲ့ မတူညီတဲ့ ဇာတ်ကောင်တွေက သင် unlock လုပ်ယူတာ ခံဖို့အတွက် စောင့်နေပါတယ်။ Puzzles ဂိမ်းကို storyline ပုံစံ ဖန်တီးထားတာဖြစ်ပြီး ကစားနေရင်းနဲ့ သင့်ရဲ့ စိတ်က သာယာနာပျော်ဖွယ်ကောင်းတဲ့ သံစဉ်လေးတွေက ခေါ်ဆောင်သွားမှာပါ။ ဆွဲဆောင်မှုရှိတဲ့ဇာတ်ကောင်တွေနဲ့ လှပတဲ့ ဒီဇိုင်းပုံဖော်မှုကလည်း စိတ်ဝင်စားဖို့ အရမ်းကောင်းတဲ့အတွက် ပေါ့ပေါ့ပါးပါး ကစားလို့ရတဲ့ ဂိမ်းတွေထဲက အကောင်းဆုံးတစ်ခုလို့ပြောလို့ရပါတယ်။

IOS platform တစ်မျိုးတည်းမှာသာ Free ကစားနိုင်မှာဖြစ်ပါတယ်။

 

Download link (IOS) – https://itunes.apple.com/us/app/adventures-in-%20dreamland/id1211652351?mt=8

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: