News

စွန့်စားမှုတွေနဲ့ ခရီးဆက်ရမယ့် Ayo: A Rain Tale

မိန်းကလေး တစ်ယောက်နေရာကနေ စွန့်စားမှုများနဲ့ ခရီးဆက်ရမယ့် ဂိမ်းလေးဖြစ်တဲ့ Ayo: A Rain Tale အမည်ရတဲ့ ဂိမ်းလေးဟာ mobile platform များပေါ်မှာ ရောက်ရှိနေပါပြီ။ မိန်းကလေး တစ်ယောက် အနေနဲ့ အန္တရာယ် ရန်များစွာထဲက လွတ်မြောက်အောင် ကြိုးစားပြီး မိမိရဲ့ နယ်မြေထဲမှာ လိုအပ်တဲ့ ရေကို ရှာဖွေပြီး မိမိနေရပ်ကို ပြန်လာရဖို့ ဖြစ်ပါတယ်။

       

ကန္တာရ အတွင်းမှာ ရှင်သန် လှုပ်ရှားသွားလာမှုများနဲ့အတူ သဘာဝဘေးအန္တရာယ်များမှလည်း လွတ်မြောက်အောင် ကြိုးစားသွားဖို့လည်း ရှိနေပါတယ်။ ပြောရမယ်ဆိုရင် ဒီဂိမ်းဟာ developer များအနေနဲ့ background story ခိုင်ခိုင်မာမာနဲ့ တည်ဆောက်ထားပြီး adventure indie ဂိမ်းအမျိုးအစားမှာကတော့ မိတ်ဆွေအတွက် စွန့်စားခန်းများစွာနဲ့ အတူ ဖြေရှင်းစရာ ပုဒ်စာများနဲ့ အတူ ဖြစ်ရပ်များလည်း ပါဝင်နေတာကြောင့် စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။

        

သင့်အနေနဲ့ အန္တရာယ် သားကောင်များသာမက ရာသီဥတု အခြေအနေများလည်း ကျော်ဖြတ်ရမှာလည်း စိန်ခေါ်မှုတွေနဲ့ ဖြစ်တည်နေပါတယ်။ ဂိမ်းရဲ့ control ပိုင်းကလည်း ရိုးရှင်းပြီး မိမိကိုယ်တိုင် ဖြေရှင်းရမယ့် အရာများဟာလည်း ရှိနေမယ်လို့ ပြောထားတဲ့ အတိုင်း မိတ်ဆွေအနေနဲ့ Jump ခုန်တက်ခြင်း၊ အချို့ နေရာများဟာ crawl တွားသွားခြင်းများ ဖြင့် ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။

စွန့်စားမှုများ၊ ဖြေရှင်းစရာ ဖြစ်ရပ်များစွာနဲ့ အတူ မိန်းကလေးတစ်ယောက်ဟာ စောင့်မျှော်နေတာကြောင့် မိတ်ဆွေအနေနဲ့ adventure ၊ puzzels ဂိမ်းများကို စိတ်ဝင်စားသူတစ်ယောက် ဆိုရင်တော့ ဒီဂိမ်းဟာ မိတ်ဆွေအတွက်ရောက်ရှိလို့ လာပြီဖြစ်ပါတယ်။ မိုလ်ဘိုင်း Platform များဖြစ်ကြတဲ့ Google play store နဲ့အတူ App Store များမှာ သွားရောက်ရယူနိုင်ပြီ ဖြစ်ပါတယ်။ Google Play Store မှာဆိုရင်တော့ MMK 3,995 နဲ့ ရယူနိုင်ပြီးတော့ App Store မှာကတော့ USD $ 2.99 ပမာဏနဲ့ ရယူနိုင်ပြီဆိုတော့ တစ်ကယ်တန်လွန်းတဲ့ Adventure ဂိမ်းကောင်းတစ်ခုဘဲ မဟုတ်လားဗျာ။ ဒါ့ကြောင့် Playon မိတ်ဆွေများအနေနဲ့လည်း ဂိမ်းကောင်းတစ်ခုကို ရယူပိုင်ဆိုင်ရင်း ကြုံတွေရမယ့် အန္တရာယ်များကို ကျော်လွှားပြီး မိမိလိုချင်တဲ့ ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း Playon နဲ့အတူ ရှိနေဖို့ ခေါ်ဖိတ် လိုက်ရပါတယ်. . . . . . . . . . ။

Google Play Store

App Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: