
သင်က စွန့်စားခန်းတွေကို စိတ်ဝင်စားတဲ့ သူတစ်ယောက်လား???
ဟုတ်တယ် ဆိုရင်တော့ဝမ်းသာလိုက်ပါတော့။ 😀 😀
သင့်အတွက် သတင်းကောင်းပါလာပါပြီ။ စွန့်စားခန်းတွေနဲ့ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ Machinnarium ဟာဆိုရင် Android ပေါ်မှာ ဈေးတွေချပေးနေပါပြီနော်။ ချပေးတဲ့ ဈေးကတော့ ထက်ဝက်ကျော်ပါ။
Woww ဒီအခွင့်အရေးကိုတော့ လုံးဝကို လက်မလွှတ်သင့်တော့ပါဘူးနော်။
ဒီဂိမ်းလေးက Samorost ,Botanicula နဲ့ CHUCHEL တို့ ဖန်တီးထားတဲ့ ဂိမ်းလေးဖြစ်ပါတယ်။
Machinarium ဂိမ်းလေးအကြောင်းကို မကစားခင်မှာ သိရအောင်ပြောပြပေးပါမယ်နော်။ ဂိမ်းထဲမှာ Josef လို့ခေါ်တဲ့ စက်ရုပ်လေးတစ်ကောင်ပါပါတယ်။ စက်ရုပ်လေးဟာ ပြန်ပေးဆွဲခံထားရတဲ့ သူ့ရဲ့ ချစ်သူကောင်မလေးကို ရှာဖွေဖို့အတွက် စွန့်စားခန်းတွေကို ကျော်ဖြတ်ရမှာပါ။ ဒီဂိမ်းထဲမှာ player က ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေတဲ့ ချစ်သူ ကောင်မလေးကို ရှာဖွရမယ့် စက်ရုပ် Josef လေးနေရာကနေ ပါဝင်ရမှာဖြစ်ပါတယ်။နမူနာ ဗီဒီယိုလေးကို အောက်မှာ ကြည့်သွားနိုင်ပါတယ်။
ဂိမ်းထဲမှာ လုပ်ဆောင်ရမယ့် ဆောင်ရွက်ချက်တွေထဲမှာ ပျက်ဆီးနေတဲ့ ကမ္ဘာကြီးကို ရှာဖွေခြင်း၊ puzzle တွေကို ဖြေရှင်းခြင်းနဲ့ သူငယ်ချင်းအသစ် ပြုလုပ်မှုတွေပါဝင်ပါတယ်။ အကယ်၍ သင်က စွန့်စားခန်း ဆန်ဆန်ဂိမ်းတွေ၊ ကောင်မလေးကို ကယ်တင်တဲ့ / ချစ်သူကောင်မလေးကို ကယ်တင်တဲ့ သူရဲကောင်း ဆန်ဆန်ဂိမ်းလေးတွေကို သဘောကျနှစ်သတ်တယ်ဆိုရင်တော့ အခုပဲ ပြေးပြီး download လုပ်ယူလိုက်တော့နော်။ ဈေးက လည်း တစ်ဝက်လျော့ဈေးဆိုတော့ လုံးဝကို ကစားဖို့ perfect ပါပဲ။
အရင်ဈေး ၄.၉၉ ဒေါ်လာ ကနေ ၁.၉၉ ဒေါ်လာ အထိ ကျသွားတာပါ။ စိတ်မကောင်း စရာ သတင်း တစ်ခုကတော့ iOS တွေအတွက် ခုချိန်ထိ ဈေးချပေးတာကို မတွေ့ရသေးပါဘူး… XD
Download – Android
Source – https://www.droidgamers.com