NewsReviews

သင်မသိသေးတဲ့ Angry Birds ဂိမ်းများ

Angry Birds ဆိုတာနဲ့ ကျွန်တော်တို့ ငယ်ဘဝလောက်ကို ပြန်ပြေးမြင်ကြမှာပါ။ မျက်ခုံးထူထူရုပ်ဆိုးကောင်ကို လောက်လွှဲထဲထည့်ပြီးဝက်တွေကို ပြစ်ရတဲ့အရသာကို ကျွန်တော်တို့မေ့နိုင်လောက်မယ်မထင်ပါဘူးဗျာ 😁 ။ Rovio Entertainment ကနေထုတ်လုပ်ခဲ့တဲ့ Angry Birds ဂိမ်းဟာအတော်လေးအောင်မြင်ခဲ့ပြီး PC ပေါ်မှာသာမကပဲ အခု mobile ပေါ်မှာပါ ကစားလို့ရနေခဲ့ပါပြီ။ လူသိနည်းနေသေးတာက Angry Birds 2, Rio, Space, StarWars, Seasons စတဲ့ ရိုးရိုးလောက်လွှဲနဲ့ ပြစ်ကစားရတဲ့ ဂိမ်းတွေအပြင် gameplay မတူညီတဲ့ အခြားဂိမ်းတွေ mobile ပေါ်မှာ ရှိနေသေးတယ်ဆိုတာပါ။ Angry Birds Character တွေနဲ့ ဂိမ်းရဲ့မူလဇာတ်အိမ်ကို မသွေဖယ်ပဲ Rovio Entertainment ကနေ Angry Birds ဂိမ်းအသစ်တွေ ဘယ်လိုဖန်တီးထားလည်းဆိုတာကိုတော့ တစ်ခုခြင်းဆီပြောပြပေးသွားပါမယ်ခင်ဗျာ။

1. Angry Birds: Go

ဒီဂိမ်းလေးကတော့ထွက်ထားတာကြာပြီဖြစ်ပြီး Angry Birds ပုံပြောင်းဂိမ်းတွေထဲက ပထမဦးဆုံးဂိမ်းလို့ ပြောလို့်ရပါတယ်။ ဒီဂိမ်းမှာစပြီး Angry Birds တွေကို ကားမောင်းခိုင်းလိုက်ပါပြီ 😂။ Gameplay က Mario Cart တို့ Ps2 ကမြေခွေးကားမောင်းတို့နဲ့ ဆင်တူပြီး online ကစားရမှာပါ။ ကိုယ့်ရဲ့ကားကို upgrade အမျိုးမျိုးလုပ်ပြီးအနိုင်ရအောင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Angry Birds Go ကို ကစားချင်ရင်တော့အောက်က link မှာဒေါင်းယူနိုင်ပါတယ်။

Download link – Android

2. Angry Birds:Transformers

အဲ့မှာစတွေ့ပါပြီဗျာ …..😂 Angry Birds တွေနေရင်းထိုင်ရင်းငှက်ဘဝကနေ ကားစက်ရုပ်တွေ ဖြစ်ကုန်ပါပြီ။ ငှက်အမျိုးအစားအလိုက်စက်ရုပ်တွေအဖြစ်ပြောင်းကုန်ပြီး ( ဥပမာ Red -> Optimus Prime ) မတူညီတဲ့ ပါဝါတွေလည်းရလာပါတယ်။ စက်ရုပ်ပုံစံနဲ့ဝက်တွေကို ပြစ်လိုက်၊ ကားပုံစံပြောင်းပြီးမောင်းလိုက်နဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။ Arcade ဂိမ်းအမျိုးအစားဖြစ်ပြီး gameplay ကလည်း တစ်ဆင့်ချင်းမြှင့်သွားရတာမျိုးဖြစ်လို့ ဆော့လို့ကောင်းပါတယ်။ Angry Birds: Transformers ကိုတော့ အောက်ပါ link ကနေဒါင်းယူပြီး စမ်းသပ်ဆော့ကစားနိုင်ပါပြီခင်ဗျ။

Download link – Android

3. Angry Birds: Epic RPG

Image Url –
Image Ref – qualityindex.com

ဒီတစ်ခုကတော့ဂိမ်းရဲ့နာမည်အတိုင်း RPG ပုံစံ ဖြစ်သွားပါတယ်။ Angry Birds တွေနဲ့သူတို့ရဲ့ရန်သူတော် ဝက်တွေဟာဆိုရင်ဖြင့် တုတ်တွေဓားတွေကိုစီ ဆွဲကိုင်ပြီးဆော်ကြနှက်ကြတော့မှာဖြစ်ပါတယ် 😅 ။ Equipment တွေ ability တွေစုံစုံလင်လင်ပါဝင်တဲ့အပြင် Mage, Archer စတဲ့ RPG role တွေကိုပါ Angry Bird version နဲ့တွေ့ရမယ့်ဂိမ်းဖြစ်ပါတယ်။ ဒါ့အပြင် RPG ဂိမ်းပရိတ်သတ်တွေကို loot အလန်းစားတွေနဲ့ဆွဲဆောင်ထားနိုင်မယ့်ဂိမ်းဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲအောက်က link မှာဒေါင်းယူနိုင်ပါပြီ။

Download link – Android

4. Angry Birds: Evolution

ဒါကတော့ပုံပြောင်းဂိမ်းတွေထဲကနောက်ဆုံးမှထွက်လာတဲ့ဂိမ်းပဲဖြစ်ပါတယ်။မျက်နှာချည်းပဲပါတဲ့ အရင်ပုံစံကာတွန်းငှက်တွေကနေခြေတွေလက်တွေပါတဲ့ 3D ငှက်တွေအဖြစ် evolved ဖြစ်သွားတဲ့ version ဖြစ်ပါတယ်။ Graphic အနေအထားကအစအတော်လေးကောင်းမွန်လာပြီးဖန်တီးမှုလည်းကောင်းတဲ့ဂိမ်းတစ်ခုပါ။ လုံးဝဒေါသထွက်နေတဲ့ ငှက်ဆိုးဖိုက်တာကြီးတွေကို badass ကျကျမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ Gameplay ကတော့အရင်က ဘေးတိုက်လောက်လွှဲပြစ်ပြီးဆော့ရတဲ့ပုံစံကိုရှေ့တည့်တည့်ကနေပြစ်ရတဲ့ gameplay အဖြစ်ပြန်လည်လည်ဆန်းသစ်ထားပါတယ်။ ငှက်တွေကိုပိုကြမ်းလာအောင်အဆင့်ဆင့် evolve လုပ်ပြီးဆော့ကစားသွားရမှာ ဖြစ်ပါတယ်။ Angry Birds: Evolution ကိုအောက်က link မှာဒေါင်းယူနိုင်ပါပြီခင်ဗျ။

Download link – Android

အခုတင်ဆက်ပေးသွားတာကတော့လူသိနည်းနေသေးတဲ့ Angry Birds ဂိမ်းတွေအကြောင်းပဲဖြစ်ပါတယ်။ သိပြီးသူတွေလည်းရှိပေမယ့်မသိရသေးတဲ့သူတွေကတော့ Angry Birds ဆိုတာ လေးခွပြစ်ရတဲ့ဂိမ်းအပြင်အခြားဂိမ်းအလန်းစားတွေရှိသေးတယ်ဆိုတာ သိသွားလောက်ပြီထင်ပါတယ်ခင်ဗျ။ နောက်ထပ်လည်းအခုလိုဆောင်းပါးတွေကို Playon ကနေတင်ဆက်ပေးဦးမှာမို့ like & see first လေးလုပ်ထားပေးပါဦးနော်။ အားလုံးပဲသာယာတဲ့ gaming နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီလောက်နဲ့ရပ်နားခွင့်ပြုပါဦးခင်ဗျာ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password