
ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ eSports နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ ထည့်သွင်းပြဌာန်းကြတာဟာဆိုရင် နောက်ပိုင်းမှာ Trend တစ်ခုလိုကိုဖြစ်လာပါတယ်။ ကျောင်းသားတွေရဲ့ ဂိမ်းဆော့တဲ့ Skill Level ကို Train ပေးတဲ့ သင်တန်းကျောင်းတွေကနေ Gaming Industry နဲ့စပ်ဆိုင်တဲ့ အလုပ်အကိုင်တွေလုပ်ကိုင်လို့ရမယ့် ဂိမ်းရေးဆွဲတာတွေ၊ ဒီဇိုင်းဆွဲတာတွေ၊ Event Organize လုပ်တာတွေကို ကျကျနနသင်ပေးတဲ့ကျောင်းတွေအထိ အစုံစုံအဖုံဖုံပါပဲ။
အဲဒီလိုကျောင်းတွေမှာ သင်ရိုးအနေနဲ့ရွေးချယ်ပြဌာန်းခံရတဲ့ဂိမ်းတွေက နှယ်နှယ်ရရတွေတော့မဟုတ်ပါဘူး။ Dota 2, League of Legends, CS: GO, Overwatch တို့လို ကမ္ဘာတစ်ဝန်းမှာ ကစားသူသန်းချီပြီးရှိတဲ့ဂိမ်းတွေမှ ရွေးချယ်ခံရတာဖြစ်ပါတယ်။ အခုတော့ အဲဒီလို ကျောင်းတွေမှာ သင်ရိုးအနေနဲ့ ပြဌာန်းခံရတဲ့ဂိမ်းစာရင်းထဲကို ဒီနောက်ပိုင်း အရမ်းပေါ်ပြူလာဖြစ်လာတဲ့ Fortnite လည်း ပါဝင်လာပြီဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ Ohio ပြည်နယ်က Ashland University က Fornite ဂိမ်းမှာ ထူးချွန်တဲ့ကျောင်းသားတွေကို ဒေါ်လာ ၄,၀၀၀ တန်ဖိုးရှိတဲ့ Scholarship တွေ စတင်ပေးအပ်နေပြီဖြစ်ပါတယ်။ အဲဒီတက္ကသိုလ်က eSports Program ရဲ့ နည်းပြဖြစ်တဲ့ Josh Buchanan က “Fortnite ဟာ အမှန်အကန်ဆော့တဲ့သူတွေရာ Casual Gamer တွေအတွက်ပါ သင့်တော်တဲ့ဂိမ်းတစ်ခုပါ။ ဂိမ်းအတွင်းမှာ ဖြတ်ထိုးဉာဏ်တွေအသုံးပြုပြီး ကစားရတာဖြစ်လို့ Gamer တွေအနေနဲ့ သူတို့ရဲ့အရည်အချင်းတွေကို ကောင်းကောင်းပြသနိုင်ပါတယ်။ သူတို့ကျောင်းအနေနဲ့ ပြိုင်ပွဲတွေအထိတက်ဆော့ချင်တဲ့ Gamer တွေအတွက် ဒီလို Program ကို ဖန်တီးပေးခွင့်ရတဲ့အတွက် အရမ်းပဲစိတ်လှုပ်ရှားမိပါတယ်။” လို့ ပြောကြားထားခဲ့ပါတယ်။
ဒါကြောင့် Ashland University ဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံးသော Fortnite ကို Education Program မှာ ထည့်သွင်းပြဌာန်းတဲ့ကျောင်း ဖြစ်လာခဲ့ပါတယ်။ Fortnite ပေါ်ပြူလာဖြစ်လာပုံနဲ့ဆိုရင် အခြားအခြားသောကျောင်းတွေကလည်း များမကြာမီမှာပဲ ဒီခြေရာကိုလိုက်နင်းကြလောက်ပါတယ်။ ကဲ.. Fortnite Player တွေ.. နားသာစွင့်ထားလိုက်ကြပါတော့။