News

Mobile device တွေအတွက် မိတ်ဆက်လိုက်တဲ့ EA ရဲ့ Command & Conquer: Rivals

Command & Conquer game အသစ်ကို မကြာခင်မှာ Android နဲ့ iOS အတွက်ကစာလို့ရတော့မယ်လို့ E3 2018 press conference မှာ Electronic Arts ကကြေညာခဲ့ပါတယ်။ နာမည်အပြည့်အစုံက Command & Conquer: Rivals ဖြစ်ပြီး အခု၂၀၁၈ ခုနှစ်အတွင်းမှာပဲ ထွက်ရှိလာနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။ ဒီဂိမ်းက ၂၀၁၂ ခုနှစ်က နောက်ဆုံး ထွက်ရှိခဲ့တဲ့ PC ဂိမ်း Command & Conquer: Tiberium Alliances ပြီးရင် Command & Conquer နာမည်နဲ့ ပထမဦးဆုံး တရားဝင်ထွက်ရှိလာခဲ့တဲ့ mobile platform ဂိမ်းဖြစ်ပါတယ်။ EA ရဲ့ Clash Royale Rivals ကလည်း mobile platform ပေါ်မှာ နာမည်ကြီးတဲ့ ဂိမ်းတစ်ခုဖြစ်တာကြောင့် အခု Rivals ဂိမ်းအသစ်ကလည်း gamer တွေရဲ့ စိတ်ကို ဖမ်းစားနိုင်မယ်လို့ ထင်မိပါတယ်။

EA က Command & Conquer: Rivals ကို နှစ်သက်ဖွယ် RTS (real-time strategy) franchise ဂိမ်းတစ်ခု ဖြစ်စေချင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ real-time strategy game ဖြစ်လာခဲ့တယ်လို့ press မှာ ပြောခဲ့ပါတယ်။ Command & Conquer: Rivals မှာ player တွေက တစ်ဖက်ရန်သူကို တွန်းလှန်တိုက်ထုတ်ဖို့ ကိုယ့်ရဲ့ commander ကို ရွေးချယ်နိုင်ပါတယ်။Commander တစ်ဦးချင်းစီမှာ Gameplay style ကို လွှမ်းမိုးနိုင်တဲ့ ကိုယ်ပိုင်စွမ်းအင်တွေရှိပါတယ်။ ဂိမ်းကစားချိန် သိပ်ပြီးကြာမြင့်မှာမဟုတ်တဲ့အတွက် battle တစ်ခုနဲ့တစ်ခု နားနားပြီး ကစားလို့ရတယ်လို့ သိရပါတယ်။ Command and Conquer : Rivals ကို ဒီဇိုင်းဖန်တီးမှုကို Touchscreen device တွေအတွက် ပြုလုပ်ထားတာပါ။ One by one PvP RTS ဂိမ်းဖြစ်တဲ့အတွက် ကစားပုံလည်း ရိုးရှင်းလွယ်ကူပါတယ်။

Pre-register လုပ်ထားသူများအနေနဲ့ Command & Conquer: Rivals တရားဝင်ထွက်ရှိလာတဲ့ အချိန်ကြရင် အသုံးပြုနိုင်မယ့် Titan unit တွေ diamond တွေ နဲ့ credit တွေပါဝင်တဲ့ Early Bird Bundle ကိုရရှိမှာဖြစ် ပါတယ်။ ဒါ့အပြင် Android အသုံးပြုသူတွေအနေနဲ့လည်း pre-register လုပ်ထားရင် Alpha version ကို ကစားလို့ရနိုင်တယ်လို့သိရပါတယ်။

“Strategy genre game ပရိသတ်တွေ များပြားလာတာကြောင့် ကျွန်တော်တို့ မိုလ်ဘိုင်းပေါ်မှာ ကောင်းမွန်တဲ့ RTS ဂိမ်းတစ်ခုဖန်တီးချင်ခဲ့တာပါ။ Rivals က Command and Conquer’ franchise ရဲ့ အငွေ့အသတ်တွေနဲ့ gameplay ကို ပြန်လည်ပုံဖော်ထားတဲ့ ကျွန်တော်တို့ရဲ့ စိတ်ကူးကို ပေါင်းစပ်ထားတာပါ။”
Source: variety.com

လို့ press မှာ Redwood Studio တွေရဲ့ Michael Martinez ကပြောခဲ့ပါတယ်။

အဲ့တာကြောင့် PC ဂိမ်းstyle နဲ့ လုံးဝ ဆင်တူကြီး မဟုတ်လောက်ပါဘူး။ သူ့စတိုင်နဲ့ သူဖြစ်မယ်လို့ယူဆရပါတယ်။ Rivals ကို မိုလ်ဘိုင်းတွေအတွက် အဓိက ဖန်တီးထားတာဖြစ်တာကြောင့် player တွေကစားတဲ့အခါ လျင်မြန်ပြီး ထိန်းချုပ်ဖို့ လွယ်ကူအောင်လုပ်ထားတယ်လို့သိရပါတယ်။ ကစားတဲ့အခါမှာ အဓိက အရေးကြီးတာက အရည်အချင်းနဲ့ နည်းပျူဟာဖြစ်တယ်လို့ လည်း hint ပေးထားပါတယ်။ ဒါ့အပြင် EA က ပရိသတ်တွေရဲ့ feedback တွေနဲ့ အမြင်တွေကို နားထောင်ပြီး Rivals ကို ပိုပြီးကောင်းအောင်ပြုလုပ်ဖို့အချိန်အများကြီး မစောင့်နိုင်တော့တာကြောင့် official မထွက်ခင် အရင်ကြိုတင်ပြီး ကစားနိုင်ဖို့အတွက် Google Play မှာ pre-alpha test တစ်ခုလုပ်ထားပါတယ်။ EA ရဲ့development team က player တွေအားလုံးကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့အတွေ့အကြုံတွေ ၊ မျှတမှု နဲ့ ပျော်ရွင်စရာ အခိုက်အတန့်တွေကို ဖြန့်ဝေပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ Trailer လေး ကိုရှိုးလိုက်ပါဦး။

Electronic Arts ကသူ့ရဲ့ EA Play press conference ကို လော့အိန်ဂျလိစ် Hollywood Palladium မှာတနင်္ဂနွေနေ့ တုန်းက ကျင်းပခဲ့ပါတယ်။ အခြာဂိမ်းတွေထဲမှာတော့ BioWare ရဲ့ “Anthem” နဲ့ “Battlefield V.” တို့အကြောင်းကို မိတ်ဆက်ခဲ့ပါတယ်။ Playon က ဘော်ဒါတို့ထဲမှာလည်း Clash Royale Rivals ပရိသတ်တွေရှိရင် ဒီ link ထဲဝင်ပြီး Command & Conquer: Rivals
ကိုပြေး pre-register လုပ်ထားလိုက်တော့နော်… Android user ဆိုရင် Alpha လေးတောင် စမ်းကစားလို့ရပါသေးတယ်။

 

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: