Features

သမိုင်းတွင်မယ့် ပြိုင်ပွဲကြီးတစ်ခုအကြောင်း Boston Major League 2018 Grand Final Competition

ELeague Boston Major 2018 အမည်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Major ပြိုင်ပွဲကတော့ ပွဲကြည့် ပရိသတ်များကို ရသပေါင်းစုံ ပေးစွမ်းနိုင်ခဲ့ပါတယ်။ နှစ်စဉ် ကျင်းပပြုလုပ်လျှက်ရှိတဲ့ Majar ပြိုင်ပွဲတစ်ခုကိုတော့ ပြီးခဲ့တဲ့ January 12 -January 29 အထိကျင်းပခဲ့ရာ ပြိုင်ပွဲဝင် အသင်းပေါင်း ၂၄ သင်းပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

CS:GO counter strike esports လောကထဲက နာမည်ကြီး အသင်းများသာမက challenger အသင်းသစ်များဟာလည်း ပါဝင်လာခဲ့ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ ထင်သလို ဖြစ်လာတဲ့ အချိန်များရှိပေမယ့် တစ်ခါတစ်လေမှာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်များလည်း ဖြစ်ပေါ်တတ်တာဟာ မဆန်းကြယ်လှပါဘူး။ ဒီ Major ပြိုင်ပွဲကြီးမှာလည်း အသင်းများစွာ ပါဝင်ခဲ့ပြီး ပြိုင်ဆိုင်မှုတွေ ပြင်းထန်းခဲ့ကာ အသင်းများစွာထဲက နောက်ဆုံး Grand Final ကိုတော့ Team Cloud9 နဲ့အတူ တစ်ဖက်က Team FaZe တို့က အခြားအသင်းများကို ကျော်ဖြတ်ပြီး အရောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ Road to Grand Final အဆင့်မှာကတော့ နှစ်သင်းစလုံးအနေနဲ့ ဝါရင့်အသင်းများနဲ့ ကြုံတွေခဲ့ပြီး အနိုင်ယူ ကျော်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ Team Faze အနေနဲ့ Team NaVi (Natus Vincere) ကို 2-0 ဆိုတဲ့ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် တက်ရောက်လာနိုင်ခဲ့သလို တစ်ဖက်မှာလည်း Team Cloud9 အနေနဲ့ Major Title ပိုင်ဆိုင်ထားဖူးတဲ့ Sk Gaming နဲ့ တွေ့ကြုံခဲ့တာကြောင့် ခက်ခက်ခဲခဲနဲ့ Team Cloud9 က 2-1 ဆိုတဲ့ ရလဒ် နဲ့ နောက်ဆုံးတော့ Major League Boston 2018 ကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြောရမယ် ဆိုရင် နှစ်သင်းလုံးကတော့ ခေသူမဟုတ်တဲ့ သူတွေလည်း ဖြစ်နေတာကြောင့် ပရိသတ်များအနေနဲ့လည်း ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကြည့်ရှုအားပေးခဲ့ရပြီး အားလုံးကို ရသပေါင်းစုံ ပေးစွမ်း နိုင်ခဲ့တဲ့ ပြိုင်ပွဲကြီး အဖြစ် အားလုံးကတော့ မှတ်ချက်ပြုခဲ့တာ လည်းဖြစ်ပါတယ်။

Map-1 အနေနဲ့ကတော့ Map Mirage မှာယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး CT ဖက်မှာကတော့ Team FaZe ကကျရောက်ပြီးတော့ Team Cloud9 အနေနဲ့ကတော့ Terriost ဖက်ကနေပွဲစခဲ့တာ ဖြစ်ပါတယ်။ Eco round မှာကတော့ Team Cloud9 အနေနဲ့ B site ထဲမှာ Monster Skadoodle အားဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီး Roundအထိ Team Cloud9 အနေနဲ့ Team FaZe ကို 5-9 ရလဒ်နဲ့ အသာယူခဲ့တာ ဖြစ်ပြီး ပထမပိုင်း နောက်ဆုံး Round မှာကတော့ ဝါရင့် Awper Gardian ကြောင့် Team Cloud9 တို့ အရေးနှိမ့်ခဲ့ပြီး 6-9 ဆိုတဲ့ ရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာကတော့ နှစ်သင်းလုံး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးမှာကတော့ 16-14 နဲ့ Team FaZe အနေနဲ့ အနိုင်ရယူခဲ့တာဖြစ်ပါတယ်။

Map-2 အနေနဲ့ကတော့ Map Overpass မှာ ပွဲအစပိုင်း Round 8 အထိ Cloud9 အနေနဲ့ အနိုင်ယူနိုင်တာလည်း ဖြစ်ပါတယ်။ Team Cloud9 ကလူငယ်တွေဖြစ်ကြတဲ့ autimatic နဲ့ Monster Skadoodle တို့ရဲ့ ကောင်းမွန်တိကျတဲ့ ပစ်ခတ်မှုတွေကြောင့် Terriost ဖက်ဖြစ်တဲ့ Team FaZe အနေနဲ့ ရှုံးနှိမ့်နေခဲ့ရတာလည်း ဖြစ်ပါတယ်။ နောက်ဆုံး ဒီMap ပွဲရဲ့ အဆုံးအဖြတ်မှာကတော့ Team Cloud9 က အသားစီးရယူခဲ့ပြီး 10-16 နဲ့ Team FaZe ကို Map Mirage မှာ အနိုင်ယူခဲ့တာကြောင့် တစ်ဖက် ၁ပွဲစီနဲ့ အနိုင်ရယူထားခဲ့ကြပါတယ်။

Map-3 နောက်ဆုံး အဆုံးအဖြတ်ပေးမယ့် ပွဲစဉ် ၃ အနေနဲ့ Map Inferno မှာ ယှဉ်ပြိုင်ခဲ့ကာ နှစ်ဖက် အသင်းရဲ့ အားပေးသူများကတော့ ပွဲရုံအပြည့် ရင်ခုန်စွာနဲ့ ကြည့်ရှုအားပေးခဲ့တာကတော့ အားရစရာကောင်းလှပါတယ်။ Team Cloud9 နဲ့ Team FaZe အနေနဲ့ကတော့ အကြိတ်အနယ် Final ပွဲကို ယှဉ်ပြိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ FaZe အနေနဲ့ CT ဖက်မှာ ကျရောက်ပြီး Cloud9 ကတော့ Terriost ဖက်ကနေ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ပထမ Eco round မှာကတော့ Cloud9 အနေနဲ့ Bomb Plan လုပ်နိုင်ခဲ့ပေမယ့် Team FaZe ရဲ့ Niko ကြောင့် ခက်ခဲခဲ့ပြီး အရေးနှိမ့်ခဲ့ရပါတယ်။ ပထမပိုင်းမှာကတော့ Team Cloud9 အနေနဲ့ အနည်းငယ်ရုန်းကုန်ခဲ့ရပြီး 8-7 ရလဒ်နဲ့ ပထမပိုင်းပြီးဆုံးခဲ့ရပါတယ်။ ပထမပိုင်းအတွက် အကောင်းဆုံးတစ်ယောက်ကို ကျွန်တော်အနေနဲ့ ပြောရမယ်ဆိုရင် Team Cloud9 ရဲ့ Monster Skadoodle ကတော့ အကြိုက်ဆုံးတစ်ယောက်ဖြစ်ခဲ့တာပေါ့။ ပထမပိုင်းပြီးဆုံးတဲ့ အချိန်မှာCloud9 Fans များကတော့ skadoodle ကိုတော်တော်လေးအားရကျေနပ်မှုတွေရှိနေခဲ့တာကတော့ အမှန်တရားပါဘဲဗျာ။ Team FaZe အနေနဲ့ကတော့ အနည်းငယ် concentration များပျောက်ဆုံးသလို ဖြစ်နေပြီးတော့ aggrasive player Niko အနေနဲ့လည်း အနည်းငယ် စိတ်တွေ ရှုပ်ထွေးနေတာကို တွေ့မြင်ရပါတယ်။

ဒုတိယပိုင်းမှာကတော့ Team FaZe အနေနဲ့ သူတို့ရဲ့ ပုံမှန် Team work ပြန်လည်ရရှိခဲ့တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ မြောက်အမေရိက esports အသင်းကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ Team Cloud9 အနေနဲ့ကတော့ ကစားသမား အသစ်များနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားတာကတော့ လေးစားစရာကောင်းလှပါတယ်။ ဒုတိယပိုင်း အစတောက်လျှောက် Team FaZe အနေနဲ့ ဖိအားပေးဆော့ကစားသွားတာကိုတွေ့ရပါတယ်။ FaZe အနေနဲ့ Cloud9 ကို 15-12 နဲ့ ပွဲဖြတ်ထားခဲ့ပါတယ်။ ပွဲကြည့် ပရိသတ်များအနေနဲ့လည်း တစ်ရုံလုံးနီးပါး အော်ဟစ်ကာ အားပေးခဲ့ကြပါတယ်။ FaZe အနေနဲ့ အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် Cloud9 player ဖြစ်တဲ့ Rush ကြောင့် လွှဲချော်ခဲ့ရပြီး Cloud9 အနေနဲ့လည်း ပြန်လည်အသက်ဆက် ကြိုးစားခွင့်ရရှိခဲ့တာ ဖြစ်ပြီး Cloud9 Fans များအဖို့ကတော့ ရင်ခုန်စရာများ ဖြစ်တည်လာရပါတယ်။ မြောက်အမေရိက အသင်းအတွက်ကတော့ အားတက်ဖို့ အကြောင်းဖန်လာကာ တစ်ရုံလုံးနီးပါး Cloud9 ကိုအားပေးအော်ဟစ်ခဲ့ကြတာကိုလည်း တွေ့မြင်ရပါတယ်။ အသက်အရွယ် ငယ်ရွယ်တဲ့ ကစားသမားများဖြစ်သည့် အတိုင်း ကောင်းမွန်တဲ့ Skills များပိုင်ဆိုင်ထားတဲ့သူများလို့ ပြောရင် မမှားနိုင်ပါဘူးဗျာ။

ကျန်ရှိတဲ့ Round ၂ခုလုံးကိုတော့ ကျွန်တော်တို့အားလုံးလည်း ရင်ခုန်စွာနဲ့ ရှုစားခဲ့ရပြီး Cloud9 ရဲ့ aggressive Awper Stewie2k ရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်ပစ်ခက်မှုများနဲ့အတူ 15-15 ရလဒ်နဲ့ ပြီးဆုံးခဲ့တာကြောင့် ဒီနှစ်ရဲ့ Major ပြိုင်ပွဲကတော့ အားလုံးကို ပြောစမှတ်ပြုစေခဲ့ပါတယ်။ ပွဲပြီးသွားတဲ့ အချိန်ထိ သရေရလဒ် ထွက်ပေါ်နေတာကြောင့် တစ်ဖက်ကို 6 Round စီနဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့တာဟာလည်း ဒီနှစ် Final ပွဲကြီးရဲ့ ထူးခြားတဲ့ မှတ်တမ်းတစ်ခုအဖြစ် နှစ်သင်းလုံး ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ယှဉ်ပြိုင်တဲ့ Round များကတော့ လုံးဝ အကြိတ်အနယ်နဲ့ ရင်သပ်ရှုမောဖွယ် ကစားသွားကြတာကတော့ လေးစားစရာကောင်းလှပါတယ်။ Cloud9 အနေနဲ့ အချိန်ပိုမှာ အနိုင်ရယူပြီး 19-22 ရလဒ်နဲ့အတူ Major Champion ဆုကြီးကို ရယူနိုင်ခဲ့တာဘဲဖြစ်ပါတယ်။ အကောင်းဆုံးအသင်းတစ်သင်းအဖြစ် Esports လောကကို ပြသလိုက်တာဖြစ်ပြီး Team Cloud9 အနေနဲ့ကတော့ Major Champion ဆုကြီးကို ထိုက်ထိုက်တန်တန် ရယူခဲ့တဲ့ ဒီပွဲကတော့ ဘယ်သူ့ကိုမဆို အံ့သြမှင်သက်မှု ပေးစွမ်းနိုင်တာဖြစ်ပြီး Major ပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာလည်း အထူးခြားဆုံး ပွဲအဖြစ်ကတော့ မှတ်တမ်းတင် ကျန်ရှိနေမှာဘဲ ဖြစ်ပါတယ်။

Playon မိတ်ဆွေများအနေနဲ့လည်း သဘာကျနှစ်သက်မှာကို ယုံကြည်ပါတယ်။ ရှေ့ဆက်ပြီး အခြားခြားသော eSports နဲ့ပတ်သက်တဲ့အရာများကိုလည်း အခါသင့်သလို တင်ဆက်သွားမှာ ဖြစ်လို့ ကျွန်တော်တို့နဲ့ အတူ ရှိနေဖို့ ခေါ်ဖိတ်လိုက်ရပါတယ် ခင်ဗျာ. . . . . . . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: