Reviews

ကောင်လေးတစ်ယောက်နဲ့သူငယ်ချင်း Blob တို့ရဲ့လျှို့ဝှက်ဆန်းကြယ်သောခရီးလမ်း

အခုတစ်ခေါက် ပြောပြပေးမယ့် ဂိမ်းလေးက စရိုက် ပုံစံချင်း မတူညီတဲ့ လူသားနဲ့ ဂြိုလ်သားလေးတို့ရဲ့ သံယောဇဉ် မေတ္တာကို ပေါ်လွင်စေမယ့် ဂိမ်းလေးဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားဆိုတာ မျိုးရိုးဗီဇချင်း တူမှ ဖြစ်ပေါ်လာတတ်တာ မဟုတ်ဘူးဆိုတာကို ကောင်းလေးနဲ့ သူ့ရဲ့ သူငယ်ချင်း Blob တို့ရဲ့ ဖြူစင်တဲ့ မေတ္တာတရားက သက်သေပြထားတာကိုတွေ့ရမှာပါ။

A Boy and His Blob က ၁၉၈၇ ခုနှစ်က NES Video Game တစ်ခု ကို မှီငြိမ်းပြီး ထုတ်လုပ်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ မှာ Xbox One , PlayStation4 Vita , Miscrosoft Windows , OS X , Linux , တို့အတွက် ထွက်ရှိခဲ့ပြီး ၊၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ၁၇ နဲ့ စက်တင်ဘာလ ၂၆ တို့မှာ iOS နဲ့ Android တို့အတွက်ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဂိမ်းထဲမှာတော့ သင်က ကောင်လေးတစ်ယောက်နေရာက ကစားရမှာပါ။ သင့်ရဲ့ မိတ်ဆွေလေးကတော့ Blob ပေါ့။ Blob ရဲ့ ကိုယ်လုံးက ဂျယ်လီလိုပါပဲ။ အရောင်က ဖြူဖြူလေးပါ။ သူက လိုချင်တဲ့ ပုံစံကို အမျိုးမျိုးပြောင်းလဲလို့ရတယ်။ လမ်းမှာ တစ်ခုခု အတားအဆီးဖြစ်နေရင် ဥပမာ အပေါ်ကိုတတ်ဖို့ လှေကားလိုနေတဲ့ အချိန်တို့ဘာတို့ဆို လှေကားပုံစံပြောင်းပေးနိုင်ပါတယ်။ လမ်းတစ်လျှောက်မှာလည်း ဖြေရှင်းရမယ့် puzzles တွေပါဝင်ပါတယ်။ သူတို့ကို Blob နဲ့ အတူရှင်းရမှာပါ။ Blob လေးက အန္တရာယ်မပေးပေမယ့် အနက်ရောင် Blob တွေကတော့ တကယ့်ကို လူဆိုးကောင်တွေပါ။ အဲ့တာကြောင့် သူတို့ ကိုတွေ့ရင်တော့ ကျောက်တုံးနဲ့ ဖိသတ်ပစ်ပါ။

A Boy and His Blob လေးကို ကစားချင်ရင် App Store နဲ့ Play Store တို့မှာ ၆၆၀၀ ကျပ် ပေးပြီးဝယ်ယူ ဒေါင်းလုတ်လုပ်နိုင်ပါတယ်။

 

Download link – Android/IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password