News

ထွက်ရှိပြီး ၇ နှစ်အကြာမှာ Chinese app stores တွေကနေဖယ်ချခံရတော့မယ့် The Sims FreePlay

၇ နှစ်တာသက်တမ်းရှိနေပြီဖြစ်တဲ့ The Sims ဂိမ်းကို EA (electronic Arts) က ဇူလိုင် ၅ ရက်နေ့ကနေစတင်ပြီး တရုတ်အပါအဝင် နိုင်ငံ ၇ နိုင်ငံက app Store တွေကနေ ဖြုတ်ချတော့မယ်လို့ သိရပါတယ်။ The SIMs ဂိမ်းကို “regional standards” ကြောင့် ပယ်ချလိုက်တာလို့သိရပြီး အခုသတင်းကို ပြီးခဲ့တဲ့ အပတ်တုန်းကကျင်းပခဲ့တဲ့ EA ရဲ့ ပွဲမှာကြေညာခဲ့တာဖြစ်ပါတယ်။ ဂိမ်းကို ပယ်ချမယ့် Store region တွေက China , Saudi Arabia ,the United Arab Emirates ,Oman ,Kuwait ,Qatarနဲ့ Egypt App Store တွေဖြစ်တယ်လို့သိရပါတယ်။

The Sims FreePlay က အခမဲ့ဆော့ကစားနိုင်တဲ့ Sims mobile game ဖြစ်ပါတယ်။ (ဒီနှစ် အစောပိုင်းမှာထွက်ရှိခဲ့တဲ့ “The Sims Mobile” နဲ့လည်းမမှားကြပါနဲ့နော်။) နှစ်ခုကမတူကြပါဘူး။ Freeplay က ၂၀၁၁ ခုနှစ်ကတည်းက iOS ပေါ် စတင်ရောက်ရှိလာတဲ့ဂိမ်းဖြစ်ပြီး ထိုမှတစ်ဆင့် Android, Blackberryနဲ့ Kindle Fire တွေဆီကိုတဖြေးဖြေးဝင်ရောက်လာတဲ့ဂိမ်းဖြစ်ပါတယ်။

The SIMs ကို အဆိုပါ ၇ နိုင်ငံ ရဲ့ store တွေက ဒေါင်းလုတ်လုပ်ထားတဲ့ player တွေအနေနဲ့ ဆက်ပြီးကစားလို့တော့ ရနိုင်မှာဖြစ်ပေမယ့် နောက်လာမယ့် update အသစ်တွေနဲ့ purchase တွေကို ရရှိမှာ မဟုတ်ပါဘူး။ အဓိပ္ပါယ်ကတော့ နောက်လာမယ့် နေ့ရက်တွေမှာလုပ်ဆောင်ချက်တွေ ရပ်တန့်သွားနိုင်တဲ့ဆိုတဲ့ သဘောပါ။ အခြားဖုန်း/device အသစ်တစ်ခုနဲ့ပြောင်းပြီးကစားမယ်ဆိုရင်လည်းအရင်ဖုန်းနဲ့ ကစားထားတဲ့ accဟောင်းက အချက်အလက်/data တွေကို ပြန်ရယူနိုင်မှာမဟုတ်တော့ဘူးလို့သိရပါတယ်။

ဇွန်လ ၁၈ ရက်နေ့တုန်းကထွက်ရှိခဲ့တဲ့ update အသစ်ပြီးတဲ့နောက်မှာအခုလို Store တွေမှ ဖယ်ရှားတော့မယ် ဆိုတဲ့ သတင်း ထွက်လာတာဖြစ်ပါတယ်။ ဇွန်လ ၁၈ ရက် update က ဂိမ်းထဲကအမျိုးသမီး Sims တွေ ပထမဦးဆုံးအကြိမ် ကိုယ်ဝန်ရယူနိုင်မယ့် update ပါ။ အရင်တုန်းကတော့ ဂိမ်းထဲမှာ လက်ထပ်ပြီး သား စုံတွဲတွေသာ ကိုယ်ဝန်ရနိုင်ပေမယ့် နောက်ဆုံးထွက်ရှိခဲ့တဲ့ update အသစ်မှာ Sims အမျိုးသမီးတိုင်း ကိုယ်ဝန်ဆောင် နိုင်တဲ့ feature အသစ်ကိုထပ်ပေါင်ထည့်ပေးခဲ့တယ်လို့သိရပါတယ်။ The Sims ကိုအခုလို ban ရတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရသေးပေမယ့် EA ရဲ့ တရားဝင်ကြေညာချက်ထဲမှာတော့ ဂိမ်းရဲ့ ကွဲပြားတဲ့ အယူအဆတန်ဖိုး တွေကြောင့် လို့ ဖော်ပြထားပါတယ်။

အခုလို အ ban ခံရတာက ဂိမ်းရဲ့ LGBT content တွေကြောင့်လို့လည်း အချို့ fan တွေက သုံးသပ်ကြပါတယ်။ The Sims series က အရင်ကလည်းလိင်တူစုံတွဲတွေကို ခွင့်ပြုပေးခဲ့ပြီးဂိမ်း စီးရီးတစ်ခုလုံးမှာလည်း လိင်တူ စုံတွဲတွေကိုမိတ်ဆက်ပေးခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် The Sims Freeplay မိုလ်ဘိုင်းက ၂၀၁၁ ခုနှစ်ကတည်းက လိင်တူစုံတွဲတွေ ကိုခွင့်ပြုပေးခဲ့တာပါ။ အဲ့တာကြောင့် ခုလို ရုတ်တရတ်ကြီး နိုင်ငံ ၇ နိုင်ငံ မှာ ban လိုက်တဲ့အကြောင်းအရင်းကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

The Sims FreePlay ဟာ Life simulation, Social simulation ဂိမ်း အမျိုးအစားဖြစ်ပြီး Single Player ကစားရတာပါ။ Life simulation, Social simulation ဂိမ်းအမျိုးအစားတွေက မြင်ဖူးနေကြ RPG ဂိမ်းအမျိုးအစားတွေနဲ့ လုံးဝကို ကွဲထွက်ကြပြီး ဂိမ်းကမ္ဘာထဲမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝပုံစံကို တည်ဆောက်ရတဲ့ ဂိမ်း ပုံစံ တွေဖြစ်တာကြောင့် လူကြိုက်များကြပါတယ်။ ဂိမ်းထဲမှာ ရည်းစားထားခြင်း၊ အိမ်ထောင်ပြုခြင်း စတဲ့ လုပ်ဆောင်ချက်တွေသာမက အခြား နေ့စဉ်လုပ်နေကြ daily activities တွေကိုလည်းတကယ့် လက်တွေဘဝအတိုင်း ဖန်တီးလုပ်ဆောင်နိုင်ပါတယ်။ သူ့ရဲ့ Trailer ကိုအောက်မှာကြည့်လို့ရပါတယ်။

Playon က ဘော်ဒါတို့တွေထဲမှာလည်း The Sims FreePlay ကို အပေါ်မှာဖော်ပြထားတဲ့ store region ၇ ခု ကနေ download လုပ်ထားရင် အချိန်အကြာကြီး ကစားလို့ရမှာမဟုတ်တော့ဘူးဆိုတာ သိထားပေးကြပါနော်။ အပေါ်က Region ၇ ခုထဲက မဟုတ်တဲ့ app Store တစ်ခုခုကနေ download ရယူ ထားတာဆိုရင်တော့ ဘာမှမပြောင်းလဲပဲ ဆက်လက်ပြီး ကစားနိုင်မှာပါ။

 

Ref: Polygon

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: