
Survival game တွေက ဈေးကွက်မှာ ပေါ်ပျူလာအဖြစ်ဆုံးဂိမ်းတွေထဲမှာ ပါဝင်ကြတဲ့ ဂိမ်းတွေပါ။ လူကြိုက်များတဲ့ ဂိမ်းစာရင်းတွေထဲမှာ ပါဝင်တာကြောင့် Playon က ဘော်ဒါတို့တွေလည်း သူတို့ကို နှစ်သတ်ကြမယ်လို့ ထင်ပါတယ်။ ဂိမ်းအမျိုးအစားကိုက Survival ဖြစ်တာကြောင့် အသက်ရှင်ဖို့အတွက် အသည်းအသန် ကြိုးစားကြရမှာတော့ player ရဲ့ တာဝန်ပါနော်။
ဒီတစ်ခေါက်မှာ ၇ရက် တိတိ ဈေးလျော့ပေးထားတဲ့ survival ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးမှာပါ။ Wow!!! လျော့ဈေးနဲ့ပေးနေတာဆိုတော့ ဒီအချိန်မှ မကစားရင် ဘယ်အချိန် ကစားမှာလဲဝေ့။ XD
ဂိမ်းလေးရဲ့ နာမည်က Survival Island : Evolve Pro ပါ။ သူ့ပုံစံက ဘာနဲ့တူသလဲဆိုတော့ Minecraft နဲ့ တူပါတယ်။ သင်က Minecraft ကိုကစားနေတဲ့သူဆိုရင် ဒီ Survival Island : Evolve Pro ကို သေချာပေါက် ကြိုက်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ထဲမှာ crafting/building mechanic တွေပါလို့ပါ။ အဲ့တာတွေ အပြင် အမဲလိုက်ခြင်း၊ ငါးမြှားခြင်း၊ ရေတွေကို စုဆောင်းခြင်း စတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။သူ့ရဲ့ နမူနာ ကို အောက်မှာ တစ်ချက်လောက် ဝင်ရှိုးလိုက်ပါဦး။
ဂိမ်းရဲ့ storyline လေးကို မကစားခင် ပြောပြပေးမယ်နော်။ Story ကို ပြောမယ်ဆိုရင် ဂိမ်းထဲက ကျွန်းကြီးထဲကို player က ဘယ်လိုရောက်ခဲ့မှန်း မမှတ်မိပါဘူး။ အဲ့ဒီနေရာမှာ လုပ်ရမယ့် ရိုးရှင်းတဲ့ တစ်ခုတည်းသောအရာက ရှင်သန်ဖို့ ကြိုးစားခြင်းပဲဖြစ်ပါတယ်။ အကယ်၍ သင်က Lost လို ကျွန်းပေါ်မှာ သောင်တင်နေတဲ့ ဇာတ်လမ်းတွေကိုကြည့်ဖူးတယ်ဆိုရင် ဒီဂိမ်းလေးက သိပ်ပြီး မထူးဆန်းတော့ပါဘူး ။ Player က လူမရှိတဲ့ ကျွန်းပေါ်မှာသောင်တင်တယ်။ အသက်ရှင်ဖို့အတွက် ရုန်းကန်ရတယ်။ အဲ့အချိန် မမျှော်လင့်တဲ့ အန္တရာယ်တွေ ရောက်လာတယ် စသဖြင့်ပေါ့နော်။ Adventure ဂိမ်းတွေကိုကြိုက်ရင်တော့ ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းလေးပါ။ ခုချိန် free လည်းဖြစ်နေတယ်ဆိုတော့
ကစားဖို့ ကွက်တိပဲပေါ့။ ဒါနဲ့ Free က ၇ရက်ပဲနော်။ ၇ရက် ကျော်သွားရင် နဂို မူရင်းဈေး ပြန်ဖြစ်သွားမှာ။ B)
Download Link- Android
Reference- www.phonearena.com