Reviews

ဂိမ်းကစားရင် အင်္ဂလိပ်စာ vocabulary စွမ်းရည်ကို တိုးတက်အောင် လုပ်နိုင်မယ့် 7 Little Words – Daily Puzzles

အကယ်၍ သင်က ပဟေဋ္ဌိဂိမ်းတွေ၊ စကားလုံးရှာရတဲ့ ဂိမ်းတွေ၊ စကားလုံး ပြန်စီပေးရတဲ့ ဂိမ်းတွေကိုကြိုက်တဲ့သူဆိုရင် ဒီ  7 Little Words ဂိမ်းကို သေချာပေါက် ကြိုက်နှစ်သက်မှာပါ။

ကစားရမယ့် ပုံစံက ပေးထားတဲ့ clues (သဲလွန်စ) ၇ ခု နဲ့ ကိုက်ညီပြီး အဓိပ္ပါယ်တူတဲ့ စကားလုံး ၇လုံးကို အစဉ်လိုက် ရှာပေးရမှာပါ။ Solution ဘက်မှာ ထည့်ရမယ့် စာလုံးအရေအတွက်လေးတွေဖော်ပြပေးထားပါတယ်။ US နဲ့ UK အသုံးအနှုန်း ကို ရွေးချယ်နိုင်ပြီး အချိန်ကန့်သက်ထားခြင်းမရှိလို့ အေးအေး ဆေးဆေး စဉ်းစားနိုင်ပါတယ်။ အင်္ဂလိပ် ဝေါဟာရ စကားလုံး (vocabulary words ) တွေအပြင် အခြား ဗဟုသုတရစေမယ့် လကမ္ဘာကို ပထမဦးဆုံးရောက်သူ ရဲ့ နာမည်၊ ဗြိတိန်အိမ်ရှေ့မင်းသားရဲ့ နာမည်၊ စတဲ့ မေခွန်းတွေကိုပါ ဖြေဆိုရမှာပါ။

Free Daily Puzzles နဲ့ Sunrise နှစ်မျိုး ကို အခမဲ့ ကစားနိုင်မှာဖြစ်ပြီး Free Daily Puzzles မှာ နေ့စဉ်နေတိုင်း puzzles အသစ်တစ်ခု ပုံမှန် ထည့်သွင်းပေးမှာပါ။ စဉ်းစားရခက်တဲ့ brainstorming ဂိမ်း ဖြစ်တာကြောင့် ထင်သလောက်လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဉာဏ်စမ်းဂိမ်းတွေ ကစားရတာနှစ်သက်ပြီး ဝေါဟာရအသစ်တွေ လေ့လာချင်တဲ့ သူတွေ ကစားနိုင်ဖို့
မိတ်ဆက်ပေးထားပါတယ်။

ကစားရတာ စိတ်ဝင်စားဖို့ကောင်းပြီး Android နဲ့ iOS မှာ rating တွေ 4.7, 4.8 တွေထိ အသီးသီးရရှိထားတာမို့ ဂိမ်းကောင်းတစ်ခုဆိုတာလုံးဝ သေချာပါတယ်။ Android, iOS နှစ်မျိုးလုံးအတွက် free download လုပ်ပြီး ကစားနိုင်ပါတယ်နော်။ နမူနာvideo လေးကို အောက်မှာကြည့်လို့ရပါတယ်။

မှတ်ချက်။ ။ ခေါင်းစဉ်က Android မှာ 7 Little Words – Daily Puzzles ဖြစ်ပေမယ့် iOS မှာ 7 Little
Words ပါပဲနော်။

 

Image Source – 7 Little Words – Daily Puzzles

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: