Gen III Pokemon အကောင် ၅၀ နဲ့ Weather Effect တွေပါဝင်လာတော့မယ့် Pokemon GO

It’s finally here! အားလုံးပဲစောင့်မျှော်နေကြတဲ့ Gen III ထဲက Pokemon တွေ Pokemon GO ထဲကိုရောက်လာတော့မှာပါ။ ဒီတစ်ပတ်ထဲမှာ Gen III ထဲက Pokemon အကောင် ၅၀ တောင် ဂိမ်းထဲကိုရောက်လာမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ Pokemon Ruby and Sapphire ထဲက Weather စနစ်ကိုပါ ဒီလကုန်မှာထွက်မယ့် update နဲ့အတူထည့်သွင်းပေးမှာဖြစ်ပါတယ်။

ဂိမ်းထဲက ရာသီဥတုဟာ အပြင်ကရာသီဥတုအတိုင်း real-time လိုက်ပြောင်းနေမှာဖြစ်ပါတယ်။ အပြင်မှာမိုးရွာနေတယ်ဆိုရင် ဂိမ်းထဲမှာလဲမိုးရွာမှာဖြစ်ပြီး နေသာနေတယ်ဆိုရင် ဂိမ်းထဲမှာပါ နေလိုက်သာမှာဖြစ်ပါတယ်။ အဲဒီရာသီဥတုပြောင်းတာတွေက အလှအပသက်သက်မဟုတ်ပါဘူး။ ရာသီဥတုပေါ်မူတည်ပြီး ဖမ်းလို့ရမယ့် Pokemon အမျိုးအစားတွေနဲ့ Bonus တွေကလိုက်ပြောင်းသွားမှာပါ။ ဥပမာ အပြင်မှာမိုးရွာနေတယ်ဆိုရင် Water Type Pokemon တွေကိုအများဆုံးဖမ်းဆီးလို့ရမှာဖြစ်ပါတယ်။ အဲဒီလို ရာသီဥတုအလိုက် ထွက်ရှိလာတဲ့ Pokemon တွေဟာ သာမန်ထက်ပိုကြမ်းပြီး CP ပိုမြင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရာသီဥတုတစ်မျိုးချင်းစီက သက်ဆိုင်ရာ Pokemon Type တွေကို Combat Bonus တွေပေးဦးမှာဖြစ်ပါတယ်။ နေသာနေတဲ့အချိန်မှာဆို Charizard လို Fire Type တွေက ရှယ်ကြမ်းမှာဖြစ်ပါတယ်။

အောက်ကဇယားမှာ ရာသီဥတုတစ်မျိုးချင်းစီနဲ့သက်ဆိုင်တဲ့ Pokemon Type တွေကိုဖော်ပြထားပါတယ်။

ဒါ့အပြင် Weather Exclusive Pokemon တွေရှိမှာမဟုတ်ဘူးလို့ Pokemon GO ရဲ့ developer တစ်ဦးဖြစ်တဲ့ Matt Slemon က ပြောကြားထားပါတယ်။ အဲဒီတော့ Water Type Exclusive ကိုလိုချင်လို့ မိုးရွာတာကိုထိုင်စောင့်နေရတဲ့အဖြစ်မျိုး ရှိမှာမဟုတ်ပါဘူး၊ Region Exclusive ကလွဲပြီး Pokemon အားလုံးက ပုံမှန်အတိုင်း spawn ကြမှာဖြစ်ပါတယ်။

Ingress Prime နဲ့ Harry Potter: Wizards Unite တို့နဲ့အလုပ်ရှုပ်နေပေမယ့် Pokemon GO ကိုလဲ တောက်လျှောက် update တွေလုပ်ပေးနေတဲ့အတွက် Niantic ကိုကျေးဇူးတင်ရမှာပဲဖြစ်ပါတယ်။ ကဲ.. Christmas ကို Gen III Pokemon တွေနဲ့ကြိုဆိုလိုက်ကြရအောင်လား။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password