Features

Halloween နဲ့ဆက်စပ်တဲ့ Horror Game ( ၅ ) မျိုး

Playon ကဘော်ဒါတို့ကို ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဂိမ်းလေးတွေအကြောင်းကတော့ Halloween ကာလ နဲ့ ဆက်စပ်ပြီး ကစားလို့ကောင်းမယ့် ဂိမ်းလေးတွေဖြစ်ပါတယ်။ Halloween နေ့ကတော့ ပြီးခဲ့တဲ့ အောက်တို ဘာလ ၃၁ရက်နေ့မှာ ပြီးဆုံးသွားပါပြီ။ Halloween အကြောင်းပြောလက်စနဲ့တစ်ခါတည်း ဗဟုသုတလေးပါရသွားအောင် Halloween day အကြောင်းလေးကို အားလုံးနဲ့ မိတ်ဆက်ပေးပါမယ်နော်။

သိပြီးသားသူတွေလည်း ရှိကောင်းရှိကြမှာပါ။ မသိတဲ့ သူလေးတွေ ဖတ်သွားပေးကြပါနော်။ Halloween နေ့က ကွယ်လွန်သွားတဲ့သူတွေ ဂူင်္သချိုင်း ကနေ ပြန်လည် နိုးထလာတဲ့ အထိန်းအမှတ်အဖြစ်ကျင်းပတဲ့ နေ့ပါ။ အဲ့ဒီနေ့ကို နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၃၁ရက်နေ့မှာ ကျင်းပကြပါတယ်။ Halloween ပွဲတော်က မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေလောက် သိပ်မထင်ရှားပေမယ့် အခြားနိုင်ငံတွေမှာတော့ တကယ့်ကို ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပကြတာပါ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြမယ်ထင်ပါတယ်။

သရဲဝတ်စုံတွေနဲ့ သရဲပုံစံတွေ ဖြစ်အောင် မိတ်ကပ်တွေလိမ်းခြယ်ပြီး ပါတီကျင်းပကြတာလေ။ ရုပ်ရှင်တွေတော်တော်များများကတော့ Halloween ကို ထိတ်လန့်ခြောက်ခြားဖို့ကောင်းတဲ့ ကြောက်စရာနေ့အဖြစ် ပုံဖော်ကြပါတယ်။ ဒါပေမယ့် အပြင်မှာတော့ Halloween နေ့ကတကယ့်ကို စိတ်ဝင်စားစရာကောင်းပြီး ပျော်ဖို့ကောင်းတဲ့ နေ့လို့ အက်မင် အခြားသူတွေဆီကနေ ကြာဖူးပါတယ်။

အဲ့တော့ အမြဲတမ်း အောက်တိုဘာလ ၃၁ရက်နေ့မှာပဲ ကျင်းပတဲ့ Halloween ဆိုတာ ဘာလဲ နည်းနည်း တော့ သိသွားလောက်ပြီပေါ့နော်။ သူ့ကိုဘာလို့ အောက်တိုဘာ ၃၁မှာမှ ကျင်းပတာလဲဆိုတာတော့ အက်မင်မပြောတော့ပါဘူး။ Halloween day ဆိုတဲ့ ရုပ်ရှင်ရှိပါတယ်။ အဲ့ထဲမှာ ကိုယ်တိုင် ဝင်ရောက် လေ့လာကြည့်ကြပါနော်…ဟဲဟဲ..

အဲ… Halloween အကြောင်းပြောနေတာနဲ့ လိုရင်းတောင်မရောက်တော့ဘူး။ ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဂိမ်းလေးတွေက Halloween နဲ့ဆက်စပ်ပြီး ကစားကြည့်သင့်တဲ့ ဂိမ်းလေး၅ခု အကြောင်းပါ။ Halloween နဲ့ပတ်သတ်တဲ့ ဂိမ်းဆိုတော့ horror game ဆိုတာ မပြောပဲနဲ့တောင်သိကြမှာပါ။ အဲ့တော့ horror game fan လေးတွေ လုံးဝကို ကျော်မသွားသင့်တဲ့ အခွင့်အရေးပါနော်…

Halloween: Oxenfree

ပထမဦးဆုံး ပြောပြမယ့် ဂိမ်းလေးကတော့ Halloween : Oxenfree ပါ။ Oxenfree ဆိုကတည်းက ကစားဖူးတဲ့သူတွေသိကြမှာပါ။ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ဂိမ်းပါ။ သူက အခု ဖော်ပြမယ့် ဂိမ်း၅ခုထဲမှာ ကြောက်စရာအကောင်းဆုံးတစ်ခု မဟုတ်သေးပါဘူး။ ဒါပေမယ့် သူက TV show တွေမှာ အရမ်းကို နာမည်ကြီးတဲ့ ဂိမ်းဖြစ်ပြီး သာဘာဝလွန် စွမ်းအားတွေနဲ့ ကလေးတော်တော်များများကို ဆွဲဆောင်နိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။

Corpse Party Blood Drive

ဒုတိယ ဂိမ်းကတော့ Corpse Party Blood Drive ဖြစ်ပါတယ်။ နာမည်ကြားရုံနဲ့ ကြက်သီးထချင်စရာပါနော်။ သူကကျောင်းတစ်ကြောင်းမှာ ဇာတ်အိမ်ယူ ဖန်တီးထားတဲ့ မူလ aneme survival horror game တစ်ခုရဲ့ နောက်ဆက်တွဲဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ဂိမ်းထဲမှာ player က အနက်ရောင် မှော်စွမ်းအင်တစ်ခုကို အသုံးပြုပြီး ပြင်းထန်တဲ့ ရောဂါဝေဒနာတစ်ခုရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရတဲ့ Ayumi နေရာကကစား
မှာပါ။ စိတ်ဝင်စားဖို့ ကောင်းလို့ ကစားကြည့်သင့်တဲ့ ဂိမ်းလေးပါ။

Five Nights at Freddy’s

နောက်တစ်ခုကတော့ Five Nights at Freddy’s လို့ခေါ်ပါတယ်။ သူ့ကိုတော့ တကယ် သတ္တိရှိမှ ကစားကြည့်ဖို့ တိုက်တွန်းပါရစေ။ ကြောက်စရာဂိမ်းကို ကစားဖို့ လိုက်ရှာနေတာဆိုရင်တော့ Five Nights at Freddy’s ဂိမ်းတွေလောက် ကြောက်ဖို့ကောင်းတဲ့ ဂိမ်းရှိမှာ မဟုတ်တော့ပါဘူး။ ဂိမ်းထဲမှာ player က မတူညီတဲ့ နေရာတွေက အရမ်းကို ကြောက်ရွံ့ထိတ်လန့်ဖွယ်ည ၅ ညကို ဖြတ်သန်းပြီး ရှင်သန်အောင်ကြိုးစားရမှာပါ။ ညလေး ၅ညတည်းပါ ဆိုပြီးတော့တော့ လျော့မတွတ်လိုက်ပါနဲ့နော်။ ည၅ညက လွယ်လွယ်နဲ့ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ပြီးတော့ ည၅ညကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်တဲ့ သူလည်း မရှိသလောက်ကို ရှားတယ်လို့ သိရပါတယ်။ သတ္တိရှိရင် စမ်းကြည့်သင့်တယ်နော်။

Limbo

လေးခုမြောက်ဂိမ်းလေးကတော့ Limbo ဖြစ်ပါတယ်။ Limbo ထဲမှာ player က လျို့ဝှက်ဆန်းကြယ်တဲ့ တောထဲမှာပျောက်ဆုံးနေတဲ့ အမဖြစ်သူကို ရှာဖွေနေတဲ့ ကောင်လေးတစ်ယောက် ကို ကူညီပေးရမှာပါ။တောထဲရောက်ရှိနေတဲ့ အတောအတွင်းမှာ ပင့်ကူအကြီးကြီးတွေ၊ လူသတ်ပင့်ကူကြီးတွေနဲ့ ကြောက်ခမန်းလိလိ သေစေနိုင်တဲ့ ထောက်ခြောက်တွေကို တွေ့ရမှာနော်။ ခြောက်ခြားစရာကောင်းတဲ့ တောကြီးက ဘယ်လိုမျိုးလည်းဆိုတာ သိချင်ရင်တော့ စမ်းကစားကြည့်လိုက်နော်။

Hello Neighbor

နောက်ဆုံးတစ်ခုကတော့ horror game ထဲမှာ မပါမဖြစ်တစ်ခုပါ။ သူ့ကို အရင်ကလည်း မိတ်ဆက်ပေးဖူးပါတယ်။ Horror game ပရိသတ်တစ်ယောက်ဆိုရင်တော့ Hello Neighbor ကို မကစားကြည့်ပဲ လုံးဝ မနေသင့်ပါဘူးနော်။ ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ Gameplay ပုံစံက ထင်သလောက်မလွယ်ကူတဲ့အတွက် easy going ဂိမ်းတစ်ခုတော့ လုံးဝလုံးဝ မဟုတ်ဘူးဆိုတာကို ကြိုတင် အသိပေးလိုက်ပါတယ်နော်။

အခုဆိုရင် မကြာခင်ကမှ ပူပူနွေးနွေးပြီးသွားတဲ့ Halloween နဲ့ လိုက်ဖတ်မယ့် Horror ဂိမ်း ၅ခုကို ဖော်ပြပေးပြီးသွားပါပြီ။ Playon က ဘော်ဒါတွေ အကြိုက်တွေ့မယ့် ဂိမ်းလေး တွေလို့ မျှော်လင့်ရင်း ဒီနေ့ရဲ့ article လေးကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါရစေ။:):):)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password