News

လက်တလောမှထွက်ရှိထားပြီး ရေပန်းစားနေတဲ့ မိုလ်ဘိုင်းဂိမ်းများ 

ဒီနေ့မှာတော့ ပိတ်ရက်အတွက် ကြိုတင်အစီအစဉ်ချ Download ဆွဲပြီး ဉထားနိုင်အောင် (😂) မကြာသေးခင်ကမှထွက်ရှိထားပြီး ရေပန်းစားလျက်ရှိနေတဲ့ ဂိမ်း ၅ ခုကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ စပါပြီ…

1. Walking Dead

The Walking Dead: Our World ကတော့ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ကမှ Playstore နဲ့ App store ပေါ်ကိုရောက်ရှိလာတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ Pokemon Go လိုပဲတည်နေရာကိုအခြေခံပြီး ဆော့ကစားရမယ့် AR ဂိမ်းအမျိုးအစားပါ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဖုတ်ကောင်တွေရှိနေမှာဖြစ်ပြီး Walking Dead TV series ထဲက Character တွေဖြစ်တဲ့ Rick, Daryl, Michonne တို့နဲ့အတူကြိုးစားရှင်သန်ရမှာဖြစ်ပါတယ်။

Download link – Android/ IOS

2. Onmyoji Arena

Onmyoji Arena ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကမှ Playstore ပေါ်ကိုရောက်ရှိလာတဲ့ MOBA ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ သူကတော့ NetEase ကထုတ်တဲ့ Onmyoji series ရဲ့ Brand new MOBA ဂိမ်းလို့ပဲဆိုရမှာပါ။ Trailer နဲ့ Download link ကတော့ 👇

Download link – Android/ IOS

 

3. Boxing Star

Boxing Star ကတော့ ရိုးရိုးရှင်းရှင်း Boxing ထိုးပြီးကစားသွားရမယ့် ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Boxing ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် မိတ်ဆွေရဲ့ Character  ကို ပိုပြီးကြမ်းလာအောင်၊ Stamina ပိုမိုများလာအောင် train ပေးရမှာပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဆော့လို့ကောင်းတဲ့ ဂိမ်းလေးဖြစ်တာကြောင့် Boxing ထိုးရတာဝါသနာ ပါသူတွေ ကြိုက်နှစ်သက်လောက်မယ့် ဂိမ်းအမျိုးအစားလို့ပဲဆိုရမှာပါ။

Download link – Android/ IOS

 

4. Identity V

Identity V ကတော့ ပြီးခဲ့တဲ့အပတ်ကမှ Official ထွက်ရှိလာခဲ့တဲ့ Horror ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ 1 v 4 Multiplayer ပုံစံမျိုးဖြစ်ပြီး ၄ ယောက်နေတဲ့ဘက်က Survivor၊ ၁ ယောက်တည်းနေတဲ့ ဘက်က Hunter ပုံစံမျိုးဆော့ကစားသွားရမှာဖြစ်လို့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းလှပါတယ်။

Download link – Android/ IOS

 

5. Star Ocean: Anamnesis

Star Ocean: Anamnesis ကတော့ ဂျပန် Action-RPG ဂိမ်းအမျိုးအစားဖြစ်ပြီး Hero တွေကို စုဆောင်းလိုက်၊ တိုက်ခိုက်လိုက်နဲ့ ဆော့ကစားသွားရမှာဖြစ်ပါတယ်။ Star Ocean universe ကြီးကဘယ်လိုလေးလဲဆိုတာကိုတော့ အောက်က Trailer မှာလေ့လာနိုင်ပါတယ်။

Download link – Android/ IOS

ကယ်… အပေါ်မှာ မိတ်ဆက်သွားခဲ့တာတွေကတော့ ထွက်ရှိတာလည်းမကြာသေးတဲ့အပြင် ရေပန်းလည်းစားနေတဲ့ ဂိမ်းတွေဖြစ်ပါတယ်။ Download link, ဂိမ်းနဲ့သက်ဆိုင်ရာအချက်အလက်အချို့နဲ့ သက်ဆိုင်ရာ Trailer တွေကိုလင်းပြီးပြီဆိုတော့ Download ဆွဲပြီး ပိတ်ရက်အတွက်သိမ်း (သို့) ဆော့ကစားကြည့်ရမှာက မိတ်ဆွေတာဝန်ဖြစ်သွားပါပြီနော် 😆)။

 

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password