
အားလုံးပဲမင်္ဂလာပါခင်ဗျ။ အခုနောက်ပိုင်းမှာ mobile ဂိမ်းအသစ်တွေထွက်လာတာအတော်များများပါပဲနော်။ ဒါပေမဲ့ထွက်လာတာများရုံတင်မကသေးပါဘူး ထပ်ပြီးထွက်လာဖို့လည်းအများကြီးရှိနေပါသေးတယ် ?)။ ဂိမ်းတွေမထွက်လာခင်မှာထုတ်လုပ်သူတွေက Trailer video တွေပုံတွေနဲ့ gamer တွေကို hype အောင်လုပ်တတ်ကြပါတယ်။ အချို့ဂိမ်းတွေကတော့ pre-register တွေဖွင့်ပေးထားပြီးဂိမ်းထွက်လာခဲ့ရင် In-game မှာလက်ဆောင်တွေတောင်ပေးတတ်ကြပါသေးတယ်။ သတ်မှတ်လူဦးရေပြည့်ရင်လက်ဆောင်တွေကပိုပြီးတန်ဖိုးကြီးကြီးပေးတတ်ကြပါတယ်။
Ok… အခုစာရေးသူကနေပြီးတော့ Playon ပရိတ်သတ်ကြီးကို အသစ်ထွက်ရှိလာမှာဖြစ်ပြီးအခုချက်ချင်းပဲ pre-register ထလုပ်လိုက်သင့်တဲ့အလန်းစား ဂိမ်း (၅) ခုကို pre-register link တွေနဲ့တကွမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဘာဂိမ်းတွေပေးမှာလဲဆိုတာကိုအတူတူဆက်ကြည့်ကြရအောင်နော်။
1. Harry Potter Wizard Unite
Potterhead လေးတွေရှိလား…..? ယူတို့အတွက်ဝမ်းသာစရာပါပဲနော်။ လွန်ခဲ့တဲ့နှစ်တွေက….အတိအကျပြောရရင် Pokemon Go ခေတ်စားခဲ့စဉ်က HarryPotter Go ဆိုပြီး video တစ်ခုထွက်လာခဲ့ပါတယ်။ Pokemon Go ခေတ်စားနေချိန်မှာသူနဲ့ပုံစံတူ fan made တစ်ခုထွက်လာတယ်ဆိုပြီးအားလုံးကထင်ခဲ့ကြပါတယ်။ ဒါပေမဲ့အခုတော့အဆိုပါ video ထဲကဂိမ်းဟာတကယ်ဖြစ်လာခဲ့ပါပြီ Pokemon Go ရဲ့ထုတ်လုပ်သူ Niantic နဲ့ HP ရုပ်ရှင်တွေထုတ်လုပ်သူ WB တို့ပူးပေါင်းပြီး Harry Potter Wizard Unite ဆိုတဲ့အမည်နဲ့ဂိမ်းတစ်ခုထွက်ရှိလာတော့မှာဖြစ်ပါတယ်။ Gameplay အနေနဲ့ Pokemon Go လိုတကယ့်မြေပုံပေါ်မှာဆော့ကစားရမှာဖြစ်ပြီးမတူတာက Hp ရဲ့မှော်ပညာတွေအပြည့်ပါတဲ့ theme ဖြစ်ပါတယ်။ Trailer ကြည့်ရင်းနဲ့အောက်က link မှာတစ်ခါတည်း pre-register လုပ်ထားနိုင်ပြီး game ထွက်လာခဲ့ရင် email ကနေတဆင့်အကြောင်းကြားပေးမှာဖြစ်ပါတယ်။
2. Mario Kart Tour
.
ဘယ်တော့မှမရိုးနိုင်အောင်ဆော့ကောင်းတဲ့ console ပေါ်က Mario Kart ကို mobile ပေါ်မှာဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ Nintendo company ဟာ Mario Kart mobile တစ်ခုထွက်လာမယ်လို့ကြေညာခဲ့ပြီး Mario Kart Tour ဖြစ်တယ်လို့သိရပါတယ်။ Release date အနေနဲ့ 2019 ခုနှစ် March လာမှာထွက်ရှိလာမှာဖြစ်ပါတယ်။ Mario Kart Tour ကိုအောက်ပါ link ကနေပြီးတော့ APKPure ကတစ်ဆင့် Pre-Register လုပ်ထားနိုင်ပါတယ်။
3. EVE : Project Galaxy
Netease Company ရဲ့အသစ်ထွက်ရှိလာမယ့်ဂိမ်းတစ်ခုဖြစ်ပါတယ်။ Gamer တော်တော်များများစိတ်ဝင်စားနေကြပြီး pre-register လည်းအတော်များများလက်ခံရရှိပြီးဖြစ်တဲ့ဂိမ်းတစ်ခုပါ။ Playon မှာဖော်ပြခဲ့ပြီးသားဖြစ်တဲ့ EVE : Project Galaxy အကြောင်းအသေးစိတ်ကိုအောက်ပါ link ကနေသွားရောက်ဖတ်ရှုနိုင်ပြီးတစ်ခါတည်း pre-register လုပ်ခဲ့နိုင်ပါတယ်ခင်ဗျာ။
Article Link – EVE: Project Galaxy ကို mobile အတွက် Pre-Register လုပ်နိုင်ပြီ
4. Attack on Titan Tactics
Wow….wow….wow ? သောက်သောက်လဲအောင်မြင်ပြီးလက်ရှိမှာလဲ ongoing ပြသနေတဲ့ anime စီးရီးတစ်ခုဖြစ်တဲ့ Attack on Titan ကနေ mobile အတွက် offical ဂိမ်းတစ်ခုထွက်လာတော့မှာတဲ့နော်။ အရင်က AOT အနေနဲ့ mobile ပေါ်မှာ chibi အရုပ်လေးတွေနဲ့ဂိမ်းတစ်ခု၊ fan made ဂိမ်းတစ်ခုကလွဲရင်ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့ပါဘူး။ အခုလို AoT ဂိမ်းထွက်လာမယ့်သတင်းကတော့တစ်ကမ္ဘာလုံးကများပြားလှတဲ့ fan တွေအတွက်ဝမ်းသာစရာတစ်ခုပါပဲ။ လောလောဆယ်တော့ဂိမ်းအကြောင်းအများကြီးမဖွင့်ချသေးပဲ offical website မှာတင်ထားတဲ့ treaser အလန်းကြီးတစ်ခုပဲရှိပါသေးတယ်။ Shingeki tactics ကနေ treaser သွားကြည့်နိုင်ပြီးအောက်ပါ link ကနေ APKPure ကတဆင့် pre-register လုပ်ထားနိုင်ပါတယ်။
ဒါတွေကတော့လောလောဆယ် Hit ဖြစ်နေတဲ့ upcoming game တွေဖြစ်ပြီး Playon ပရိတ်သတ်ကြီးတို့အသိနောက်မကျရလေအောင်လက်တို့ပေးလိုက်ပါတယ်ခင်ဗျ။ စာရေးသူကိုယ်တိုင်လည်းအားလုံးကို pre-register လုပ်ထားလို့ဂိမ်းတွေထွက်လာမယ့်ရက်ကိုအတူတူစောင့်ရင်းရင်ခုန်ကြတာပေါ့နော် ?) နောက်ထပ်လည်းဂိမ်းသတင်းတွေနဲ့ဂိမ်းတွေအကြောင်း review တွေတင်ပေးသွားဦးမှာမို့ like and seefirst ထားပေးပါဦးခင်ဗျာ။ သာယာတဲ့ gaming နေ့လေးတစ်နေ့ပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးရင်း အခုတော့ဒီလောက်နဲ့ပဲရပ်နားခွင့်ပြုပါဦး။