Zombie ကြီးတွေကိုသေနတ်နဲ့ ပစ်သတ်ရမယ့် 3D Zombie Attack – Shooting Free Games!

Zombie ဂိမ်းကောင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဂိမ်းလည်းဖြစ်ပါတယ်။ ဒီဂိမ်းမှာ မိတ်ဆွေက ပတ်ဝန်းကျင်မှာတွေ့သမျှ Zombie တွေကိုအကုန်သတ်ရမှာပါ။ အကယ်၍မိတ်ဆွေက ချစ်လို့ မသတ်ဘူးဆိုရင် Zombie တွေကမိတ်ဆွေကိုသတ်ဖို့ဝန်လေးမှာမဟုတ်ပါဘူး။

Zombie တွေက စစချင်းမှာ တော့နည်းနည်းလေးပဲရှိနေမှာဖြစ်ပြီး နောက်ပိုင်းရောက်မှာ အုံလိုက်ကြီးတွေပေါ်လာမှာဖြစ်ပါတယ်။ Level တွေပိုင်းခြားထားခြင်းတော့မရှိပါဘူး။ ဒါပေမဲ့ score တွေတော့ပြထားပါတယ်။ မိတ်ဆွေက Zombie တစ်ကောင်ကိုသတ်နိုင်ရင် Score တစ်ခုတက်သွားမှာဖြစ်ပါတယ်။  Endless ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Endless ဂိမ်းအမျိုးအစားဖြစ်တာကြောင့် မိတ်ဆွေက မိမိ ရဲ့ Best Score ထက်ကျော်အောင်ဆော့ရမှာဖြစ်ပါတယ်။

ဆော့ရမယ့် အခန်းကလည်း တစ်ခုပဲဖြစ်ပါတယ်။ မှောင်နေပြီး ကြောက်စရာကောင်းတဲ့နေရာမှာပါ။ လွယ်ကူတဲ့ဂိမ်းထဲမှာတော့ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ Zombie တွေက ဝုန်းဒိုင်းကြီး ပြေးလာမှာ မဟုတ်လို့ပါ။ တဖြည်းဖြည်းနဲ့ မိတ်ဆွေနားကိုလာနေမှာပါ။ ဖြည်းဖြည်းချင်းလာမှာဖြစ်လို့ မိတ်ဆွေမှာ ပစ်ခတ်ဖို့အချိန်အများကြီးရှိနေမှာပါ။ နောက်ပိုင်းရောက်လာရင်တော့ အကောင်အရေအတွက်တဖြည်းဖြည်းများလာမှာဖြစ်လို့ နည်းနည်းတော့ သတိထားရမှာပါပဲ။ အဲ့ဒီ Zombie တွေအားလုံးကို မိတ်ဆွေက Sniper တစ်လက်နဲ့ ထောင့်နားမှာကပ်ပြီး ပစ်နေရမှာပါ။ လမ်းလျှောက်ပြီးဘယ်မှသွားစရာမလို ပဲ ထောင့်နားမှာကပ်ပြီး ပစ်ရမှာဖြစ်လို့ ခြေညောင်းသက်သာပါတယ်။

ဒီဂိမ်းမှာမိတ်ဆွေ က မတူညီတဲ့ Zombie အမျိုးအစား 50 နဲ့တွေ့ရမှာဖြစ်ပါတယ်။ Zombie ရုပ်တွေထွက်နေအောင် Graphics ပိုင်းမှာသေချာဖန်တီးပေးထားပါတယ်။ ကြောက်လန့်ဖို့ကောင်းတဲ့ နောက်ခံအသံတွေကို လိုက်ပေးထားတာကြောင့် Sound System လည်းမဆိုးလှပါဘူး။ Zombie တွေကိုပစ်ခတ်ရတာကြိုက်ရင်တော့ ဒီဂိမ်းကဆော့သင့်တဲ့ ထဲမှာပါဝင်ပါတယ်။

Free To Play ဖြစ်ပါတယ်။ IOS Platform မှာသာကစားနိုင်တဲ့ဂိမ်း ဖြစ်ပြီး ဆော့သင့်သော Zombie ဂိမ်းတွေထဲကတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://itunes.apple.com/us/app/3d-zombie-attack-shooting-free-games/id1176528262?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password