News

Clash Royale ရဲ့ eSports league ထံနာမည်ကြီး အသင်း ၃၆ သင်းဝင်ရောက်ယှဉ်ပြိုင်

Mobile ဂိမ်း ကုမ္ပဏီ Supercell က Clash Royale League ထံဝင်ပြိုင်မယ့် အသင်း ၃၆ သင်းရဲ့ စာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ကြေညာလိုက်တဲ့ အသင်းစာရင်းထဲမှာ နာမည်ကြီး အဖွဲ့တွေဖြစ်ကြတဲ့ Cloud9, Team SoloMid, Immortals, NRG, Complexity, Team Dignitas နဲ့ Counter Logic Gaming တို့လည်းပါဝင်ကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက ကစားသမားပေါင်း ၂၇သန်းကျော် Crown Championship ခေါင်းစဉ်နဲ့ သြဂုတ်လထိ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နောက်ဆုံးရွေးချယ်ခံရတဲ့ ဆန်ခါတင် ၁၆ယောက် ယှဉ်ပြိုင်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပကြမှာဖြစ်ပါတယ်။ ချီးမြှင့်မယ့် ဆုကြေးငွေကတော့ နယ်ပယ်တစ်ခုစီက အကောင်းဆုံး အသင်း တစ်သင်းစီအတွက် ဒေါ်လာ ၁ သန်း ဖြစ်ပါတယ်။

၃၆ သင်းမှာ ၈သင်းက ဥရောပက လာကြမှာဖြစ်ပြီး နာမည်တွေက Fnatic, Misfits, SK Gaming, G2 Esports, Team Liquid, Team Queso, Team Dignitas နဲ့ Allegiance တို့ဖြစ်ကြပါတယ်။

အမေရိကန်မြောက်ပိုင်းက ဝင်ရောက်ကစားမယ့် အသင်းတွေ အဖြစ် Cloud9 Esports, Team SoloMid, Tribe Gaming, Immortals, NRG, Complexity, 100 Thieves နဲ့ Counter Logic Gaming တို့ကို ဖော်ပြထားပါတယ်။

လက်ရှိ တရုတ်အသင်းတွေထဲမှာ EDG.M, GO, JDG, LGD, NOVA, OP, SNAKE, WE တို့နဲ့ အာရှ အသင်းတွေဖြစ်ကြတဲ့ OGN Entus, Sandbox, Kingzone, OP.GG, GameWith, PONOS Sports, DetonatioN Gaming, FAV Gaming, AHQ ESPORTS CLUB, KIX, Chaos Theory နဲ့ Bren Esports တို့လည်း ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

လက်တင်အမေရိကန် အသင်းတွေကိုတော့ နောက်ထပ် date နဲ့ ထပ်ပြီးကြေညာမှာဖြစ်ပြီး လက်ရှိမှာတော့ ပြိုင်ပွဲဝင်ပြိုင်မယ့် စုစုပေါင်း အသင်း၃၆သင်းသာ ကြေညာထားဆဲဖြစ်ပါတယ်။

တရုတ်နိုင်ငံက အသင်းတွေက March လ 23 ကနေ June 3 ရက်နေ့အထိ နွေရာသီ ပွဲစဉ်တွေ ဆင်နွှဲနေကြပါပြီ။ အခုလာမယ့် April 27 ရက်နေ့ကနေ July 14 ရက်နေ့အထိ ကို အာရှနိုင်ငံက အသင်းအဖွဲ့တွေ ပြိုင်ဆိုင်ကြမှာဖြစ်ပါတယ်။ လက်တင်အမေရိကန် က အသင်းတွေ အပါအဝင် ပြိုင်ပွဲဝင်စာရင်းထဲ မပါသေးတဲ့ အသင်းတွေကတော့ ၂၀၁၈ ဆောင်းရာသီ global championship ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ်လို့သိရပါတယ်။

 

Source  Via 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: