Clash Royale ရဲ့ နောက် Update မှာပါဝင်လာမယ့် 2v2 Touchdown Mode

Supercell ကတော့ သူ့ရဲ့နာမည်ကျော် Clash Royale ကို ပိုပြီးစိတ်ဝင်စားမှုများလာအောင် Game Mode အသစ်တွေတစ်ခုပြီးတစ်ခု မိတ်ဆက်ပေးနေပါတယ်။ အခုလည်း သူ့ရဲ့ 2v2 Mode က အရမ်းအောင်မြင်သွားတာကြောင့် နောက်လာမယ့် Update မှာ 2v2 Touchdown ဆိုတဲ့ Mode ကို ထပ်မံထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။

ဒီကစားနည်းမှာ ပုံမှန် Clash Royale မြေပုံတွေကလို မြစ်တွေ၊ တံတားတွေ၊ Tower တွေ ဘာမှ ပါဝင်မှာမဟုတ်ပဲ လုံးဝကွင်းပြင်ကြီး ဖြစ်ပါတယ်။ ကွင်းရဲ့ ထိပ်နှစ်ဖက်မှာ Line တွေရှိကြမှာဖြစ်ပြီး အမေရိကန်ဘောလုံးကစားနည်းက Touchdown အဓိပ္ပာယ်အတိုင်းပဲ ကစားသူတွေက တစ်ဖက်အသင်းရဲ့ Goal Line ကိုရောက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ ဘယ် Unit နဲ့ဖြစ်ဖြစ် Unit တစ်ခုက အဲဒီ Goal Line ကို ကျော်သွားတာနဲ့ Crown တစ်ခုရရှိမှာ ဖြစ်ပါတယ်။ Crown ၃ ခုရရင် အနိုင်ရရှိမှာဖြစ်ပြီး ပေးထားတဲ့အချိန်အတွင်းမှာ တတ်နိုင်သမျှ Crown များများရဖို့နဲ့ တစ်ဖက်အသင်းကို Crown မပေးရဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီ Mode ကို 2v2 အနေနဲ့သာ ဆော့ကစားလို့ရမှာဖြစ်ပါတယ်။

Touchdown Mode မှာ Balance ဖြစ်ဖို့အတွက် အချို့သော Unit တွေကို အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ဘယ် Unit တွေကို အသုံးပြုလို့မရဘူးလည်းဆိုတာကတော့ Update ထွက်မှ အတိအကျသိရမှာ ဖြစ်ပါတယ်။ Touchdown Mode ကို ဘယ်လိုကစားရမှာလဲဆိုတာ သိချင်ရင် အောက်ပါဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password