ArticleReviews

2019 မှာမျှော်လင့်ရမယ့် Black Desert Mobile (English version)

Black Desert Online ဟာ MMORPG လောကမှာရုပ်ထွက်လှပြီးဆော့ကောင်းလို့နာမည်ကြီးတဲ့ PC ဂိမ်းတစ်ခုဖြစ်ပါတယ်။ Black Desert Online ကို Korea Developer တစ်ခုဖြစ်တဲ့ Pearl Abyss ကထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ Pearl Abyss ဟာ MMORPG ကျယ်ဝန်းလှတဲ့မြေပုံနဲ့အကြီးစားဂိမ်းတစ်ခုကို Graphic လှပြီး action အကြမ်းစားကြီးတွေမှာချောချောမွေ့မွေ့ဆော့ကစားနိုင်အောင် Black Desert ဆိုတဲ့ဂိမ်း engine တစ်ခုကိုသီးသန့်ဖန်တီးခဲ့တာဖြစ်ပါတယ် 😱။ ရှိပြီးသားဂိမ်း engine တွေကိုအသုံးပြုနိုင်ရက်နဲ့ engine အသစ်ဖန်တီးခဲ့တာဟာအတော်လေးကြမ်းတဲ့အကွက်ကြီးပါ 🙄။ အဲ့ဒီအင်ဂျင်အသစ်ကြောင့်ပဲ player ပေါင်းများစွာပါဝင်ဆော့ကစားရတဲ့ ရဲတိုက်သိမ်းတိုက်ပွဲ( castle segie)ကြီးတွေကိုကောင်းကောင်းထိန်းနိုင်ပြီး ဆော့ကစားသူအများအပြားနဲ့အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီလိုနာမည်ကြီးတဲ့ Black Desert Online ဂိမ်းဟာ 2018 ခုနှစ်အတွင်းမှာ mobile version တစ်ခုကိုထုတ်လုပ်ပေးခဲ့ပါတယ် 😮 ။

BDM ( Black Desert Mobile ) ဟာ mobile ပေါ်ကထွက်ပြီးသား MMORPG တွေထက်ပိုပြီး player တွေရဲ့ အာရုံစိုက်မှုကိုခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ကိုစပြီးထုတ်ပေးလိုက်တာက Korea version ဖြစ်ပါတယ်။ ခွဲခွဲခြားခြားကို ကိုရီးယားတို့အကျင့်ကြောင့် စောင့်မျှော်နေတဲ့ fan တွေကသိကအောက်ဖြစ်စေခဲ့ပေမယ့် Pearl Abyss ဟာ mobile platform ပေါ်က fan တွေကိုစိတ်မပျက်စေခဲ့ရပါဘူး။ ဒီဂိမ်းက mobile ဂိမ်းလားလို့မေးယူရလောက်တဲ့အထိ ပြောင်မြောက်တဲ့လက်ရာတစ်ခုကိုမွေးဖွားပေးလိုက်တာဖြစ်ပါတယ်။

ဂိမ်းရဲ့အဓိကအားသာချက်ကကိုယ်ကိုင်တွယ်ဆော့ကစားမယ့် character ကိုသူများနဲ့လုံးဝမတူအောင်ဖန်တီးနိုင်တာဖြစ်ပါတယ်။ ခေါင်းအစခြေအဆုံးကိုယ့်စိတ်တိုင်းကျအနုစိတ်ဖန်တီးနိုင်ပါတယ်။ ကိုယ်တိုင်စိတ်တိုင်းကျဖန်တီးထားတဲ့ကိုယ့်ရဲ့ကိုယ်ပွါးနဲ့ MMORPG ကမ္ဘာထဲမှာအခြားသူတွေနဲ့ပြောဆိုဆက်ဆံရတာကသင့်ကို ကမ္ဘာသစ်တစ်ခုမှာပြန်မွေးဖွားလာရသလိုခံစားစေရမှာပါ။ ရုပ်လေးလှလို့ gameplay မှာတော့ငပေါကြီးနေမှာပါလို့ထင်ရင်တော့မှားသွားပါပြီ။ သူ့ရဲ့ gameplay level ဟာလည်း graphic level နဲ့လိုက်အောင်ပြည့်စုံပါတယ်။ ရွေးချယ်ဆော့ကစားနိုင်တဲ့ class အနေနဲ့လောလောဆယ် ကိုးခုအထိရှိနေပြီး class တစ်ခုစီကမတူညီတဲ့ကစားကွက်တွေရှိနေမှာပါ။ Quest တွေ item တွေကလည်းမရေတွက်နိုင်လောက်အောင်ရှိနေပါသေးတယ်။ Action sense အကြမ်းစားကြီးတွေကိုအမြည်းအနေနဲ့အောက်က trailer မှာကြည့်နိုင်ပါတယ်။


BDM ဟာလောလောဆယ်ကိုရီးယားဘာသာနဲ့ပဲထွက်ရှိသေးတာဖြစ်ပေမယ့်မစောင့်စားနိုင်တဲ့ fan တွေကတော့ translate app တွေအသုံးပြုပြီးဝင်ရောက်ဆော့ကစားနေကြပါပြီ။ ဘာသာပြန်ဆော့တဲ့အခါမှာ Durango ဂိမ်းတုန်းကကိုရီးယားအတွေ့အကြုံရှိပြီးသား oldie တွေကတော့အတော်လေးအဆင်ပြေပါတယ် 😅 ။ စာရေးသူကတော့ အဲ့ဒီလောက်အထိ အချိန်မပေးနိုင်တဲ့အတွက် global ထွက်လာမယ့် 2019 ကိုမျှော်ကြည့်နေရဦးမှာပါ 😢 ။ အခုချိန်ဆော့ချင်တဲ့သူတွေအတွက် Playstore ပေါ်မှာရှာမရသေးတဲ့အတွက် apkpure က link ကိုယူပြီးထည့်ပေးထားပါတယ်။ File size က 2 – 3 Gb ပါတ်ဝန်းကျင်ရှိပြီး အချို့ player တွေရဲ့ဖုန်းနဲ့ဆော့မရတာမျိုးတွေရှိလို့သေခြာလေ့လာပြီးမှာဒေါင်းယူကြဖို့အကြံပြုချင်ပါတယ်ခင်ဗျာ။ သာယာတဲ့ gaming နေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။

 

Download link – Android

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password