ArticleFeatures

2018 ခုနှစ်အတွက် Playstore ရဲ့အကောင်းဆုံး Mobile game ဂိမ်းဆုများ

2018 ရဲ့အေးချမ်းတဲ့ ဒီဇင်ဘာလထဲရောက်ပြီဆိုတော့ 2019 ကိုမျှော်ကြည့်နေရတဲ့အချိန်ကာလကိုရောက်နေပါပြီ။ ဒီဇင်ဘာလ ပိတ်ရက်တွေ၊ ခရစ်စမတ်နဲ့ new year ပွဲတွေကြောင့်အားလုံးပျော်နေကြမှာပါ ဟုတ်တယ်ဟုတ် 😉။ အခုလိုနှစ်သစ်ကူးကာနီးအချိန်မှာ Google ရဲ့ Playstore အဖွဲ့သားများကလည်း တစ်နှစ်လုံးရဲ့အကောင်းဆုံးဂိမ်းတွေကိုရွေးချယ်ပေးလိုက်ပါပြီ။ ဘယ်ဂိမ်းတွေကဘယ်လိုအကောင်းဆုံးဆုတွေရသွားလဲဆိုတာကို playon ပရိတ်သတ်ကြီးအတွက်တစ်ခုချင်းပြောပြပေးသွားပါမယ်။

Best game award ဆုပေးတဲ့နေရာမှာ Most Competitive, Most Innovative, Best Casual, Best Indie ဆိုပြီးခေါင်းစဉ်လေးခုခွဲထားပြီးခေါင်းစဉ်တစ်ခုစီတိုင်းမှာဂိမ်းငါးခုပါဝင်ပါတယ်။

1. Most Competitive games awards


ဒီဆုကယှဉ်ပြိုင်မှုအပြင်းထန်ဆုံးဂိမ်းတွေကိုပေးတာဖြစ်ပါတယ်။ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရတဲ့ဂိမ်းတွေထဲကမှ MOBA ဂိမ်းအားလုံးကိုတောက်ချခဲ့ပြီး လတ်တလော ခေတ်အစားဆုံး “PUBG Mobile” ကပထမနေရာကိုဆွတ်ခူးသွားပါတယ်။ ထူးခြားတာက နိုဝင်ဘာ 29 ကမှထွက်ထားတဲ့ “Warhammer Age of Sigmar: Relam war” ဆိုတဲ့ဂိမ်းကဒုတိယနေရာကိုရပါတယ်။ အခုမှထွက်အခုဆုရဆိုတော့ဂေါ်နေပါပြီနော် 😅 ။ နောက်ထပ် fandom တောင့်တဲ့ “Dragonball Legends” ကတတိယနေရာကိုယူထားပြီး “Asphalt 9 Legends” နဲ့ “Badland Brawl” ဆိုတဲ့ strategy ဂိမ်းလေးကစတုတ္ထနဲ့ပဉ္စမနေရာကိုအသီးသီးရယူထားပါတယ်။

 

2. Most Innovative game awards


ဆန်းသစ်ဖန်တီးမှုအကောင်းဆုံးဂိမ်းတွေကိုပေးတဲ့ဆုပါ။ ပထမနေရာကိုဒီဘက်တွေမှာလူသိပ်မသိတဲ့ “Gorogoa” ဆိုတဲ့ puzzle ဂိမ်းကရရှိပါတယ်။ နှယ်နှယ်ရရ puzzle တော့မဟုတ်ပါဘူး ဒီဂိမ်းဟာ PC ပေါ်မှာလည်းနာမည်ကြီးဂိမ်းဖြစ်ပြီး puzzle genre တစ်ခုလုံးကို evolution လုပ်ထားလို့ဆုရရှိတာဖြစ်ပါတယ်။ Shooting game တွေကိုပုံစံအသစ်တစ်မျိုးနဲ့မိတ်ဆက်ခဲ့တဲ့ “Hero Hunters” ကဆန်းသစ်မှုအကောင်းဆုံးဒုတိယဆုကိုရရှိခဲ့ပါတယ်။ PUBG အသေးစားလေး “Battlelands Royale” ကတော့တတိယဆုကိုရရှိပါတယ်။ နောက်ထပ် puzzle ဂိမ်းတစ်ခုဖြစ်တဲ့ “Umiro” ဆိုတဲ့ဂိမ်းလေးက စတုတ္ထဆုကိုရရှိပြီး final fantasy ဘိုးအေကြီး SQUARE ENIX ရဲ့ “Life is Strange” ကပဉ္စမနေရာကိုရရှိခဲ့ပါတယ်။ အထက်ပါဂိမ်းတွေကတော့ဆန်းသစ်မှုအကောင်းဆုံးဂိမ်းတွေဖြစ်ပါတယ်။

 

3. Best Casual game awards


2018 ရဲ့အကောင်းဆုံး casual game တွေကိုတော့ ရိုးရှင်းတဲ့ gameplay နဲ့ လှပတဲ့ graphic ပေါင်းစပ်ထားတဲ့ဂိမ်းလေးတွေကိုပေးထားပါတယ်။ နံပါတ်တစ်နေရာကို The Sims™ series ရဲ့နောက်ဆုံးထွက် sequel “The Sims™ Mobile” ကရရှိသွားပါတယ်။ သူ့နောက်မှာတော့ ဒုတိယနေရာကို “Orbia: Tap and Relax”, တတိယကို “Murder in the Alps”, စတုတ္ထကို “Faraway 3 : Arctic Escape” နဲ့ နောက်ဆုံးနေရာကို “Candy Crush Friends Saga” ကရရှိသွားပါတယ်။ ဒီ list ထဲကဂိမ်းအားလုံးကလှပတဲ့ graphic နဲ့ ရိုးရိုးရှင်းရှင်းဆော့ကောင်းတဲ့ gameplay ကိုပိုင်ဆိုင်ထားကြပါတယ်။

 

4. Best Indie game awards


Indie ဂိမ်းတွေထဲကမှအကောင်းဆုံးဆုကိုရရှိသွားတာကတော့ “Returner 77” ဆိုတဲ့ puzzle ဂိမ်းလေးဖြစ်ပါတယ်။ ထူးခြားတာက playstore ပေါ်ကနေ download ဆွဲသူတစ်သောင်းနဲ့ rating 4.5 ပဲရှိပေမယ့်ပထမနေရာကိုရရှိခဲ့တာဖြစ်ပါတယ်။ HBO ရဲ့နာမည်ကြီး Game of Throne ကိုဂိမ်းအဖြစ်ပုံဖော်ထားတဲ့ “Reigns: Games of Thrones” ကတော့ download ယူသူငါးသောင်း rating 4.7 နဲ့ဒုတိယနေရာရရှိခဲ့ပါတယ်။ ရေးဆွဲထားတဲ့ graphic လေးတွေကအရမ်းလှတယ်လို့နာမည်ကြီးတဲ့ “Alto’s Odyssey” ကတတိယနေရာကိုရရှိခဲ့ပြီး စတုတ္ထနဲ့ပဉ္စမကို “Cube Escape: Paradox” နဲ့ “Evoland 2” ကရရှိခဲ့ပါတယ်။

အထက်မှာဖော်ပြခဲ့တာတွေကတော့ 2018 ရဲ့ Playstore ပေါ်က ခေါင်းစဉ်အလိုက်အကောင်းဆုံးဂိမ်းဆုတွေဖြစ်ပါတယ်။ ဒါတွေအပြင် 2018 တစ်ခုလုံးရဲ့ Playstore ပေါ်မှာလုံးဝအကောင်းဆုံးဂိမ်းဆုကို အားလုံးရဲ့ PUBG Mobile ကဆွတ်ခူးရရှိသွားပါတယ်။ အဲ့ဒီလိုဆုရရှိတဲ့အတွက် Playstore American region က player တွေကို PUBG Mobile 2$ ဆီလက်ဆောင်ပေးထားပါတယ်။

Playstore ကနေတဆင့် 2$ သွားယူနိုင်ပြီး UC ဝယ်လို့ရပါတယ်။ ဒီက player တွေလည်း Vpn တွေကျော်ခွပြီးသွားယူလို့ရပါတယ် (ဒါကတော့မသိသူကျော်သွားသိသူဖော်စားပေါ့နော်)။ ဟုတ်ကဲ့ပါကျွန်တော်အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုအားလုံးကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။ ဆုရရှိတဲ့ဂိမ်းတွေထဲက playon မှာ review မလုပ်ပေးရတဲ့ဂိမ်းအချို့ကိုလည်း review လုပ်ပြီးတင်ဆက်ပေးသွားဦးမှာမို့လို့ဆက်လက်အားပေးကြဖို့တိုက်တွန်းရင်းဒီနေ့တော့ဒီလောက်နဲ့ရပ်နားခွင့်ပြုပါဦး။ သာယာတဲ့ gaming နေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password