2017 မှာ ရေပန်းစားနေတဲ့ Free-to-Play JRPG ဂိမ်းများ

ဂျပန်နိုင်ငံက ကုမ္ပဏီတွေ ရေးဆွဲထုတ်လုပ်တဲ့ RPG ဂိမ်းတွေဟာ အင်မတန်လူကြိုက်များတာကြောင့် JRPG ဆိုပြီး genre တစ်ခုအနေနဲ့ပါ သီးသီးသန့်သန့် သတ်မှတ်ကြပါတယ်။ Anime စတိုင် ဇာတ်ကောင်တွေကို ကြိုက်နှစ်သက်သူတွေကတော့ JRPG ဂိမ်းတွေကိုမှ ရွေးချယ်ဆော့ကစားလေ့ ရှိကြပါတယ်။ ဂျပန်တွေရဲ့ထုံးစံကတော့ သူတို့ဂိမ်းတွေကို ဂျပန်နိုင်ငံအတွက် ဂျပန်ဘာသာစကားနဲ့သာ ထုတ်ဝေလေ့ရှိပေမယ့် နောက်ပိုင်း ကမ္ဘာတစ်ဝန်းက ပရိသတ်တွေအတွက် English လိုဆော့လို့ရအောင် တဖြည်းဖြည်း ပြုလုပ်ပေးလာကြပါတယ်။ ဒီဆောင်းပါးမှာတော့ English ဘာသာစကားနဲ့ ဆော့ကစားလို့ရတဲ့ Free-to-Play JRPG ဂိမ်းကောင်းအချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

Final Fantasy Brave Exvius

Developer    : A-lim, gumi Inc.

Publisher     : Square Enix

Platform       : Android, iOS

JRPG လို့ပြောလိုက်ရင်တော့ Square Enix ရဲ့ Final Fantasy ဂိမ်းတွေကို ချန်လှပ်ထားခဲ့လို မရပါဘူး။ Final Fantasy ပရိသတ်တွေအတွက် မချင့်မရဲ ဖြစ်ချင်စရာကတော့ mobile platform အတွက်ထုတ်လုပ်ထားတဲ့ Final Fantasy ဂိမ်းအများစုဟာ Paid Game တွေ ဖြစ်နေတာပါပဲ။ ဒါပေမယ့် ၂၀၁၆ မှာတော့ Final Fantasy Brave Exvius ဆိုတဲ့ free-to-play ဂိမ်းကို ထုတ်ဝေခဲ့ပါတယ်။ Classic Final Fantasy ဂိမ်းတွေအတိုင်းပဲ Turn-based ဂိမ်းအမျိုးအစား ဖြစ်ပြီးတော့ combat control ပိုင်းကို mobile ပေါ်မှာ ဆော့ကစားရတာ အဆင်ပြေအောင် အနည်းငယ်ပြင်ဆင်ထားပါတယ်။ Graphic ပိုင်းကလည်း retro စတိုင် ရေးဆွဲထားတယ့်အတွက် အရင်က Final Fantasy ဂိမ်းဆော့နေရသလိုမျိုး ခံစားရမှာပါ။ ပြီးတော့ အခြား Final Fantasy ဂိမ်းတွေက ဇာတ်ကောင်တွေကို summon လုပ်ပြီး အသုံးပြုလို့ရဦးမှာ ဖြစ်ပါတယ်။ Console ပေါ်က Final Fantasy ဂိမ်းကြီးတွေလောက် နက်နက်နဲနဲမရှိပေမယ့် mobile ဂိမ်းတွေရဲ့ စံနဲ့နှိုင်းယှဉ်ပြီးပြောရရင်တော့ Final Fantasy Brave Exvius ဟာ တော်တော်ကောင်းပြီး သင့်ကို အချိန်တစ်ခုကြာအောင် ဖမ်းစားထားနိုင်မှာဖြစ်ပါတယ်။

 .          .         

 

Terra Battle

Developer    : Mistwalker

Publisher     : Mistwalker

Platform       : Android, iOS

Terra Battle ဟာ Final Fantasy ဂိမ်းတော်တော်များများကို ဦးစီးထုတ်လုပ်ခဲ့တယ့် Sakaguchi Hironobu ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ ဒီလိုနာမည်ကြီးဂိမ်းတွေမှာ ပါဝင်ခဲ့သူက ထုတ်တယ့်ဂိမ်းဆိုတော့ Terra Battle အပေါ် first impression ကတော့ တော်တော်တက်သွားကြမှာပါ။ စိတ်မပူပါနဲ့။ ဒီဂိမ်းက သင့်ကိုစိတ်မပျက်စေပါဘူး။ Terra Battle ရဲ့ အနှစ်သာရကတော့ သူ့ရဲ့ combat system ဖြစ်ပါတယ်။ Battle ကို 8×6 ဇယားကွက်ပေါ်မှာ ကစားရမှာပါ။ ဇယားကွက်ပေါ်မှာ သင့်ရဲ့ unit တွေရှိမှာဖြစ်ပြီး သင့်အလှည့်ရောက်ရင် unit တစ်ယောက်ကို ရွေးချယ်ကာ အဲဒီ unit နဲ့ အခြား unit တွေကို ပေးထားတယ့် အချိန်အတွင်းမှာ လိုက်တွန်းပေးရမှာ ဖြစ်ပါတယ်။ Unit တွေရှိတယ့် position ပေါ်လိုက်ပြီး combo တွေထွက်တာမို့ ဒီဂိမ်းမှာ သင့် unit တွေရဲ့ positioning က တိုက်ပွဲအရှုံးအနိုင်ကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ Strategy ဂိမ်းကောင်းကောင်းရှာဖွေနေသူတွေအတွက် သင့်တော်မယ့်ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .          .         

 

Sword Art Online: Memory Defrag

Developer    : Bandai Namco

Publisher     : Bandai Namco

Platform       : Android, iOS

Sword Art Online: Memory Defrag ဟာ နာမည်ကျော် Sword Art Online (SAO) ဇာတ်လမ်းကို Mobile Platform အတွက် ရေးဆွဲထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အရင်ကထွက်ရှိဖူးတဲ့ဂိမ်းတွေနဲ့ မတူဘဲ Sword Art Online ၊ ALfheim Online နဲ့ Gun Gale Online ဇာတ်လမ်း သုံးခုလုံး ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ Anime ရဲ့ဇာတ်လမ်းကို အဓိကအခြေခံထားတာဖြစ်လို့ SAO ပရိသတ်တွေအနေနဲ့ ဇာတ်လမ်းတွေကိုတော့ ကြိုသိသလို ဖြစ်နေမှာပါ။ ယခုမှ SAO နဲ့ စတင်ထိတွေ့မယ့်သူတွေအဖို့တော့ SAO Fandom ထဲဝင်ဖို့ လမ်းစကောင်းတစ်ခုဖြစ်ပါတယ်။ Combat စနစ်ကလည်း mobile device တွေပေါ်မှာ လက်တစ်ဖက်တည်းနဲ့ ဆော့ကစားလို့ရအောင် ပြုလုပ်ပေးထားတာကို တွေ့ရမှာပါ။ SAO ဇာတ်လမ်းတွဲကို စိတ်ဝင်စားသူတွေအဖို့ ဆော့သင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

 .          .         

 

One Piece Treasure Cruise

Developer    : Bandai Namco

Publisher     : Bandai Namco

Platform       : Android, iOS

Manga/Anime လောကမှာ အလွန်နာမည်ကြီးတဲ့ One Piece ဇာတ်လမ်းကို မှီငြမ်းပြီး ရေးဆွဲထားတဲ့ဂိမ်း ဖြစ်ပါတယ်။ ကစားသူတွေဟာ Monkey D. Luffy ရဲ့ ငယ်စဉ်ဘဝကနေ စတင်ဆော့ကစားရမှာဖြစ်ပြီး ဇာတ်လမ်းကိုလည်း ကျကျနန ပြောပြသွားမှာဖြစ်တဲ့အတွက် One Piece ပရိသတ်မဟုတ်သူတွေလည်း နှစ်သက်ကြမှာပါ။ Combat စနစ်က ကစားသူရဲ့ အာရုံစူးစိုက်မှုကို တောက်လျှောက်လိုအပ်အောင် လုပ်ထားတဲ့အတွက် ကစားရတာ အရသာရှိပါတယ်။ Special move တွေရဲ့ animation တွေကလည်း One Piece ထုံးစံအတိုင်း အလွန်ကြီးတွေဖြစ်အောင် လုပ်ထားတာမို့ One Piece ပရိသတ်တွေ အကြိုက်တွေ့ကြမှာပါ။ One Piece ပရိသတ်တွေအဖို့တော့ ဆော့ဖြစ်အောင် ဆော့သင့်တယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။

 .          .         

 

Tales of the Rays

Developer    : Bandai Namco

Publisher     : Bandai Namco

Platform       : Android, iOS

Tales of the Rays ဟာ Bandai Namco ရဲ့ နာမည်ကျော် Tales Series ထဲက နောက်ဆုံးထွက် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Console ပေါ်မှာသာ ဆော့ကစားလို့ရခဲ့တဲ့ Tales ဂိမ်းတွေကို နောက်ဆုံးတော့ mobile device တွေမှာ ဆော့ကစားလို့ရပါပြီ။ ‘A Console Quality Tales Game in your hand’ ဆိုပြီး ကြော်ငြာထားတဲ့ ဒီဂိမ်းကတော့ Bandai Namco ပြောတဲ့အတိုင်းဘဲ တကယ်ကို console ဂိမ်းတစ်ခု ဆော့နေရသလိုမျိုး ခံစားရစေမှာပါ။ Tales ဂိမ်းတွေရဲ့ trademark ဖြစ်တဲ့ Linear Motion Battle System ကို mobile device တွေမှာ ဆော့ကစားလို့ အဆင်ပြေအောင် ထည့်သွင်းပေးထားတဲ့အတွက် Tales Series ပရိသတ်တွေ နှစ်သက်ကြမှာပါ။ အခြား Tales ဂိမ်းတွေထဲက နာမည်ကျော် ဇာတ်ကောင်တွေလည်း ပါဝင်ကြတာမို့ character တွေ စုဆောင်းရတာ ဝါသနာပါတဲ့ Tales ပရိသတ်တွေ အကြိုက်တွေ့ကြဦးမှာပါ။ ဒီဂိမ်းဟာ Classic JRGP အရသာကို ခံစားလိုသူတိုင်း ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

 .         

 

Fire Emblem Heroes

Developer    : Nintendo

Publisher     : Nintendo

Platform       : Android, iOS

နောက်ဆုံးတော့ Nintendo ရဲ့ Fire Emblem ဂိမ်းကို mobile device တွေပေါ်မှာ ဆော့ကစားနိုင်ပြီ ဖြစ်ပါတယ်။ Mobile platform နဲ့ကိုက်ညီအောင် ဂိမ်းရဲ့ scale ကိုတော့ လျှော့ချထားပါတယ်။ Battlefield က 6×8 grid ပဲရှိမှာဖြစ်ပြီး တိုက်ပွဲအတွင်းကို Hero ၄ ယောက်သာ ခေါ်ယူသွားလို့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Fire Emblem ဂိမ်းရဲ့ အနှစ်သာရဖြစ်တဲ့ strategy တွေ စဉ်းစားရတာကိုတော့ အပြည့်အဝ ရရှိမှာပါ။ အခြား Fire Emblem ဂိမ်းတွေက Hero တွေလည်း ပါဝင်ကြတဲ့အတွက် Fire Emblem ပရိသတ်တွေ အထူးအကြိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

 .          .         

 

Granblue Fantasy

Developer    : Cygames

Publisher     : Cygames

Platform       : Android, iOS

Granblue Fantasy ဟာ Turn-Based RPG ဂိမ်းအမျိုးအစား ဖြစ်ပြီးတော့ လက်ရှိ ဂျပန်နိုင်ငံမှာ ရေပန်းအစားဆုံး ဂိမ်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး app store တွေမှာ အမြတ်အရဆုံးစာရင်းဝင် ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ အဓိက feature တစ်ခုဖြစ်တဲ့ Job class system ဟာ အစပိုင်းမှာ အနည်းငယ်ရှုပ်ထွေးနိုင်ပေမယ့် ဂိမ်းအကြောင်း အနည်းငယ်သိလာပြီဆိုရင်တော့ စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းနဲ့ အလန်းစား character တွေဟာ ဒီဂိမ်းကို ဆက်ဆော့ဖြစ်သွားအောင် ဆွဲဆောင်သွားမှာဖြစ်ပြီး Final Fantasy ဂိမ်းတွေရဲ့ music composer ဖြစ်တဲ့ Uematsu Nobuo ရဲ့လက်ရာ နောက်ခံတီးလုံးတွေက သင့်ကို စိတ်ကျေနပ်မှု အပြည့်အဝပေးမှာပါ။ Granblue Fantasy ကိုဆော့ကစားလိုသူတွေက App Store တွေမှာ ဂျပန် account ဖွင့်ပြီး ဒေါင်းယူရမှာ ဖြစ်ပါတယ်။ English ဘာသာစကားကို ဂိမ်းထဲရောက်ရင် ရွေးချယ်လို့ ရမှာပါ။ ဒီဂိမ်းကို Google Chrome browser မှာလည်း ဆော့ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။

 .          .         

 

Fate/Grand Order

Developer    : Delightworks

Publisher     : Aniplex

Platform       : Android, iOS

Type Moon ကုမ္ပဏီရဲ့ နာမည်ကျော် Visual Novel တစ်ခုဖြစ်တဲ့ Fate/stay Night ကို မှီငြမ်းပြီး ရေးဆွဲထားတဲ့ Turn-Based RPG ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Fate/grand Order ဟာ လက်ရှိမှာတော့ ဂျပန်နိုင်ငံရဲ့ အမြတ်အရဆုံးဂိမ်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကစားသူဟာ သမိုင်း ဒဏ္ဍာရီတွေထဲက နာမည်ကျော် သူရဲကောင်းတွေကို မျက်မှောက်ခေတ်ကို ဆင့်ခေါ်ပြီးတော့ သူတို့နဲ့အတူ ကမ္ဘာကြီးကို ကယ်တင်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ ဇာတ်လမ်းပိုင်းကို Fate/stay Night ရဲ့ author ဖြစ်သူ Nasu Kinoko ကိုယ်တိုင်က ကြီးကြပ်ရေးသားထားတာပါ။ ဒါ့အပြင် ပါဝင်တဲ့ character တွေကို ဂျပန်နိုင်ငံက ထိပ်တန်း Illustrator တွေ Voice Actor တွေနဲ့ ဖန်တီးထားတာမို့ အရည်အသွေးပိုင်းကတော့ ထိပ်တန်းပဲ ဖြစ်ပါတယ်။ International ပရိသတ်တွေအတွက် မကြာသေးမှီကမှ English ဘာသာစကားနဲ့ global server ဖွင့်လှစ်ပေးထားတာမို့ မိမိနှစ်သက်ရာ server မှာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

 .         

* Images are taken from their respective official websites
** Featured image is taken from the following URL:
https://www.pixiv.net/member_illust.php?mode=medium&illust_id=60752530

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password