ဒေါ်လာ ၁၅၀,၀၀၀ ပိုက်ပြီးအိမ်ပြန်သွားတဲ့ ၁၆ နှစ်သား Clash Royale World Champion

London မြို့က Copper Box Arena မှာကျင်းပခဲ့တဲ့ Clash Royale World Championship ကြီးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ပြိုင်ပွဲအပြီးမှာ အသက် ၁၆ နှစ်အရွယ် မက္ကဆီကိုနိုင်ငံသားလေးက SergioRamos က ကမ္ဘာတစ်ဝန်းက Clash Royale Master တွေကိုအနိုင်ယူကျော်ဖြတ်ပြီး ပထမဆုဖြစ်တဲ့ ဒေါ်လာ ၁၅၀,၀၀၀ ကိုသိမ်းပိုက်သွားခဲ့ပါတယ်။

ဒီ World Championship ရဲ့ Qualifier ကို နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ကစားသူပေါင်း ၂၇.၄ သန်းကပါဝင်ခဲ့ကြပြီး Qualifier အဆင့်အဆင့်ကိုဖြတ်ကျော်လာနိုင်သူတွေပဲ London မှာလာရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ တစ်ကမ္ဘာလုံးက အကောင်းဆုံးကစားသမား ၁၆ ဦးတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြတဲ့ဒီပြိုင်ပွဲဟာ လက်ရှိအချိန်မှာတော့ အကြီးကျယ်ဆုံး Mobile eSports ပြိုင်ပွဲလို့တောင်ဆိုလို့ရပါတယ်။ ဘတ်စကက်ဘောကွင်းအရွယ်ရှိတဲ့ နေရာတစ်ခုလုံးကို Clash Ryoale ထဲကမြေပုံအတိုင်းဖြစ်အောင် 3D Projection တွေနဲ့ဖန်တီးထားတာမို့ ကစားသမားတွေယှဉ်ပြိုင်နေကြတာကို 3D ရုပ်ထွက်နဲ့ကြည့်လို့ရပါတယ်။ ကွင်းပြင်ရဲ့ထိပ်တစ်ဖက်စီမှာ ဂိမ်းထဲကအတိုင်း King Tower တွေရှိပြီး ကစားသမားတွေက အဲဒီ Tower ပေါ်မှာရပ်ပြီးကစားရတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲတစ်ခုလုံးကို Caster တွေကနေဘာသာစကားပေါင်းစုံနဲ့ Stream လုပ်ခဲ့ပါသေးတယ်။

ဒီလိုကြီးကျယ်လှတဲ့ Tournament ကြီးမှာအနိုင်ရရှိခဲ့တဲ့ SergioRamos ကတော့ သူ့ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ Clan အဖွဲ့သားတွေကို သူတို့ရဲ့ support အတွက်ကျေးဇူးတင်ကြောင်းပြောကြားသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲကနေအနိုင်ရရှိခဲ့တဲ့ပိုက်ဆံတွေကိုတော့ ဘယ်နေရာမှာအသုံးချရမယ်ဆိုတာ မသိသေးပါဘူးလို့ထပ်ဆောင်းပြောကြားသွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့နောက်လာမယ့်ပြိုင်ပွဲတွေအတွက် ပြင်ဆင်ဖို့စားရိတ်ရသွားတာတော့အမှန်ပါပဲ။

Image Source: Clash Royale

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password