Black Friday Sale မှာ စျေးလျှော့ရောင်းချနေတဲ့ ဂိမ်းကောင်း ၁၂ ခု

တစ်ကမ္ဘာလုံးက Shopper တွေမျှော်လင့်စောင့်စားနေတဲ့ Black Friday Sale ကတော့ လက်ရှိအချိန်မှာ ကျင်းပနေဆဲဖြစ်ပါတယ်။ ဒီနှစ်ရဲ့ Sale မှာ Mobile Gamer တွေအတွက်ရော Deal ကောင်းကောင်းဘာတွေရှိသလဲ။ ဒီဆောင်းပါးမှာ လက်ရှိအချိန်မှာ စျေးလျှော့ရောင်းချနေတဲ့ဂိမ်းတွေထဲက Best Deal ၁၂ ခုကို စုစည်းဖော်ပြပေးထားပါတယ်။ နဂိုကတည်းကစိတ်ဝင်စားပေမယ့် စျေးကြီးလို့လက်ရှောင်နေတဲ့ဂိမ်းတွေပါဝင်ခဲ့ရင်တော့ အခုချက်ခြင်းပဲပြေးဝယ်လိုက်ပါလို့ အကြံပေးလိုက်ရပါတယ်။

Alto’s Adventure

Platform : iOS
Price : $0.99

ဒီ Snow Board လေးစီးပြီးဆော့ကစားရမယ့် Endless Runner ဂိမ်းကတော့ သူ့ Genre မှာအကောင်းဆုံးဂိမ်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Android မှာ Free ဖြစ်ပေမယ့် Appstore မှာ $2.99 ပေးရတဲ့ဒီဂိမ်းကို အခုအချိန်လေးမှာတော့ $0.99 နဲ့ရယူနိုင်မှာဖြစ်ပါတယ်။ Endless Runner ဂိမ်းတွေကိုသဘောကျတဲ့သူတွေ လက်လွတ်မခံသင့်တဲ့ Deal တစ်ခုဖြစ်ပါတယ်။

Crashlands

Platform : iOS
Price : $2.99

Mobile Platform ပေါ်ကအကောင်းဆုံး Action RPG ဂိမ်းတစ်ခုဖြစ်တဲ့ Crashlands ကို လက်ရှိအချိန်မှာ $2.99 နဲ့ ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ ပစ္စည်းတွေ Craft ပြီး ကိုယ်မသိတဲ့ဂြိုဟ်တစ်ခုပေါ်မှာ အသက်ရှင်နေနိုင်အောင် ရုန်းကန်ရမယ့်ဒီဂိမ်းဟာ Mobile ပေါ်မှာ RPG ကောင်းကောင်းကစားလိုသူတွေအတွက် Super Deal ပဲဖြစ်ပါတယ်။

Framed

Platform : Android
Price : $0.99

Comic ဆန်ဆန်ပုံလေးတွေကို နေရာလိုက်ရွှေ့ပြီးဆော့ကစားရမယ့် Puzzle ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဆုတွေ တစ်သီတစ်တန်းကြီး ဆွတ်ခူးရရှိထားတဲ့ Framed ဟာ Puzzle ဂိမ်းချစ်သူတွေအတွက် ရှယ် Deal တစ်ခုပဲဖြစ်ပါတယ်။ Hideo Kojima လိုလူမျိုးကတောင် ချီးကျူးရတဲ့ဂိမ်းတစ်ခုဆိုတော့ မကောင်းမှာပူစရာမလိုပါဘူး။

Framed 2

Platform : iOS
Price : $1.99

ပထမဂိမ်းဇာတ်လမ်းရဲ့ အရှေ့ပိုင်းကအဖြစ်အပျက်တွေကို သရုပ်ဖော်ထားတဲ့ဒီဂိမ်းဟာ Framed လိုမျိုးပဲ Comic ပုံလေးတွေကို ရွှေ့ပြီးကစားရမယ့် Puzzle ဂိမ်းတစ်ခုဖြစ်ပါတယ်။

 

Layton’s Mystery Journey

Platform : Android
Price : $6.99

ပုံမှန်ဆို $15.99 ပေးရတဲ့ နာမည်ကျော် Layton Series ထဲကဂိမ်းတစ်ခုဖြစ်တဲ့ဒီဂိမ်းကို ယခုကာလအတွင်းမှာ ထက်ဝက်မကတဲ့လျှော့စျေးနဲ့ ဝယ်ယူဆော့ကစားနိုင်မှာဖြစ်ပါတယ်။ စျေးလျှော့ထားတာတောင် တော်တော်များသေးတယ်လို့ပြောလို့ရပေမယ့် နဂိုကတည်းက ဒီဂိမ်းကိုဝယ်ယူဖို့တာစူနေတဲ့ Puzzle Adventure ချစ်သူတွေအတွက်ကတော့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။

LEGO Jurassic World

Platform : Android
Price : $0.99

ဒီဂိမ်းကတော့ အများကြီးထွေထွေထူးထူး ရှင်းပြနေစရာမလိုတဲ့ ဂိမ်းတစ်ခုပါ။ Review တွေတော်တော်ကောင်းတဲ့ဒီဂိမ်းကို $0.99 တည်းနဲ့ရမယ်ဆိုတာကတော့ Jurassic World ပရိသတ်တွေအတွက် ရှယ်အခွင့်အရေးပဲဖြစ်ပါတယ်။

Monument Valley

Platform : Android
Price : $1.29

Story ပိုင်း၊ Gameplay ပိုင်း၊ Graphic ပိုင်း ဘာမှအပြစ်ပြောစရာမရှိလောက်အောင်ကောင်းတဲ့ ဒီ Puzzle ဂိမ်းဟာ Mobile Gamer တိုင်းဆော့ကြည့်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ အရင်တုန်းကစျေးကြီးလို့ လက်ရှောင်နေခဲ့တယ်ဆိုရင် အခုအချိန်က သင့်အတွက်အခွင့်ကောင်းပဲဖြစ်ပါတယ်။

Monument Valley 2

Platform : iOS
Price : $1.99

ပထမဂိမ်းလိုပဲ လှပတဲ့ Graphic ၊ စိတ်ဝင်စားဖို့ Puzzle တွေနဲ့ဖန်တီးထားတဲ့ Monument Valley 2 ကိုရယူလိုတယ်ဆိုရင်တော့ ဒီအချိန်က အကောင်းဆုံးအခွင့်အရေးပဲဖြစ်ပါတယ်။

Prune

Platform : iOS
Price : $1.99

Apple နဲ့ TIME မဂ္ဂဇင်းတို့ရဲ့ Game of the Year ဆုကိုရရှိခဲ့တဲ့ ဒီ Puzzle ဂိမ်းမှာ သစ်ပင်လေးတွေကို ပြုစုပျိုးထောင်ပေးရမှာပဲဖြစ်ပါတယ်။

Severed

Platform : iOS
Price : $2.99

Apple ရဲ့ Game of the Year နဲ့ Design Award တွေအပါအဝင် ဆုတွေအများကြီးဆွတ်ခူးရရှိထားတဲ့ Action ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီ Genre ထဲမှာ Must Play ဆိုပြီး Recommend လုပ်ခံရတဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။

Shadow Fight 2 Special Edition

Platform : Android
Price : $0.99

Shadow Fight 3 ထွက်ရှိနေပြီဆိုပေမယ့် ဒီဂိမ်းကိုဆော့ကစားလိုသေးသူတွေအတွက် 80% Discount ချပေးနေတာပဲဖြစ်ပါတယ်။

Ticket to Ride

Platform : Android
Price : $1.99

ဒီဂိမ်းဟာ “Ticket to Ride” Board Game ကို Mobile Game အသွင်ပြောင်းထားတာပဲဖြစ်ပါတယ်။ ဒီအချိန်ဟာ ဒီဂိမ်းကိုဝယ်ယူဖို့တာစူနေတဲ့ Board Game ဝါသနာရှင်တွေအတွက် အခွင့်ကောင်းပဲဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password