Action

အိန္ဒိယတွင် PUBG ကစား၍ လူဆယ်ယောက် အဖမ်းခံရ

မကြာသေးခင်တုန်းက အိန္ဒိယနိုင်ငံမှာ PUBG ဂိမ်းကို ကစားခဲ့မိလို့ တက္ကသိုလ်ကျောင်းသား ဆယ်ယောက် အဖမ်းခံခဲ့ရပါတယ်။ PUBG ဂိမ်းဟာ အရမ်းကို နာမည်ကြီးပြီး ပေါ်ပျူလာဖြစ်တဲ့ဂိမ်းတစ်ခုပါ။ ဒါပေမယ့် သူ့ကို “အိမ်တိုင်းရဲ့ မကောင်းဆိုးဝါး” လို့တောင်အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးတစ်ယောက်က ခေါ်ဆိုသမုဒ် ထားတယ်လို့သိရပါတယ်။

တက္ကသိုလ်ကျောင်းသားဆယ်ယောက်ကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက PUBG Mobile ဆော့နေတာ လက်ပူးလက်ကြပ်မိလို့ ဖမ်းဆီးခဲ့တာပါ။ Gujarat ပြည်နယ်မှာ PUBG ဂိမ်းဟာ “အပြုအမူ၊ အမူအယာ၊ ဘာသာစကား” နဲ့ပတ်သက်ပြီး ဆိုးရွားစွာ သက်ရောက်မှုတွေရှိနေလို့ ဥပဒေထုတ်ပြီးတားမြစ်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ အခုကိစ္စမှာတော့ အဖမ်းခံရတဲ့ ကျောင်းသားတွေကို တစ်ရက်တည်းမှာပဲ အာမခံနဲ့ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Gujarat ဟာ ဆိုရင် PUBG ကို ဘန်းတဲ့ အန္ဒိယနိုင်ငံရဲ့ တစ်ခုတည်းသော ပြည်နယ်လို့ သိရပါတယ်။ PUBG ဟာ ကမ္ဘာတစ်ဝန်း အင်မတန်နာမည်ကြီးတဲ့ဂိမ်းဖြစ်ပေမယ့် ဂိမ်းကိုချည်း အလွန်အကြူးဆော့ကစားလာမှုများကြောင့် နောက်ပိုင်းမှာ ကျောင်းသားတွေရဲ့ မိဘတွေနဲ့ ဆရာတွေက သူတို့ရဲ့ ကလေးတွေရဲ့ ပညာရေးအတွက် စိုးရိမ်လာကြပါတယ်။ အဲ့ဒါကြောင့် PUBG ဂိမ်းကို တားမြစ်ပိတ်ပင်တဲ့အထိ ဖြစ်လာခဲ့ရတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကတော့ ပွဲကြမ်းကုန်ပြီနော်… မြန်မာပြည်မှာ အဲ့လိုမျိုး မဖြစ်လာဖို့ပဲ ဆုတောင်းရမယ်…XD

Source – The Verge, Technology Inquirer

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password