ဒီတစ်ပတ်ထဲ အသစ်ထွက်ရှိတဲ့ Mobile ဂိမ်း ၁၀ ခု

ဒီဆောင်းပါးမှာ ခေတ်ရေစီးကြောင်းနဲ့အမှီ ဆော့ကစားချင်တဲ့ Gamer တွေအတွက် နိုဝင်ဘာလဆန်းအတွင်းမှာ ထွက်ရှိလာတဲ့ Mobile ဂိမ်းအသစ်တွေထဲက ကောင်းနိုးရာရာ ၁၀ ခုကို စုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီတစ်ပတ်ထွက်ရှိလာတဲ့ဂိမ်းတွေက Genre စုံတာမို့ ကိုယ်နှစ်သက်ရာဂိမ်းမျိုးကို ရှာတွေ့နိုင်ကြမယ်လို့ထင်ပါတယ်။ Paid Game စိတ်မဝင်စားသူတွေလည်း Free Game ထဲက စိတ်ဝင်စားစရာကောင်းတာလေးတွေ ပါဝင်တာမို့ စိတ်မပူကြပါနဲ့လို့ ကြိုတင်အသိပေးလိုက်ပါတယ်။

Abi: A Robot’s Tale

Publisher : Lilith Games
Platform  : iOS
Price        : $2.99

အနာဂတ်ရဲ့တစ်ရက်မှာ စက်ရုပ်လေး Abi ဟာ အခြားစက်ရုပ်တစ်ရုပ်ဖြစ်တဲ့ DD နဲ့တွေ့ဆုံမိပါတယ်။ သူတို့နှစ်ယောက်ဟာ သူတို့ကိုသိမ်းဆည်းထားတဲ့ ဂိုဒေါင်ကနေ ထွက်ပြေးလွတ်မြောက်ပြီး အပြင်လောကကို ရောက်ရှိသွားကြပါတယ်။ အပြင်လဲရောက်ရော လူသူကင်းမဲ့နေတဲ့ကမ္ဘာကြီးက သူတို့နှစ်ယောက်ကိုကြိုဆိုနေပါတယ်။ လူသားတွေဘာကြောင့်ပျောက်ဆုံးသွားတယ်ဆိုတာကို Abi နဲ့ DD တို့နေရာကနေ စူးစမ်းဖော်ထုတ်ရမယ့် Puzzle ဂိမ်းလေးဖြစ်ပါတယ်။

 .         

 

Crashbots

Publisher : Appsolute Games
Platform  : Android, iOS
Price        : Free

စက်ရုပ်လေးတွေရဲ့ Ability တွေကိုအသုံးပြုပြီး လမ်းတစ်လျှောက်မှာရှိတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ရမယ့် Runner ဂိမ်းတစ်ခုဖြစ်ပါတယ်။ အတားအဆီးတွေကို Jetpack နဲ့ခုန်ကျော်ပြီးဖြစ်စေ၊ သေနတ်နဲ့ပစ်ခတ်ပြီးဖြစ်စေ၊ လျှောထိုးပြီးဖြစ်စေ ကျော်ဖြတ်လို့ရမှာဖြစ်ပါတယ်။

 .         

 

Final Fantasy Dimensions II

Publisher : Square Enix Inc
Platform  : Android, iOS
Price        : $14.99

လူသားတွေပြုလုပ်ခဲ့တဲ့ အမှားတွေကြောင့် Magic ကြီးစိုးတဲ့ Civilization တစ်ခုလုံးပျက်သုန်းသွားခဲ့ပါတယ်။ အခုမှာတော့ ကမ္ဘာကြီးဟာ Ajima နဲ့ Westa ဆိုပြီးနှစ်ခြမ်းကွဲကာ ပဋိပက္ခတွေဖြစ်ပွားနေပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်လေး Morrow ဟာ အဲဒီလိုခေတ်ကြီးထဲမှာ ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ စွန့်စားခန်းပုံပြင်တွေကို ကြိုက်နှစ်သက်တဲ့ Morrow ဟာ တစ်ရက်မှာတော့ အနာဂတ်ကလာတဲ့ Aemo ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံပြီး သူကြိုက်နှစ်သက်တဲ့စွန့်စားခန်းပုံပြင်တွေကို လက်တွေ့အကောင်အထည်ဖော်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ Final Fantasy Dimensions II ဟာ Morrow နဲ့ Aemo တို့နဲ့အတူ အတိတ်နဲ့ အနာဂတ်ကာလတွေကို စွန့်စားခရီးသွားရင်း ကမ္ဘာကြီးကိုကယ်တင်ဖို့ကြိုးစားရမယ့် RPG ဂိမ်းတစ်ခုဖြစ်ပါတယ်။

 .          .         

 

jodeo

Publisher : gamebra.in
Platform  : iOS
Price        : $1.99

Jodeo ဟာ 2D Jelly Critter တစ်ကောင်ပါ။ သူဟာ နောက်တစ်ဆင့်မြင့်တဲ့ 3 Dimeneions လောကကြီးက ဘယ်လိုလဲဆိုတာကို သိချင်နေပါတယ်။ ဒီဂိမ်းမှာ Jodeo နဲ့အတူ 2D နဲ့ 3D အရာဝတ္ထုတွေ ဘယ်လိုထိတွေ့ကြမယ်ဆိုတာကို အဖြေရှာရမှာဖြစ်ပါတယ်။

 .          .         

 

KISS Rock City

Publisher : Sproing
Platform  : Android, iOS
Price        : Free

လူတိုင်းက Rock Star ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် ဒီလမ်းခရီးက ဆူးကြမ်းတွေနဲ့အပြည့်ပါ။ ငွေမလုံလောက်တဲ့ပြဿနာအပြင် သင့် Band အဖွဲ့သားတွေနဲ့ မကြာခဏ စကားများရပါတယ်။ ဒီလိုနဲ့ အရှုံးပေးလုဆဲဆဲမှာ နာမည်ကျော် KISS အဖွဲ့သားတွေနဲ့ တွေ့ဆုံမိပြီး ဘဝက တစ်ဆစ်ချိုးပြောင်းလဲသွားပါတယ်။ ‘KISS Rock City’ ဟာ KISS အဖွဲ့ရဲ့ သီချင်းတွေကို လိုက်လံတီးခတ်ရင်း နာမည်ကျော် Rock Star တစ်ယောက်ဖြစ်လာအောင် ကြိုးစားရမယ့် Rhythm Game တစ်ခုဖြစ်ပါတယ်။

 .          .         

 

Million Onion Hotel

Publisher : Onion Games
Platform  : Android, iOS
Price        : $3.99

Million Onion Hotel ဟာ အကြောင်းအရာမျိုးစုံပါဝင်တဲ့ Action Puzzle ဂိမ်းတစ်ခုဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ဇာတ်လမ်း၊ နားထောင်လိုက်တာနဲ့ စိတ်ပေါ့ပါးသွားစေမယ့် BGM၊ ခပ်လန်းလန်း Pixel Art တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီဂိမ်းဟာ သမားရိုးကျဂိမ်းတွေထဲက ကွဲထွက်နေတဲ့ဂိမ်းမျိုးကိုမှ နှစ်သက်တတ်သူတွေအတွက်ဖြစ်မှာပါ။

 .          .         

 

PES Card Collection

Publisher : Konami
Platform  : Android, iOS
Price        : Free

ဒီဂိမ်းမှာ ကမ္ဘာတစ်ဝန်းက နာမည်ကျော် ဘောလုံးသမားတွေကိုစုဆောင်းပြီး Ultimate Team တစ်ခုတည်ထောင်ရမှာဖြစ်ပါတယ်။ သင့်အသင်းကြမ်းသထက်ကြမ်းလာအောင် ကစားသမားတွေကို လေ့ကျင့်ပေးလို့ရမှာဖြစ်ပါတယ်။ Mobile ပရိသတ်တွေအတွက်ဦးတည်ထားတဲ့ဒီဂိမ်းမှာ ကစားပွဲတွေကို ကိုယ်တိုင်ကန်စရာမလိုပဲ သူ့အလိုအလျှောက်ကန်တာကို ထိုင်ကြည့်ရုံပဲဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဂိမ်းအကြောင်းအသေးစိတ်ကို ဒီနေရာ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

 .          .         

 

Runic Rampage

Publisher : Crescent Moon Games
Platform  : Android, iOS
Price        : $3.99

PC ပေါ်က Diablo ဆန်ဆန် Hack and Slash ဂိမ်းတစ်ခုဖြစ်ပါတယ်။ Spell တွေ Combo တွေကိုလေ့လာပြီး Dungeon တွေထဲက ရန်သူတွေကို လိုက်ချရမယ့်ဂိမ်းတစ်ခုဖြစ်ပါတယ်။

 .         

 

Sonic Forces: Speed Battle

Publisher : SEGA
Platform  : iOS
Price        : Free

နာမည်ကြီး ‘Sonic The Hedgehog’ Franchise ရဲ့ နောက်ဆုံး Entry တစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းမှာ Franchise ထဲက နာမည်ကြီး Character တွေဖြစ်ကြတဲ့ Sonic ၊ Amy ၊ Tails ၊ Knuckles ၊ Shadow တို့အပါအဝင် အခြား Character များစွာကို အသုံးပြုပြီး ဆော့ကစားလို့ရမှာဖြစ်ပါတယ်။ Online Multiplayer အနေနဲ့ ကမ္ဘာတစ်ဝန်းက အခြားကစားသူတွေနဲ့ Real Time ယှဉ်ပြိုင်ဆော့ကစားရမယ့် Racing ဂိမ်းတစ်ခုဖြစ်ပါတယ်။

 .          .         

 

The Muscle Hustle

Publisher : Foxglove Studios
Platform  : Android, iOS
Price        : Free

ဘိလိယက်ထိုးတာလို၊ ဇယ်တောက်တာလို Gameplay နဲ့ လက်ဝှေ့တို့ကိုပေါင်းစပ်ထားတဲ့ အသွင်အဆန်းနဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ လက်ဝှေ့ကွင်းထဲက ကစားသမားတွေကို ကိုယ်စားပြုတဲ့ အဝိုင်းပြားလေးတွေကို ရန်သူတွေဆီပစ်လွှတ်ပြီး ချရမှာဖြစ်ပါတယ်။ လက်ဝှေ့သမားတိုင်းမှာ ကိုယ်ပိုင် Move တွေရှိကြတာမို့ အဲဒါတွေကို နည်းဗျူဟာကျကျထုတ်သုံးနိုင်အောင်ကြိုးစားပြီး ကစားရမှာဖြစ်ပါတယ်။

 .          .         

Tags:

1 Comment
  1. Zwe Maw November 7, 2017 at 6:07 pm

    ကျေးဇူးပါပဲ

Leave a reply

Register New Account
Reset Password