News

Action (RPG) ဂိမ်းအမျိုးအစားဖြင့် အသစ်ရောက်ရှိလာမယ့် Devil May Cry: Pinnacle of Combat

နှစ်သစ် အချိန်အခါနဲ့ အတူ Mobile player များအတွက် သတင်းကောင်းတစ်ရပ်ကတော့ ရောက်ရှိလို့ လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ အကြောင်းကတော့ Yunchang Game လို့အမည်ရတဲ့ တရုတ်ဂိမ်းထုတ်လုပ်မှုတစ်ခုကတော့ သူတို့ရဲ့ ထွက်ရှိပြီးသားဖြစ်တဲ့ Devil May Cry ဂိမ်းကို နည်းစနစ်အဆင့်မြင့်ပြီး ဂိမ်းလောကမှာ နာမည်ကြီး ထုတ်လုပ်မှုတစ်ခုအဖြစ်ရပ်တည်နေတဲ့ Capcom နဲ့ သဘောတူညီမှုတွေ ရယူကာ မကြာမှီ အချိန်အတွင်းမှာ google play store နဲ့ app store ပေါ်မှာ မြင်တွေ့ရတော့မှာဖြစ်နေပါတယ်။

စျေးကွက်ထဲကို ရောက်ရှိလာမယ့် ဂိမ်းအမည်ကိုတော့ Devil May Cry: Pinnacle of Combat လို့သိရှိရပြီး Online mode ပုံစံနဲ့အတူ team battles သာမက player verses player matchups mode များပါဝင်မှာဖြစ်နေတဲ့အတွက် MMO ဂိမ်းများကို သဘောကျသူတို့အဖို့ကတော့ ဝမ်းသာစရာ သတင်းကောင်းပေါ့ဗျာ။

ဒို့ပေမဲ့ ထွက်ရှိမယ့်ရက်ကိုတော့ တရားဝင် ထုတ်ပြန်ထားမှုမရှိသေးဘဲ ၂၀၁၈ ခုနှစ်အတွင်းမှာ ထွက်ရှိမှာလို့ဘဲ ဆိုထားပါသေးတယ်။ ထို့ထက်သာမက Language ပိုင်းကိုလည်း English အနေနဲ့ ပြုလုပ်မှာ ဖြစ်တဲ့အကြောင်းလည်း ထပ်ဆင့် ပြောကြားထားပါတယ်။ Ps4, Xbox နဲ့ PC ပေါ်မှာရောက်ရှိပြီးသားဖြစ်တဲ့ Devil May Cry ကတော့ Mobile player များအနေနဲ့ အထိအတွေ့ရှိမှာ မဟုတ်ပေမယ့် မုတ်ချ ပြောနိုင်တာကတော့ ကျွန်တော်တို့ တော်တော်များများစိတ်ပူတတ်တဲ့ ဂိမ်းတစ်ခုရဲ့ Graphic ပိုင်းမှာကတော့ ဆရာတစ်ဆူအဖြစ်အကောင်းဆုံး မြင်တွေ့ရမှာဘဲဖြစ်ပါတယ်။

ထွက်ရှိလာမယ့် Platform ကတော့ Android နဲ့ IOS နှစ်ခု စလုံးမှာ ဖြစ်တဲ့အတွက် MMO ဂိမ်းတွေကို သဘောကျနှစ်သက်တဲ့ မိတ်ဆွေများအတွက် Pre-register လုပ်နိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်းတစ်ရပ်အဖြစ် တင်ဆက် ဖော်ပြပေးလိုက်ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: