ActionArticle

2019 April Fool ဟာသဗီဒီယိုများ (Gamerများ အတွက်သာ)

ဘော်ဒါတို့ရေ …တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ကျီစယ်လို့ကောင်းတဲ့ April fools ကြီးလည်း ပြီးသွားပြီနော်။ April Fools နေ့တုန်းက အချင်းချင်း လိုက်နောက်နေရတာရော မောသွားကြီလား။ မောသွားရင် အခု memory လေး ပြန်ဖော်ပြီး ဟားကြတာပေါ့နော်။ အင်မင်တို့က ဂိမ်း အကြောင်း စိတ်ဝင်စားသူတွေဆိုတော့ April Fools တုန်းက နာမည်ကြီးleague streamer တွေကို ပယ်ပယ်နယ်နယ် မျက်နှာပြောင်ခဲ့တဲ့ Riot Games အကြောင်း ပြောပြပေးပါမယ်။

ဧပြီလ ၁ရက်နေ့တုန်းက Riot Games က နာမည်ကြီး Twitch streamer တွေကို အရူးလုပ်ခဲ့ပါတယ်။
အဲ့ဒီနေ့က Riot Games အတွက် တော်တော်လေး အလုပ်များခဲ့တဲ့ April Fools Day ဖြစ်ခဲ့ပုံပါပဲ။ သူ မအားမလပ်ဖြစ်ရတဲ့ အကြောင်းက ဂိမ်းပုံစံ ဒီဇိုင်း အသစ်တွေ၊ skin အသစ်တွေချပေး ခဲ့တာကြောင့်ရယ်လို့တော့မဟုတ်ပါဘူး။ ပရိသတ်တွေနဲ့ ပေါင်းကြံပြီး နာမည်ကြီး LOL streamer တွေကို ကျီစယ်နောက်ပြောင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

Broadcaster တွေ အများစုကတော့ အမြဲတမ်း April Fools day ဆိုတာကို မေ့နေတတ်ကြပါတယ်။အဲ့အချက်ကပဲ သူတို့ကို စလို့နောက်လို့ကောင်းနေတာပါ။ အနောက်ခံရတဲ့ သူတွေကတော့ Riot က နာမည်ကြီး streamer တွေဖြစ်ကြတဲ့ Albert”Boxbox” Zheng ၊ Michael “imaqtpie” Santana ၊ Tyler “Tyler1” နဲ့ Ashkam”TF Blade”Homayouni တို့ပဲဖြစ်ပါတယ်။

Riot ရဲ့ prank video လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

တကယ်ကို မလွယ်ပါလားနော် Riot ရယ်…သိပ်နောက်တာပဲ…XDXDXD

နောက်ထပ်လည်း ကစားသမားတွေကို အရူးလုပ်ထားတဲ့ ဗီဒီယိုတွေ ရှိပါသေးတယ်။ သူတို့ကို အောက်မှာ ကြည့်လိုက်ပါဦး။

Payday Battle Royale


World of Tanks Classic

Platinum finally publishes their own game

Hearts of Iron IV presents…too many sharks


Source – Dotesports , Criticalhit

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password